အီတလီနိုင်ငံ မီလန်မြို့၌ ကျင်းပသည့် မီလန်-ကော်တီနာ ၂၀၂၆ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ အမြန်စကိတ်စီး အမျိုးသား မီတာ ၁,၅၀၀ ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ နင်ကျုံးယန် အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ မီလန်မြို့၌ ကျင်းပသည့် မီလန်-ကော်တီနာ ၂၀၂၆ ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ အမြန်စကိတ်စီး အမျိုးသား မီတာ ၁,၅၀၀ ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ နင်ကျုံးယန် အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မီလန်-ကော်တီနာ အိုလံပစ်ချန်ပီယံများဖြစ်ကြသည့် နင်ကျုံးယန် နှင့် ဂျော်ဒန် စတိုးလ်ဇ် တို့သည် နိုဝင်ဘာ ၂၁ ရက်က ဂျပန်နိုင်ငံ အိုဘီဟီရိုမြို့၌ ကျင်းပသည့် အမြန်စကိတ်စီး ကမ္ဘာ့ဖလားပြိုင်ပွဲ ဒုတိယနေ့တွင် အမျိုးသား မီတာ ၁,၅၀၀ နှင့် မီတာ ၅၀၀ ပြိုင်ပွဲ ရွှေတံဆိပ်များကို အသီးသီး ဆွတ်ခူးခဲ့ကြသည်။

အိုလံပစ် မီတာ ၁,၅၀၀ ချန်ပီယံ တရုတ်အားကစားသမား နင်ကျုံးယန်သည် ယင်းအကွာအဝေး၌ ဆက်တိုက် ဒုတိယမြောက်အောင်ပွဲနှင့် ယခုရာသီ၏ တတိယမြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိရန် တစ်မိနစ် ၄၃.၅၈ စက္ကန့်ဖြင့် ပြိုင်ကွင်းစံချိန်သစ် တင်ခဲ့သည်။

အစောပိုင်း အဖွင့်အတွဲတွင် ယှဉ်ပြိုင်ခဲ့သည့် ဂျော်ဒန် စတိုးလ်ဇ် သည် ၁ မိနစ် ၄၃.၇၉ စက္ကန့်ဖြင့် ယခင်ပြိုင်ကွင်းစံချိန်ကို ချိုးဖျက်နိုင်ခဲ့သော်လည်း အဆိုပါ ပြိုင်ပွဲအစီအစဉ်အတွင်း နောက်ပိုင်း၌ နင်ကျုံးယန် က အချိန်ကို ၀.၂၁ စက္ကန့် ထပ်မံလျှော့ချနိုင်ခဲ့သည်။ အီတလီနိုင်ငံမှ ဒန်နီယဲလီ ဒီ စတီဖာနိုက ၁ မိနစ် ၄၄.၇၂ စက္ကန့်ဖြင့် ကြေးတံဆိပ် ရရှိခဲ့သည်။

နိုဝင်ဘာ ၂၁ ရက် အစောပိုင်းက မီတာ ၅၀၀ နှင့် မီတာ ၁,၀၀၀ ပြိုင်ပွဲများတွင် အိုလံပစ်ချန်ပီယံနှစ်ထပ်ကွမ်းဆုရှင် အမေရိကန်အားကစားသမားသည် အမျိုးသား မီတာ ၅၀၀ အမြန်စကိတ်စီးပြိုင်ပွဲ၌ ၃၄.၂၆ စက္ကန့်ဖြင့် ပြိုင်ကွင်းစံချိန်တင်ကာ ယခုရာသီ၏ ပထမဆုံးရွှေတံဆိပ်ကို ရယူနိုင်ခဲ့သည်။ တရုတ်နိုင်ငံမှ လျန်ဇီဝန်နှင့် ကနေဒါနိုင်ငံမှ လော်ရန် ဒူဘရွိုင်းလ်တို့က အစဉ်အလိုက် ဒုတိယနှင့် တတိယနေရာတို့တွင် အသီးသီးပန်းဝင်ခဲ့ကြသည်။

အမျိုးသမီးပြိုင်ပွဲတွင် အန်ဂျယ်လ် ဒါလီမန်သည် ပထမ မီတာ ၅၀၀ ပြိုင်ပွဲ၌ ၃၇.၄၅ စက္ကန့်ဖြင့် စံချိန်တင်ကာ နယ်သာလန်အားကစားသမားများသာ ပါဝင်သည့် ဆုပေးပွဲစင်မြင့်ထက်တွင် ထိပ်ဆုံးမှ ဦးဆောင်ခဲ့ပြီး ယခုရာသီ၏ ပဉ္စမမြောက် ကမ္ဘာ့ဖလားရွှေတံဆိပ်ကို ဆွတ်ခူးရရှိခဲ့သည်။ နော်ဝေနိုင်ငံမှ ရက်ဂ်နီ ဝစ်ကလန်သည် အမျိုးသမီး မီတာ ၁,၅၀၀ ပြိုင်ပွဲကို ပြိုင်ကွင်းစံချိန်သစ်ဖြစ်သည့် ၁ မိနစ် ၅၃.၇၉ စက္ကန့်ဖြင့် အနိုင်ရရှိကာ ယခုပြိုင်ပွဲကာလအတွင်း စတုတ္ထမြောက် အောင်ပွဲကို ရယူနိုင်ခဲ့သည်။

အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲသည် နိုဝင်ဘာ ၂၂ ရက် တွင် ဒုတိယအကြိမ် မီတာ ၅၀၀ ပြိုင်ပွဲများ၊ အမျိုးသားနှင့် အမျိုးသမီး အသင်းလိုက် အမြန်စကိတ်စီးပြိုင်ပွဲများနှင့် ကျား-မ တွဲဖက် အလွတ်တန်းအမြန်စကိတ်စီးပြိုင်ပွဲတို့ ယှဉ်ပြိုင်ရန် စီစဉ်ထားရှိမှုနှင့်အတူ ပြီးဆုံးမည် ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ISU အမြန်စကိတ်စီး ကမ္ဘာ့ဖလားပြိုင်ပွဲ အမျိုးသား ဒုတိယအကြိမ် မီတာ ၅၀၀ Division A ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံမှ ဂျော်ဒန် စတိုးလ်ဇ် ဝင်ရောက်ယှဉ်ပြိုင်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် ISU အမြန်စကိတ်စီး ကမ္ဘာ့ဖလားပြိုင်ပွဲ အမျိုးသား ဒုတိယအကြိမ် မီတာ ၅၀၀ Division A ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံမှ ဂျော်ဒန် စတိုးလ်ဇ် ဝင်ရောက်ယှဉ်ပြိုင်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(English Version)

Ning, Stolz split golds at speed skating World Cup

TOKYO, Nov. 21 (Xinhua) -- Milan-Cortina Olympic champions Ning Zhongyan and Jordan Stolz split the men's 1,500 meter and 500 meters golds on the second day of the Speed Skating World Cup in Obihiro, Japan on Saturday.

Ning, the Chinese Olympic 1,500m champion, set a new track record of one minute and 43.58 seconds to claim his second straight victory in this distance and his third World Cup title of the season.

Racing in the opening pair, Stolz had earlier broken the previous track record with a time of 1:43.79, only for Ning to lower it by 0.21 seconds later in the session. Italy's Daniele Di Stefano took bronze in 1:44.72.

Earlier on Saturday, the American double Olympic champion in the 500m and 1,000m captured his first gold of the season in the men's 500m, setting a track record of 34.26 seconds. China's Lian Ziwen and Canada's Laurent Dubreuil finished second and third, respectively.

On the women's side, Angel Daleman earned her fifth World Cup gold of the season, posting 37.45 seconds to lead an all-Dutch podium in the first 500m. Norway's Ragne Wiklund claimed her fourth victory of the campaign by winning the women's 1,500m in a track-record 1:53.79.

The World Cup concludes Sunday with the second 500m races, the men's and women's team pursuits and the mixed relay on the schedule.

Photo Caption 1 :Ning Zhongyan of China celebrates after winning the speed skating men's 1500m event at the Milan-Cortina 2026 Olympic Winter Games in Milan, Italy, Feb. 19, 2026. (Xinhua/Du Xiaoyi)

Photo Caption 2 :Jordan Stolz of the United States in action during the men's 2nd 500m Division A race at the ISU Speed Skating World Cup in Beijing on Dec. 1, 2024. (Xinhua/Ju Huanzong)