အီတလီနိုင်ငံ တူရင်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ဂျာမနီနိုင်ငံမှ အလက်ဇန်းဒါး ဇဲဗရက်ဗ်နှင့် စပိန်နိုင်ငံမှ ကားလို့စ် အယ်လ်ကာရက်ဇ်တို့ ယှဉ်ပြိုင်ခဲ့သည့် ရာသီပိတ် ATP Finals တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ ကားလို့စ် အယ်လ်ကာရက်ဇ် ဆုဖလားကို အနမ်းပေးနေစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ တူရင်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ဂျာမနီနိုင်ငံမှ အလက်ဇန်းဒါး ဇဲဗရက်ဗ်နှင့် စပိန်နိုင်ငံမှ ကားလို့စ် အယ်လ်ကာရက်ဇ်တို့ ယှဉ်ပြိုင်ခဲ့သည့် ရာသီပိတ် ATP Finals တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ ကားလို့စ် အယ်လ်ကာရက်ဇ် ဆုဖလားကို အနမ်းပေးနေစဉ် (ဆင်ဟွာ)

တူရင်၊ အီတလီ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ တူရင်မြို့တွင် နိုဝင်ဘာ ၂၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် ရာသီပိတ် ATP Finals တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲ၌ ကားလို့စ် အယ်လ်ကာရက်ဇ်က ကမ္ဘာ့အဆင့်-၁ အလက်ဇန်းဒါး ဇဲဗရက်ဗ်ကို ၆-၂၊ ၇-၆ (၇) ဖြင့် အနိုင်ယူကာ ၎င်း၏ ပထမဆုံး ATP Finals ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဂရင်းစလင်းပြိုင်ပွဲကြီး ၄ ခုစလုံးနှင့် ရာသီပိတ် ချန်ပီယံရှစ်ပြိုင်ပွဲတွင်ပါ အနိုင်ရရှိသည့် စတုတ္ထမြောက် အမျိုးသားတင်းနစ်ကစားသမား ဖြစ်လာခဲ့သည်။

အသက် ၂၃ နှစ်အရွယ် အဆိုပါ စပိန်ကစားသမားမှာ အုပ်စုပတ်လည်အဆင့်၌ ပွဲစဉ်အားလုံးကို အနိုင်ရခဲ့ပြီးနောက် ဆီမီးဖိုင်နယ်တွင်လည်း အမေရိကန်ကစားသမား ဘန် ရှယ်လ်တန်ကို နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့သည့်အတွက် စုစုပေါင်း ၅ ပွဲကစား ၅ ပွဲလုံးအနိုင်ရရှိကာ ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် ပြိုင်ပွဲကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

ယခုအောင်ပွဲကြောင့် အယ်လ်ကာရက်ဇ်အနေဖြင့် ယခုရာသီတွင် ဆဋ္ဌမမြောက် ချန်ပီယံဆုနှင့် ကစားသမားဘဝတစ်လျှောက် အကြိမ် ၃၀ မြောက် ချန်ပီယံဆုကို ရရှိခဲ့သည့်အပြင် ၁၉၉၈ ခုနှစ်တွင် အဲလက်စ် ကော်ရက်ဂျာ အောင်ပွဲခံနိုင်ခဲ့ပြီးနောက်ပိုင်း ATP Finals ချန်ပီယံဆုကို ဆွတ်ခူးနိုင်သည့် ပထမဆုံး စပိန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ထို့ပြင် ၎င်းအနေဖြင့် အန်ဒရေ အဂ္ဂါစီ၊ ရော်ဂျာ ဖက်ဒဲရာနှင့် နိုဗက် ဂျိုကိုဗစ် တို့နည်းတူ ဂရင်းစလင်းချန်ပီယံဆု ၄ ခုစလုံးနှင့် ATP Finals ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့သည့် အနည်းငယ်သော အမျိုးသား တင်းနစ်ကစားသမားများ စာရင်းတွင်လည်း ပါဝင်လာခဲ့ပြီဖြစ်သည်။

"တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ရက်သတ္တပတ်တစ်ခုပါပဲ။ ဒီရက်သတ္တပတ်ကို ဒီထက်ပိုကောင်းတဲ့ ပုံစံမျိုးနဲ့ အဆုံးသတ်နိုင်စရာ မရှိတော့တဲ့အတွက် တကယ်ကို ဂုဏ်ယူပါတယ်" ဟု အယ်လ်ကာရက်ဇ် က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

"ကျွန်တော်ကိုယ်တိုင်ရော ကျွန်တော့်အဖွဲ့သားတွေပါ တကယ့်ကို ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရပေမဲ့ အရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အခုချိန်မှာ ကျွန်တော် တင်းနစ်ကို အကောင်းဆုံးကစားရင်း ဒီဆုဖလားကို ကိုင်မြှောက်ခွင့်ရတာဟာ ကျွန်တော် အချိန်အကြာကြီး ကြိုးစားရှာဖွေနေခဲ့တဲ့ အရာတစ်ခုပါပဲ။ ဒါက ကျွန်တော့်အတွက် အရာရာပါပဲ" ဟု ၎င်းက ဆက်လက်ပြောသည်။

နိုဝင်ဘာ ၂၂ ရက် ဗိုလ်လုပွဲမတိုင်မီအထိ ပြိုင်ပွဲတစ်လျှောက်လုံးတွင် စပေးဘောမှ ရမှတ်တစ်ကြိမ်မျှ မဆုံးရှုံးခဲ့သည့် ဇဲဗရက်ဗ်ကို အယ်လ်ကာရက်ဇ်က ပွဲစကတည်းက လက်စွမ်းအသာဖြင့် ထိန်းချုပ်ကစားနိုင်ခဲ့သည်။

ဂျာမန်ကစားသမားက ၎င်း၏ ပထမဆုံးစပေးဘောအလှည့်တွင် break point ၃ ကြိမ်အထိ ကာကွယ်နိုင်ခဲ့သော်လည်း ကွင်းနောက်စည်းနားမှ အယ်လ်ကာရက်ဇ်၏ ကျားကုတ်ကျားခဲ ကစားပုံကို ထိန်းချုပ်နိုင်ရန် ရုန်းကန်ခဲ့ရပြီး စပေးဘော ၃ ကြိမ်အထိ အမှတ်ဆုံးရှုံးခဲ့သဖြင့် စပိန်ကစားသမားက ပထမပွဲတွင် ၆-၂ ဖြင့် အပြတ်အသတ် အနိုင်ယူခဲ့သည်။

ဒုတိယပွဲတွင်မူ ဇဲဗရက်ဗ်က ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ခဲ့ပြီး နှစ်ဦးစလုံး ပြိုင်ဘက်စပေးဘောမှ အပြန်အလှန်အမှတ်ယူနိုင်ခဲ့ကာ ပွဲပိုဆက်လက်ကစားခဲ့ရသည်။

အယ်လ်ကာရက်ဇ်က ၃-၀ မှတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဇဲဗရက်ဗ်က ၆ မှတ်ဆက်တိုက် ပြန်လည်ရယူကာ ပွဲဖြတ်နိုင်မည့် အခွင့်အရေး ၃ ကြိမ်အထိ ရရှိခဲ့သည်။

သို့သော် စပိန်ကစားသမားက အကောင်းဆုံး ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ဇဲဗရက်ဗ်၏ အခွင့်အရေးကြိမ်စလုံးကို ကာကွယ်နိုင်ခဲ့သည့်အပြင် ၎င်းရရှိခဲ့သည့် ဒုတိယမြောက် championship point တွင် လက်ပြန်ရိုက်ချက်ဖြင့် အမှတ်ယူကာ ပွဲပိုတွင် ၉-၇ မှတ်ဖြင့် အနိုင်ရခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)

အီတလီနိုင်ငံ တူရင်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ဂျာမနီနိုင်ငံမှ အလက်ဇန်းဒါး ဇဲဗရက်ဗ်နှင့် စပိန်နိုင်ငံမှ ကားလို့စ် အယ်လ်ကာရက်ဇ်တို့ ယှဉ်ပြိုင်ခဲ့သည့် ရာသီပိတ် ATP Finals တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ ကားလို့စ် အယ်လ်ကာရက်ဇ် (ယာ) နှင့် အလက်ဇန်းဒါး ဇဲဗရက်ဗ်တို့ အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ တူရင်မြို့တွင် ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ဂျာမနီနိုင်ငံမှ အလက်ဇန်းဒါး ဇဲဗရက်ဗ်နှင့် စပိန်နိုင်ငံမှ ကားလို့စ် အယ်လ်ကာရက်ဇ်တို့ ယှဉ်ပြိုင်ခဲ့သည့် ရာသီပိတ် ATP Finals တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ ကားလို့စ် အယ်လ်ကာရက်ဇ် (ယာ) နှင့် အလက်ဇန်းဒါး ဇဲဗရက်ဗ်တို့ အမှတ်တရဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

…………………………

(English Version)

Alcaraz beats Zverev to claim maiden ATP Finals title

TURIN, Italy, Nov. 22 (Xinhua) -- Carlos Alcaraz defeated world No. 1 Alexander Zverev 6-2, 7-6 (7) in Turin on Sunday to claim his first ATP Finals title and become only the fourth man to win all four Grand Slam tournaments and the season-ending championship.

The 23-year-old Spaniard completed a perfect campaign with five wins from five matches, having swept through the round-robin stage before rallying past American Ben Shelton in the semifinals.

The victory gave Alcaraz his sixth title of the season and 30th of his career, while making him the first Spaniard to win the ATP Finals since Alex Corretja in 1998.

He also joined Andre Agassi, Roger Federer and Novak Djokovic as the only men to have won all four Grand Slam titles and the ATP Finals.

"It's been an amazing week. I couldn't finish the week in a better way, so I'm really proud," Alcaraz said.

"I've been through really difficult moments with myself, with my team, and we could go through everything. I'm playing great tennis, so for me, lifting this trophy is something that I've been chasing for a really long time. It means the world to me."

Alcaraz took control from the outset against a Zverev who had not dropped serve throughout the tournament before Sunday's final.

The German saved three break points in his opening service game but struggled to contain Alcaraz's aggressive baseline play, surrendering serve three times as the Spaniard raced through the opening set 6-2.

Zverev mounted a stronger challenge in the second set, with both players exchanging breaks before the contest moved into a tiebreak.

Alcaraz surged into a 3-0 lead, but Zverev responded by winning six consecutive points to earn three set points.

The Spaniard held firm, saving all three before converting his second championship point with a backhand winner to seal the tiebreak 9-7 and secure the title.

Photo caption 1: Carlos Alcaraz kisses the trophy during the awarding ceremony after the men's singles final match between Alexander Zverev of Germany and Carlos Alcaraz of Spain at the ATP Finals tennis tournament in Turin, Italy, Nov. 22, 2026. (Xinhua/Li Jing)

Photo caption 2: Carlos Alcaraz (R) poses with Alexander Zverev during the awarding ceremony after the men's singles final match between Alexander Zverev of Germany and Carlos Alcaraz of Spain at the ATP Finals tennis tournament in Turin, Italy, Nov. 22, 2026. (Xinhua/Li Jing)