လာအိုနိုင်ငံ ဘိုတန်ဘူတာတွင် ဘူတာရုံ ပလက်ဖောင်း၌ ရပ်နားနေသည့် ခရီးစဉ်အမှတ် C95 ရထားတွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
လာအိုနိုင်ငံ ဘိုတန်ဘူတာတွင် ဘူတာရုံ ပလက်ဖောင်း၌ ရပ်နားနေသည့် ခရီးစဉ်အမှတ် C95 ရထားတွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဒေသစံတော်ချိန် စက်တင်ဘာ ၂၈ ရက် နံနက် ၈ နာရီတွင် အမှတ် C95 ရထားတွဲသည် လာအိုနိုင်ငံ ဘိုတန်ဘူတာမှ တည်ငြိမ်စွာ ထွက်ခွာသွားခဲ့ရာ တရုတ်-လာအို ရထားလမ်း၏ လာအိုပိုင်း ဘိုတန်-ဗီယင်ကျန်း မြို့ချင်းပြေးဆွဲသည့် ရထားဝန်ဆောင်မှု (intercity train service) ပထမဆုံးအကြိမ် အောင်မြင်စွာ စတင်ပြေးဆွဲခြင်း အမှတ်သင်္ကေတပင်ဖြစ်သည်။

အသစ်ဖွင့်လှစ်ပြေးဆွဲသော အမှတ် C95/C96 မြို့ချင်းပြေးဆွဲသည့်ရထားတွဲသည် ဘိုတန်နှင့် ဗီယင်ကျန်းကြားတွင် ထိရောက်မှုမြင့်မားပြီး အဆင်ပြေသော နေ့စဉ်သွားလာနိုင်သည့် လမ်းကြောင်းကို ဖန်တီးပေးကြောင်း တရုတ်-လာအို ရထားလမ်း လာအိုပိုင်းကို တာဝန်ယူလည်ပတ်နေသော လာအို-တရုတ် ရထားလမ်းကုမ္ပဏီလီမိတက်၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။ ၎င်းတို့အနက် အမှတ် C95 ရထားတွဲသည် ထိုနေ့ နံနက် ၈ နာရီတွင် ဘိုတန် ဘူတာမှ စတင်ထွက်ခွာပြီး ၁၁ နာရီ ၄၇ မိနစ်တွင် ဗီယင်ကျန်းဘူတာသို့ ရောက်ရှိခဲ့သည်။ အမှတ် C96 ရထားတွဲသည် ထိုနေ့ မွန်းလွဲ ၂ နာရီ ၀၅ မိနစ်တွင် ဗီယင်ကျန်းဘူတာမှ ထွက်ခွာပြီး ညနေ ၆ နာရီ ၃၂ မိနစ်တွင် ဘိုတန် ဘူတာသို့ ပြန်လည်ဆက်ရောက်သည်။ ရထားသည် ဘိုတန် ဘူတာ၊ Nateuy  ဘူတာ၊ Muang Xay ဘူတာ၊ လွမ်ပရာဘန်ဘူတာ၊ Vang Vieng ဘူတာနှင့် ဗီယင်ကျန်းဘူတာ စုစုပေါင်း ဘူတာ ၆ ခုတွင် ရပ်နားသည်။ မြောက်ပိုင်းပြည်နယ်များမှ ပြည်သူများသည် ဗီယင်ကျန်းမြို့သို့ နေ့စဉ်သွားလာမှု၊ စီးပွားရေးကိစ္စ သို့မဟုတ် ဆွေမျိုးမိတ်ဆွေများထံ သွားရောက်လည်ပတ်မှုတို့အတွက် နေ့ချင်းပြန် သွားပြန်နိုင်ပြီဖြစ်သည်။

ဤမြို့ချင်းပြေးဆွဲသည့် ရထားဝန်ဆောင်မှုကို ဖွင့်လှစ်ခြင်းသည် တရုတ်-လာအို ရထားလမ်း လာအိုပိုင်း၏ ခရီးသည်ပို့ဆောင်ရေးကွန်ရက်ကို တစ်ဆင့်တိုးပြည့်စုံစေပြီး လာအိုပြည်သူများ၏ သွားလာမှုရွေးချယ်စရာများကို ကြွယ်ဝစေကာ လမ်းကြောင်းတစ်လျှောက် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသလို တရုတ်-လာအို စီးပွားရေးစင်္ကြံတည်ဆောက်မှုနှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်မှုအတွက် ပိုမိုခိုင်ခံ့သော သယ်ယူပို့ဆောင်ရေးအထောက်အပံ့ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း လာအို-တရုတ် ရထားလမ်းကုမ္ပဏီလီမိတက်က ပြောကြားခဲ့သည်။ (Xinhua)

………………………

(Chinese Version)

中老铁路磨丁至万象城际列车首发

新华社万象9月28日电(记者赵旭)当地时间28日早上8点,C95次列车平稳驶出老挝磨丁站,标志着中老铁路老挝段磨丁至万象城际列车顺利首发。  

据负责中老铁路老挝段运营的老中铁路有限公司介绍,全新开行的C95/C96次城际列车搭建起磨丁与万象间高效便捷的通勤线路。其中,C95次列车当日8时从磨丁站始发,11时47分抵达万象站;C96次列车当日14时05分从万象站发车,18时32分返回磨丁站。列车停靠磨丁站、纳堆站、孟赛站、琅勃拉邦站、万荣站、万象站6个车站。北部省份民众出行万象通勤、商务、探亲可实现当日往返。  

老中铁路有限公司表示,该城际列车的开行将进一步完善中老铁路老挝段客运网络,丰富老挝民众出行选择,助力沿线文旅产业发展,为中老经济走廊建设、共建“一带一路”提供更加坚实的交通支撑。(完)

图说1:这是9月28日在老挝磨丁站拍摄的停靠在站台上的C95次列车。新华社发(王玉萍摄)

图说2:9月28日,在老挝磨丁站,安保和乘务员迎接乘客。新华社发(王玉萍摄)