
ဆားဘီးယားသမ္မတ ဗူဆစ် ရာထူးမှ နုတ်ထွက်စာတင်သွင်း
ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူဆစ်က ၎င်းအနေဖြင့် ရာထူးမှ နုတ်ထွက်စာကို ည ၈ နာရီခန့်၌ တရားဝင်တင်သွင်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ဆားဘီးယား ရုပ်မြင်သံကြား (RTS) နှင့် ပြုလုပ်သည့် အင်တာဗျူးအတွင်း ပြောကြားခဲ့သည်။
ဗူဆစ်သည် စက်တင်ဘာ ၂၇ ရက်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ နုတ်ထွက်စာတင်သွင်းပြီး သမ္မတရာထူးမှ နုတ်ထွက်မည်ဟု မျှော်မှန်းထားသည်။
သမ္မတရာထူးမှ နုတ်ထွက်ပြီးနောက် အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပမည့် ကြားဖြတ် လွှတ်တော်ရွေးကောက်ပွဲ၌ သာမန်နိုင်ငံသားတစ်ဦးအနေဖြင့် ပါဝင်မည်ဟု ဗူဆစ်က ပြောကြားခဲ့သည်။
အီရန် IRGC က ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်၏ ဒုတိယမြောက် မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်တစ်စင်းကို ဖမ်းဆီးရမိကြောင်း ပြော
အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်က ၎င်းတို့တပ်ဖွဲ့များအနေဖြင့် အမေရိကန်စစ်တပ်ပိုင် နောက်ထပ် “အဆင့်မြင့် စမတ်” မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်တစ်စင်းကို ဟော်မုဇ်ရေလက်ကြားတွင် ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။
ဟော်မုဇ်ရေလက်ကြားတွင် “သူလျှိုလုပ်ငန်းများ” လုပ်ဆောင်နေသော အဆိုပါ မောင်းသူမဲ့ ရေငုပ်သင်္ဘောငယ်ကို ထောက်လှမ်းရေးအားသာမှုနှင့် အီလက်ထရောနစ်စစ်ဆင်ရေးများကို ချိတ်ဆက်အသုံးပြုပြီး ရှုပ်ထွေးသည့် စစ်ဆင်ရေးတစ်ရပ်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေတပ်က IRGC ၏ တရားဝင်သတင်းဌာနဖြစ်သော Sepah News တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ပြောကြားခဲ့သည်။
၄၈ ကြိမ်မြောက် ကမ္ဘာ့စွမ်းရည်ပြိုင်ပွဲတွင် တရုတ်နိုင်ငံက ရွှေတံဆိပ်အများဆုံးဖြင့် ထိပ်ဆုံးနေရာ ဆက်လက်ထိန်းထား
ရှန်ဟိုင်းမြို့တွင် စက်တင်ဘာ ၂၇ ရက် ညပိုင်း၌ ကျင်းပပြီးစီးခဲ့သည့် ၄၈ ကြိမ်မြောက် ကမ္ဘာ့စွမ်းရည်ပြိုင်ပွဲတွင် တရုတ်နိုင်ငံက ရွှေတံဆိပ်စာရင်း၏ ထိပ်ဆုံးနေရာကို ရရှိခဲ့ရာ ယင်းမှာ ကမ္ဘာ့စွမ်းရည်ပြိုင်ပွဲတွင် တရုတ်နိုင်ငံက ၅ ကြိမ်ဆက်တိုက် ထိပ်ဆုံးနေရာ ရရှိခဲ့ခြင်းဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ရှန်ဟိုင်း မြူနီစီပယ်ကော်မတီ အတွင်းရေးမှူး ချန်ကျီနင်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင် ရှန့်ရီချင် တို့ ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
တရုတ်နိုင်ငံမှ ပန်ဒါအကြီးနှစ်ကောင် အမေရိကန်နိုင်ငံ အတ္တလန်တာမြို့သို့ ရောက်ရှိ
တရုတ်နိုင်ငံမှ ပန်ဒါအကြီးနှစ်ကောင်ဖြစ်သည့် ဖိန်ဖိန်နှင့် ဖူစွမ်းတို့ကို သယ်ဆောင်လာသော FedEx စင်းလုံးငှားလေယာဉ်သည် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ အတ္တလန်တာမြို့သို့ ဆိုက်ရောက်ခဲ့သည်။
ထို့နောက် ပန်ဒါနှစ်ကောင်သည် အတ္တလန်တာတိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိခဲ့ပြီး ပုံမှန် သီးခြားစောင့်ကြည့်သည့် ကာလအဖြစ် အတ္တလန်တာတိရစ္ဆာန်ဥယျာဉ်၏ ပန်ဒါကြီးနေရာအသစ် ဇီဝလုံခြုံရေးဧရိယာတွင် တစ်လခန့်ကြာအောင် ထားရှိမည်ဖြစ်ကြောင်း အတ္တလန်တာ တိရစ္ဆာန်ဥယျာဉ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
………..
(English Version)
Daily World Briefing, Sept. 28
Serbian President Vucic to submit resignation
Serbian President Aleksandar Vucic said on Sunday that he would formally submit his resignation at around 8 p.m. (1800 GMT), during an interview with Radio Television of Serbia.
Vucic is expected to submit his resignation to the speaker of the National Assembly on Sunday, stepping down as president.
Vucic has said that, after stepping down as president, he would take part in the snap parliamentary election scheduled on Oct. 25 as an ordinary citizen.
Iran's IRGC says captured 2nd U.S. unmanned submersible in Hormuz Strait
The navy of Iran's Islamic Revolution Guard Corps (IRGC) announced on Sunday that its forces have captured another "advanced smart" unmanned submarine belonging to the U.S. Army in the Strait of Hormuz.
Making the announcement in a statement on the IRGC's official news outlet Sepah News, the navy said the autonomous underwater vehicle (AUV), which was carrying out "espionage" activities in the Strait of Hormuz, was captured in a "coordinated and complex operation with intelligence dominance and electronic warfare."
China retains top spot in gold medal tally at 48th WorldSkills Competition
China topped the gold medal tally at the 48th WorldSkills Competition as the event concluded in Shanghai on Sunday night, marking the fifth consecutive edition in which the country has taken the top spot.
Chen Jining, a member of the Political Bureau of the Communist Party of China (CPC) Central Committee and secretary of the CPC Shanghai Municipal Committee, and Chinese State Councilor Shen Yiqin attended the closing ceremony.
Pair of Chinese giant pandas arrives in U.S. city Atlanta
A chartered FedEx cargo plane carrying a pair of Chinese giant pandas, Ping Ping and Fu Shuang, landed in Atlanta in the southeastern United States on Sunday morning.
The pair then arrived at Zoo Atlanta and will be housed in a biosecure area of Zoo Atlanta's new giant panda complex for a routine quarantine period of around a month, according to a release by Zoo Atlanta.






