
ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန် သမ္မတ ထရမ့်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် အောင်မြင်စွာ သွားရောက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် တရုတ်-အမေရိကန် ဆက်ဆံရေး၊ ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးပါသော ကိစ္စရပ်များနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်သဘောထားချင်း ဖလှယ်ခဲ့ပြီး “လေးစားမှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုအပေါ် အခြေခံသည့် အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” အတူတကွ တည်ဆောက်ခြင်း စသည့် အရေးကြီးသော သဘောတူညီချက်များစွာကို ရရှိခဲ့ကြောင်း၊ နှစ်ဖက်လုံးက အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးနှင့် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တို့ကို အောင်မြင်စွာ ကျင်းပနိုင်ရန် အပြန်အလှန် ပံ့ပိုးကူညီရန် သဘောတူခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့အတူ အတူတကွ ကြိုးပမ်းကာ နှစ်နိုင်ငံ ခေါင်းဆောင်တို့ရဲ့ အရေးကြီး သဘောတူညီချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်ကောင်းမွန်ကာ စဉ်ဆက်မပြတ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီ မြှင့်တင်ဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
外交部:中方愿同美方共同落实好两国元首重要共识
新华社北京9月28日电(记者曹嘉玥、吴梦桐)外交部发言人郭嘉昆28日在例行记者会上说,9月23日至25日,应美国总统特朗普邀请,国家主席习近平成功对美国进行国事访问。两国元首就事关中美关系以及世界和平与发展的重大问题深入交换意见,就共同构建“基于尊重、公平、对等的中美建设性战略稳定关系”等达成一系列重要共识。双方同意相互支持对方办好亚太经合组织(APEC)领导人非正式会议和二十国集团(G20)领导人峰会。
“中方愿同美方共同努力,落实好两国元首重要共识,推动中美关系稳定、健康、可持续发展。”郭嘉昆说。(完)
English Caption: Chinese President Xi Jinping holds small-group exchanges with U.S. President Donald Trump in the Oval Office after a welcome ceremony at the White House in Washington, D.C., the United States, Sept. 24, 2026. (Xinhua/Xie Huanchi)








