
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပသည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ ဂျပန်နိုင်ငံ၏ ပြောကြားချက်အပေါ် တုံ့ပြန်ချေပပိုင်ခွင့်ကို ကျင့်သုံးခဲ့သည်။ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ “ရန်သူနိုင်ငံအကြောင်းအရာ” ပြဋ္ဌာန်းချက်သည် ယနေ့တိုင် အရေးကြီးသော လက်တွေ့အနက်အဓိပ္ပာယ် ရှိနေဆဲဖြစ်ပြီး ဖျက်သိမ်းပြင်ဆင်ခွင့်မပြုကြောင်း တရုတ်နိုင်ငံက ထောက်ပြပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည် “ငြိမ်းချမ်းသောနိုင်ငံ” တစ်ခုအနေဖြင့် “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” မူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ “ရန်သူနိုင်ငံအကြောင်းအရာ” ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပေးရန် တိုက်တွန်းခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်ကြောင်း ကုသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် စွန်းလေက စက်တင်ဘာ ၂၂ ရက် ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။
ထိုစဥ်က ဂျပန်နိုင်ငံသည် စစ်ဝါဒီပြစ်မှုများကို ဝန်ခံခြင်း၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အကြောင်းအရာအားလုံးကို လက်ခံခြင်း အခြေအနေတွင် ကုလသမဂ္ဂ၌ ပါဝင်ခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ပွဲအလွန် ဂျပန်နိုင်ငံ၏ “ငြိမ်းချမ်းသောနိုင်ငံ” အယူအဆမှာ သမိုင်းအား လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်မှု၊ စစ်ဝါဒနှင့် အပြည့်အဝဖြတ်တောက်ခြင်း အခြေခံပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ သို့သော် နှစ်ပေါင်း ၈၀ ကျော်ကြာပြီးနောက် ဂျပန်တာကာအိချိအစိုးရသည် ဂျပန်နိုင်ငံ၏ သမိုင်းဆိုင်ရာ ပြစ်မှုများကို ရှောင်လွှဲပြောဆိုကာ ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း မရှိသည့်အပြင် နည်းမျိုးစုံဖြင့် ဖြူစင်အောင် တန်ဆာဆင်ရန် ကြိုးပမ်းလျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ၏ ခြိမ်းခြောက်မှုစသည့် အတုအယောင် ဇာတ်ကြောင်းများကို အဆက်မပြတ် ဖန်တီးခြင်းဖြင့် စစ်ရေးအင်အား ဆက်လက်တိုးချဲ့လိုသည့် ကြံစည်မှုကို ဖုံးကွယ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဂျပန်နိုင်ငံသည် စစ်ရေးအသုံးစရိတ်ကို ကြီးမားကျယ်ပြန့်စွာ ဆက်တိုက်တိုးမြှင့်ခြင်း၊ သေစေနိုင်သော လက်နက်များ တင်ပို့မှုကို ဖြေလျှော့ခြင်း၊ တာလတ်နှင့် တာဝေးပစ်ဒုံးကျည်များ ဖြန့်ကြက်မှုကို မြှင့်တင်ခြင်း၊ တိုက်ခိုက်ရေးစစ်ဘက်ဆိုင်ရာ အင်အားများကို တိုးချဲ့ခြင်း၊ ထိလွယ်ရှလွယ်သည့် နျူကလီးယားပစ္စည်းများကို အမြောက်အမြား သိုလှောင်ခြင်း၊ “ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ” ပြင်ဆင်မှုကို တွန်းအားပေးခြင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ဖောက်ဖျက်ရန် ကြိုးပမ်းခြင်းနှင့် “စစ်ပြုနိုင်သော” နိုင်ငံဖြစ်လာရန်ပင် ရဲရဲတင်းတင်း လှုံ့ဆော်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ လက်တွေ့ဖြစ်ရပ်များက သက်သေပြနေသည်မှာ ဂျပန်နိုင်ငံ၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” သည် ဒေသတွင်းသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအတွက် လက်တွေ့ကျသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပြီဖြစ်ကြောင်း သက်သေပြနေခြင်းဖြစ်သည်ဟု စွန်းလေက ပြောကြားခဲ့သည်။
စစ်ပွဲအလွန် နိုင်ငံတကာ စည်းစနစ်ကို ထိန်းသိမ်းကာကွယ်ခြင်း၊ ဒုတိယကမ္ဘာစစ် အောင်ပွဲရလဒ်များကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့သည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံတာဝန် ဖြစ်ကြောင်း၊ ပဋိညာဉ်စာတမ်းပါ “ရန်သူနိုင်ငံအကြောင်းအရာ” ပြဋ္ဌာန်းချက်သည် အရေးကြီးစနစ်ဆိုင်ရာ စီစဉ်မှုဖြစ်ပြီး ဖက်ဆစ်ဝါဒနှင့် စစ်ဝါဒများက နိုင်ငံတကာငြိမ်းချမ်းမှုနှင့် လုံခြုံမှုအပေါ် ထပ်မံခြိမ်းခြောက်လာခြင်းကို ကာကွယ်ရန်၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်အား ကာကွယ်စောင့်ရှောက်ရန်အတွက် အရေးကြီး စနစ်ပိုင်းဆိုင်ရာ အာမခံပေးမှု ပံ့ပိုးပေးထားခြင်းဖြစ်ကာ ယနေ့တိုင် အရေးကြီးသော လက်တွေ့အနက်အဓိပ္ပာယ် ရှိနေဆဲဖြစ်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။
ယခုနှစ်သည် တိုကျိုခုံရုံးတင်စီရင်ခြင်း နှစ် ၈၀ ပြည့်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတကာတာဝန်များကို တာဝန်သိစွာထမ်းဆောင်ရန်၊ စစ်ဝါဒနှင့် အပြည့်အဝဖြတ်တောက်ရန်နှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မာစွာစွဲကိုင်ခြင်းသာလျှင် မှန်ကန်သောလမ်းကြောင်းဖြစ်သည်ဟု ဂျပန်လက်ယာစွန်း အင်အားစုများအား တရုတ်နိုင်ငံက သတိပေးလိုက်ကြောင်း စွန်းလေက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံနိုင်ငံရေးသမားများအနေဖြင့် သမိုင်းကို တည့်မတ်စွာရှုမြင်ကာ လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ပြီး အာရှအိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို လက်တွေ့လှုပ်ရှားမှုဖြင့် ရယူရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဂျပန်နိုင်ငံ၏ "နိုင်ငံပုံမှန်ပြန်ဖြစ်ရေး" ဟူသော ခြုံလွှာအောက်တွင် "စစ်ဝါဒပုံစံအသစ်" ကြီးထွားလာကာ ဒေသတွင်း မငြိမ်မသက်မှုများနှင့် ကမ္ဘာအား ဘေးအန္တရာယ်များ ဖြစ်ပွားစေခြင်းကို တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းမှုကို ချစ်မြတ်နိုးသော နိုင်ငံများနှင့်အတူ လက်တွဲလျက် ပြတ်ပြတ်သားသား တားဆီးဟန့်တားသွားမည်ဖြစ်ကြောင်း စွန်းလေက ပြောသည်။
သမိုင်းကို မေ့ပျောက်ခြင်းသည် အတိတ်ကို ကျောခိုင်းစွန့်လွှတ်ခြင်းဖြစ်ပြီး၊ ကျူးလွန်ခဲ့သော အပြစ်များကို ငြင်းဆန်ပယ်ချခြင်းသည် ရှေးယခင်က အမှားမျိုးကို မုချထပ်မံကျူးလွန်မိစေမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် သမိုင်းသင်ခန်းစာများကို နက်နက်ရှိုင်းရှိုင်း ရယူရန်နှင့် အန္တရာယ်များသော “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” လုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း၊ ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း အမှန်အမှားကို ခွဲခြားသိမြင်ကြရန်၊ သတိဝီရိယရှိကြရန်နှင့် ဒုတိယကမ္ဘာစစ် အောင်မြင်မှုရလဒ်များကို အတူတကွ ထိန်းသိမ်းကာကွယ်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို စောင့်ရှောက်ကြရန် တရုတ်နိုင်ငံက နှိုးဆော်ထားကြောင်း စွန်းလေက ပြောကြားခဲ့သည်။ (Xinhua)
------------------
(Chinese Version)
中方:《联合国宪章》“敌国条款”不容删改
新华社联合国9月28日电 中方28日在第81届联大一般性辩论针对日本的发言行使答辩权。中方指出,《联合国宪章》中的“敌国条款”仍具有重要现实意义,不容删改。
中国常驻联合国副代表孙磊说,日本在22日的发言中称,日本作为“和平国家”坚持“专守防卫政策”,呼吁删除《联合国宪章》中的“敌国条款”。中方对此表示坚决反对。当年,日本以承认军国主义罪行、接受《联合国宪章》全部内容为前提,加入联合国。战后日本“和平国家”的理念,是建立在深刻反省历史、彻底同军国主义切割的基础之上。然而,80多年后,高市政府却对日本历史罪行避而不谈,不仅不反思,还想方设法美化洗白,并通过不断炮制周边国家威胁等虚假叙事,掩盖持续强军扩武企图。近年来,日本持续大幅扩充军费,放宽杀伤性武器出口,推进部署中远程导弹,扩充进攻性军事力量,囤积大量敏感核材料,推动修改“和平宪法”,试图突破“无核三原则”,甚至鼓吹成为“能战”国家。事实证明,日本“再军事化”已经成为地区乃至世界和平稳定的现实威胁。
孙磊说,维护战后国际秩序、捍卫二战胜利成果、维护地区和平稳定,是国际社会的共同责任。宪章中的“敌国条款”是重要制度安排,旨在防止法西斯主义和军国主义再度威胁国际和平与安全,为捍卫战后国际秩序提供了重要制度保障,时至今日仍具有重要现实意义。
孙磊说,今年是东京审判开庭80周年。中方在此正告日本右翼势力:日本恪守国际义务,同军国主义彻底切割,坚持和平发展才是正道。日方为政者应正视历史、深刻反省,以实际行动取信于亚洲邻国和国际社会。中方将同世界上爱好和平的国家一道,坚决遏止日本“新型军国主义”披着“国家正常化”外衣滋长成势、祸乱地区、为害世界。
孙磊说,遗忘历史,便是背弃过往;否认罪责,必将重蹈覆辙。中方敦促日本深刻汲取历史教训,立即停止危险的“再军事化”行径。中方也呼吁国际社会明辨是非、提高警惕,共同维护二战胜利成果,守护世界和平稳定。
图说 :9月22日,在位于纽约的联合国总部,联合国秘书长古特雷斯在第81届联合国大会一般性辩论开幕式上致辞。








