တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရေအောက်စက်ရုပ်အင်ဂျင်နီယာ သုတေသနစင်တာတွင် သုတေသနပညာရှင်များက ရေအောက်စက်ရုပ်ကို စမ်းသပ်ချိန်ညှိနေကြသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရေအောက်စက်ရုပ်အင်ဂျင်နီယာ သုတေသနစင်တာတွင် သုတေသနပညာရှင်များက ရေအောက်စက်ရုပ်ကို စမ်းသပ်ချိန်ညှိနေကြသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာ့လျန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရေအောက်စက်ရုပ်အင်ဂျင်နီယာ သုတေသနစင်တာသည် တာ့လျန် ရေကြောင်းတက္ကသိုလ်တွင် တည်ရှိပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

မိတ်ဆက်ပြောကြားချက်အရ အဆိုပါစင်တာသည် ရေငန်သတ္တဝါမွေးမြူထိန်းသိမ်းရေးနှင့် ပင်လယ်သမုဒ္ဒရာ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော တရုတ်နိုင်ငံ၏ အဓိကကျသည့် လိုအပ်ချက်များကို မျက်နှာမူကာ ပင်လယ်စာ ဖမ်းဆီးရေး၊ ပင်လယ်ကြမ်းပြင် ဂေဟစနစ် ပတ်ဝန်းကျင် စူးစမ်းရှာဖွေရေးစသည့် နယ်ပယ်များကို အဓိကထား လုပ်ဆောင်လျက်ရှိသည်။ ၎င်းစင်တာအနေဖြင့် နိုင်ငံတော်အဆင့် စီမံကိန်း ၄၀ ကျော်ကို တာဝန်ယူဆောင်ရွက်ခဲ့ပြီးဖြစ်ကာ ရေအောက်စက်ရုပ် ထုတ်ကုန်မျိုးဆက် ၁၀ ကျော်ကို ကိုယ်ပိုင်သုတေသနပြု ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် သုတေသနတွေ့ရှိချက် အများအပြားကို ပင်လယ်စာ ဖမ်းဆီးခြင်း၊ ပင်လယ်ရေအောက် ကေဘယ်ကြိုးများ စစ်ဆေးခြင်း၊ ပင်လယ်ရေပြင်လုပ်ငန်းပလက်ဖောင်းများ ဖျက်သိမ်းရှင်းလင်းခြင်းနှင့် ပင်လယ်ရေကြောင်း ပတ်ဝန်းကျင် ရှာဖွေစူးစမ်းခြင်း စသည့်နယ်ပယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချလျက်ရှိရာ တရုတ်နိုင်ငံ၏ ပင်လယ်ရေငန်သတ္တဝါ မွေးမြူရေးခြံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေကြောင်းဆိုင်ရာ အင်အားကြီးနိုင်ငံ တည်ဆောက်ရေးတို့အတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များကို ပံ့ပိုးပေးလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရေအောက်စက်ရုပ်အင်ဂျင်နီယာ သုတေသနစင်တာအတွင်း ရိုက်ကူးထားသော ရေအောက်စက်ရုပ် သယ်ဆောင်သည့် မောင်းသူမဲ့ရေယာဉ်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ရေအောက်စက်ရုပ်အင်ဂျင်နီယာ သုတေသနစင်တာအတွင်း ရိုက်ကူးထားသော ရေအောက်စက်ရုပ် သယ်ဆောင်သည့် မောင်းသူမဲ့ရေယာဉ်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(Chinese Version)

探访辽宁省水下机器人工程研究中心

辽宁省水下机器人工程研究中心位于大连海事大学,于2020年11月份正式成立。

据介绍,该中心面向海洋牧场、海洋资源开发等重大国家需求,聚焦海产品捕捞、海底生态环境探测等领域。中心承担国家级项目40余项,已自主研发10余代水下机器人产品,多项研究成果已在海产品捕捞、海底电缆巡检、海上作业平台拆除、海洋环境勘探等领域获得广泛应用,为我国海洋牧场开发、海洋强国建设提供技术支撑。

图说 1 :9月30日,科研人员在辽宁省水下机器人工程研究中心对水下机器人进行调试。新华社记者 潘昱龙 摄

图说 2 :这是在辽宁省水下机器人工程研究中心内拍摄的携带水下机器人的无人艇(9月30日摄)。新华社记者 潘昱龙 摄