
တီဟီရန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
အီရန်သည် အမေရိကန်နှင့် စစ်ပွဲ ပြန်လည်စတင်ရန် အသင့်ပြင်ထားကြောင်း၊ သို့သော်လည်း သံတမန်ရေးရာ လမ်းကြောင်းကို မစွန့်လွှတ်သေးကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက ပြောကြားခဲ့သည်ဟု အီရန် Mehr သတင်းဌာနက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
အာရက်ဂ်ချီက ထိုနေ့တွင် အမေရိကန် NBC ၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် “စစ်ပွဲ ပြန်စဖို့ ကျွန်တော်တို့ အပြည့်အဝ အသင့်ပြင်ထားပြီးပါပြီ” ဟု ဆိုပြီး တစ်ချိန်တည်းတွင် “သံတမန်ရေးရာ ထိတွေ့မှုအတွက်လည်း ကျွန်တော် အချိန်မရွေး အသင့်ပြင်ထားတယ်”၊ “ဒါက အမေရိကန် သမ္မတ ထရမ့် ရဲ့ ရွေးချယ်မှုအပေါ် မူတည်တယ်” ဟု ပြောကြားခဲ့သည်။
ယင်းမတိုင်မီ အာရက်ဂ်ချီက စက်တင်ဘာ ၂၅ ရက်တွင် နယူးယောက် ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အီရန်သည် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးဆိုင်ရာ အစီအစဉ်တစ်ခုကို ကာတာမှတစ်ဆင့် အမေရိကန်ထံသို့ ပေးပို့ခဲ့ကြောင်း ကြေညာခဲ့ပြီး အကယ်၍အမေရိကန်ဘက်က ယင်းနှင့်အညီ လိုအပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပါက ဟော်မုဇ်ရေလက်ကြားသည် ခုနစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ကာ ပုံမှန်ရေကြောင်းသယ်ယူပို့ဆောင်မှု ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် အမေရိကန် The Wall Street Journal ၏ စက်တင်ဘာ ၂၅ ရက် ဖော်ပြချက်အရ ထရမ့် သည် အီရန်ဘက်၏ သက်ဆိုင်ရာ အဆိုပြုချက်ကို ငြင်းပယ်ခဲ့ပြီး ၎င်းအနေဖြင့် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန် ကြားကာလ ရွေးကောက်ပွဲ ပြီးနောက် အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှု ပြန်လည်စတင်နိုင်ကြောင်း ၎င်း၏ လက်ထောက်အား ပြောကြားခဲ့သည်။
အာရက်ဂ်ချီက ထရမ့်အနေဖြင့် လူသိရှင်ကြား ပြောဆိုချက်များ ရှိနေသော်လည်း အမေရိကန်ဘက်သည် ကြားဝင်ဖျန်ဖြေရေးအဖွဲ့များမှတစ်ဆင့် ငြင်းပယ်သည့် ဆုံးဖြတ်ချက်ကို အီရန်ထံသို့ တရားဝင် အသိပေးခြင်း မပြုသေးကြောင်း ဖော်ပြထားသည်ဟု အီရန် Mehr သတင်းဌာနက စက်တင်ဘာ ၂၇ ရက်တွင် သတင်းဖော်ပြထားသည်။ ၎င်းက ပဋိပက္ခ အဆုံးသတ်ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အီရန်သည် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် အသင့်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့ပြီး အပြန်အလှန် အပေးအယူအနေဖြင့် “တရားမဝင် သိမ်းဆည်းထားတဲ့ ရန်ပုံငွေနှင့် ပိုင်ဆိုင်မှုများ ပြန်လည်ရရှိဖို့ ကျွန်တော်တို့ တောင်းဆိုပြီး ရေနံ ရောင်းချနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုခဲ့သည်။
အာရက်ဂ်ချီက ဤအခြေအနေများသည် “တောင်းဆိုချက်အသစ်များ မဟုတ်ကြောင်း”၊ အမေရိကန်က ယင်းမတိုင်မီ အစ္စလာမ်မာဘတ် နားလည်မှု စာချွန်လွှာတွင် ကတိပြုထားခဲ့သော အကြောင်းအရာများ ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ဖွယ်ရှိသည့် အခြေအနေနှင့် ပတ်သက်၍ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ Akraminia က စက်တင်ဘာ ၂၇ ရက်တွင် အီရန် လက်နက်ကိုင် တပ်ဖွဲ့များသည် အပြည့်အဝ အသင့်ပြင်ထားပြီး အစွမ်းကုန် ကြိုးပမ်းအားထုတ်၍ ခုခံတိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။ ၎င်းက “အမေရိကန်ရဲ့ ဦးစားပေးကိစ္စရပ်က ဒေသတွင်း အစ္စလာမ်နိုင်ငံတွေရဲ့ အကျိုးစီးပွား မဟုတ်ဘဲ အစ္စရေး အစိုးရရဲ့ လုံခြုံရေးကို အာမခံပြီး ၎င်းရဲ့ ကိုယ်ပိုင် အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်တယ်” ဟု ထောက်ပြခဲ့ပြီး အမေရိကန် အင်အားကို အနောက်အာရှမှ မောင်းထုတ်ပစ်ခြင်းသည် ထိုဒေသကို ပိုမို လုံခြုံစေမည်ဟု ဆိုခဲ့သည်။ (Xinhua)
...................................
(Chinese Version)
伊朗称已为与美战事重开做好准备 但未放弃外交途径
新华社德黑兰9月27日电(记者沙达提)伊朗迈赫尔通讯社27日报道,伊朗外长阿拉格齐表示,伊朗已做好与美国战事重开的准备,但尚未放弃通过外交途径进行接触。
阿拉格齐当天接受美国全国广播公司采访时说,“我们已为战事重开做好充分准备”,与此同时,“我们也随时准备进行外交接触”。“这取决于美国总统特朗普的选择。”
此前,阿拉格齐25日在纽约联合国总部举行的记者会上宣布,伊朗已通过卡塔尔向美国转达一个有关重新开放霍尔木兹海峡的计划,如果美方据此采取必要行动,霍尔木兹海峡可以在七日内重新开放,恢复正常海运。不过,美国《华尔街日报》25日报道称,特朗普拒绝了伊方的相关提议,并告诉其助手他可能在11月美国国会中期选举后恢复对伊朗的轰炸。
伊朗迈赫尔通讯社27日的报道说,阿拉格齐表示,尽管特朗普发表了公开言论,但美方尚未通过调停方正式向伊朗传达拒绝的决定。他重申,作为结束冲突协议的一部分,伊朗准备重新开放海峡;作为交换条件,“我们要求解冻被非法扣押的资金和资产,并希望能够出售石油”。
阿拉格齐指出,这些条件“并非新要求”,而是美国此前已在伊斯兰堡谅解备忘录中承诺过的事项。
针对美国可能对伊朗发动的袭击,伊朗军方发言人阿克拉米尼亚27日表示,伊朗武装部队已做好充分准备,将竭尽全力进行对抗。他指出,“美国的优先事项是确保以色列政权的安全并维护其自身利益,而非该地区伊斯兰国家的利益”,将美国势力驱逐出西亚将使该地区更加安全。(完)
图说:9月25日,伊朗外长阿拉格齐在纽约联合国总部举行的记者会上讲话。新华社记者 吴晓凌 摄








