တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ တာ့ဖန်းခရိုင်၏ “ကမ္ဘာမြေကြီး၏ လက်ဗွေရာ” တေးဂီတပွဲတော်သို့ လာရောက်ကြည့်ရှုသူများအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ တာ့ဖန်းခရိုင်၏ “ကမ္ဘာမြေကြီး၏ လက်ဗွေရာ” တေးဂီတပွဲတော်သို့ လာရောက်ကြည့်ရှုသူများအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာ့ဖန်း (ကွေ့ကျိုး)၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ပိကျယ်မြို့ တာ့ဖန်းခရိုင်ရှိ စဲရှန်းရှေးဟောင်းမြို့ “ကမ္ဘာမြေကြီး၏ လက်ဗွေရာ” တေးဂီတပွဲတော်သည် အမျိုးသားနေ့ အထူးဖျော်ဖြေတင်ဆက်ပွဲကို အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ကျင်းပခဲ့ရာ ဒေသအသီးသီးမှ ခရီးသွားဧည့်သည်များက ယင်းထူးခြားသည့် တေးဂီတပွဲတော်ကြီးကို လာရောက် ခံစားကြည့်ရှုရန် ဆွဲဆောင်ခဲ့သည်။ အမျိုးသားနေ့ အထူးဖျော်ဖြေတင်ဆက်မှု ဒုတိယပွဲစဉ်ကို အောက်တိုဘာ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။

စဲရှန်းရှေးဟောင်းမြို့သည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်အရ ရွှေ့ပြောင်းနေထိုင်မှုအတွက် နေရာချထားပေးသည့် နေရာတစ်ခု ဖြစ်သည်။ စဲရှန်းရှေးဟောင်းမြို့၏ စီးပွားရေးကို အသက်သွင်းရန်နှင့် ရွှေ့ပြောင်းပြည်သူများ ဝင်ငွေကို တိုးမြှင့်ရန်အတွက် ၂၀၂၂ ခုနှစ်မှစ၍ ဒေသတွင်း၌ “စဲရှန်း ကျေးလက်ဈေးပွဲတော်”၊ “အနီရောင်သီချင်း ဖျော်ဖြေပွဲ”၊ “မီးရှူးတိုင်ပွဲတော်” စသည့် လှုပ်ရှားမှုများကို ဆက်တိုက် ကျင်းပခဲ့သည်။

ယခုနှစ် ဩဂုတ်လတွင် တာ့ဖန်းခရိုင်က “ကမ္ဘာမြေကြီး၏ လက်ဗွေရာ” တေးဂီတပွဲတော် ကျင်းပခဲ့ချိန်မှစ၍ ခရီးသွားဧည့်သည်ဦးရေမှာ သိသိသာသာ တိုးတက်လာပြီး အနီးဝန်းကျင်ဒေသများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလျက်ရှိသည်။ (Xinhua)

......................................

(Chinese Version)

贵州“大地指纹”音乐会举行国庆专场演出

新华社照片,大方(贵州),2026年10月2日

10月1日晚,贵州省毕节市大方县奢香古镇“大地指纹”音乐会举行国庆专场演出,吸引各地游客来到现场,感受这场别具特色的音乐盛宴。第二场国庆专场演出将于10月5日举行。 奢香古镇是一个易地扶贫搬迁安置点,为激活奢香古镇经济、增加搬迁群众收入,2022年以来,当地先后举办“奢香村市”“红歌展演”“火把节”等活动。今年8月大方县举办“大地指纹”音乐会以来,游客量明显增长,拉动周边经济发展。

图说1:10月1日,人们在贵州省大方县参加“大地指纹”音乐会(无人机照片)。 新华社记者 杨文斌 摄

图说2:10月1日,人们在贵州省大方县“大地指纹”音乐会现场观看演出(无人机照片)。新华社记者 杨文斌 摄