အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင် ဆွေးနွေးပွဲကို စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည်။

အထွေထွေညီလာခံ ဥက္ကဋ္ဌ Khalilur Rahman က ၎င်း၏ ပိတ်ပွဲအခမ်းအနားအမှာစကားတွင် ယခုအကြိမ်အချေအတင်ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖွဲ့ ၁၉၄ ဖွဲ့ ပါဝင်ခဲ့ကြောင်း၊ ပါဝင်ဆွေးနွေးပြောကြားသူများတွင် နိုင်ငံနှင့် အစိုးရ အကြီးအကဲ ၁၁၃ ဦး၊ အိမ်ရှေ့မင်းသား တစ်ဦး၊ ဒုတိယသမ္မတ ၁၁ ဦး၊ ဒုတိယဝန်ကြီးချုပ် ၇ ဦးနှင့် ဝန်ကြီး ၄၈ ဦး ပါဝင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး၊ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ရေး အပါအဝင် အကြောင်းအရာများစွာကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်ဟု ၎င်းက ဆိုသည်။ ယခင်ဆွေးနွေးပွဲများတွင် ဘေးရောက်နေခဲ့သော ဉာဏ်ရည်တုစနစ် (AI) သည် ယခုနှစ် ဆွေးနွေးပွဲများ၏ ဗဟိုချက်သို့ ရောက်ရှိလာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ် ဆွေးနွေးပွဲ၏ ဆောင်ပုဒ်ဖြစ်သော "ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်း" ဆိုသည့် အချက်မှာ မိန့်ခွန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါ်လွင်ထင်ရှားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ငြိမ်းချမ်းရေးအတွက် အရှုံးမပေးဘဲ မဆုတ်မနစ် ခိုင်မာစွာ ဆက်လက်ဖော်ဆောင်ကြပါစို့၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးရန် ခိုင်ခိုင်မာမာ ကတိပြုကြပါစို့။ ခြားနားမှုမရှိသည့် လူ့အခွင့်အရေး အခြေခံမူများနောက်မှာ စိတ်အားထက်သန်စွာ ရပ်တည်ကြပါစို့။ နည်းပညာပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှုများကို လူသားတို့အကျိုးငှာ ဦးဆောင်ထိန်းကျောင်းပြီး မြှင့်တင်ကြပါစို့။ အဓိပ္ပာယ်ရှိပြီး၊ ကိုယ်စားပြုမှုကောင်းကာ၊ တရားမျှတသော ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြပါစို့။ လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမည့် ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ခြင်းဖြင့် ယုံကြည်မှုကို ပြန်လည်ဖော်ဆောင်ကြပါစို့" ဟု Rahman က ပြောကြားခဲ့သည်။ (Xinhua)

-----------------

(English Version)

UN General Assembly concludes General Debate

UNITED NATIONS, Sept. 28 (Xinhua) -- The General Debate of the 81st session of the UN General Assembly concluded on Monday.

In his closing remarks, General Assembly President Khalilur Rahman said that 194 delegations took part in the debate, with speakers including 113 heads of state and government, one crown prince, 11 vice presidents, seven deputy prime ministers and 48 ministers.

He said the debate covered a range of issues, including peace, development, human rights, UN reform, and the selection of the next secretary-general. Artificial intelligence, which was on the margins of previous debates, moved to the center of this year's discussions.

Restoring trust, the theme of this year's debate, resonated widely in the speeches, he said.

"Let us stubbornly refuse to give up on peace. Let us resolutely commit to delivering sustainable development. Let us passionately stand behind human rights principles without selectivity. Let us govern and promote technological transformation in the service of humanity. Let us pursue reform that is meaningful, representative, and fair. And let us restore trust by rebuilding our organization that delivers for all," said Rahman.

Photo Caption :The General Debate of the 81st session of the United Nations General Assembly is held at the UN headquarters in New York, Sept. 22, 2026. (Xinhua/Zhang Fengguo)