
ပေကျင်း၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၁ ရက်၊ တရုတ်အမျိုးသာနေ့၊ တရုတ်နိုင်ငံ ပေကျင်းမြို့။
ထျန်းအန်းမန်ရင်ပြင်၊ ရှေးဟောင်းနန်းတော်၊ ပေဟိုင်ဥယျာဉ်၊ ပေကျင်းရထားဘူတာကြီး၊ ချွမ်ကျွီတယ် ဟယ်ဖိန်မန်ဆိုင် စသည့်နေရာများတွင် သတင်းထောက်များက ပွဲတော် မြင်ကွင်းများကို ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ခဲ့ကြသည်။ ကင်မရာ ရှတ္တာ (shutter) သည် သမိုင်းကို ဖြတ်သန်းသွားခဲ့ပြီး ကျွန်တော်တို့သည် ဆင်ဟွာသတင်းဌာနက သိမ်းဆည်းထားသော သမိုင်းဝင် မော်ကွန်းတိုက် ရုပ်ပုံများကို ရှာဖွေခဲ့ကာ ယနေ့ခေတ် လက်တွေ့မြင်ကွင်းမှ ရိုက်ကူးချက်များနှင့် နှိုင်းယှဉ်ခဲ့ကြသည်။
ဓာတ်ပုံဟောင်းများတွင် ရှေးအခါက မြို့တော်၏ ရှုခင်း အမှတ်အသားများမှာ ယခုတိုင် ကျန်ရှိနေဆဲဖြစ်ပြီး ယခုအခါ ပေကျင်းမြို့တော်၏ မြို့ပြအသွင်အပြင်မှာ သစ်လွင် ပြောင်းလဲလာကာ အသက်ဝင်လှုပ်ရှားမှုနှင့် တက်ကြွမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။ ဤကာလများစွာ ဖြတ်သန်းလာသည့် အခိုက်အတန့်များသည် အတိတ်ကို ပြန်လည်ကြည့်ရှုခြင်း၊ မှတ်တမ်းတင်ခြင်းတို့ ပါဝင်ပြီး ပေကျင်းမြို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြောင်းအလဲများကို မှတ်တမ်းတင်ဖော်ပြလျက်ရှိသည်။ (Xinhua)
............................
(Chinese Version)
快门穿越历史 国庆品读北京
新华社照片,北京,2026年10月1日
10月1日,国庆,北京。 记者们在天安门广场、故宫、北海公园、北京火车站、全聚德和平门店等地,拍摄记录下节日的画面。 快门穿越历史,我们查找新华社保存的历史档案影像,对比今日实景镜头。老照片里旧时的城市风貌印记犹存,如今的北京城市面貌焕然一新,充满生机与活力。 这些跨越岁月的瞬间,回望过去,定格当下,记录着北京的发展与变迁。 新华社发
图说1:拼版照片:上图为北京复兴路上的建筑群(1981年发,新华社记者 潘德润 摄);下图为2026年10月1日在北京宣武门拍摄的北京城市天际线(新华社记者 胡晓梦 摄)。
图说2:拼版照片:上图为1987年5月1日,辽宁省丹东汽车制造厂23对新婚夫妇在北京天安门广场拍照留念(新华社记者 郑书福 摄);下图为2026年10月1日,三名来自湖南的游客在北京天安门广场跳起留影(新华社记者 殷刚 摄)。








