ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာအားကစားကွင်းတွင် ဘရာဇီးနိုင်ငံ၏ ဖလူမင်နိစ်အသင်းနှင့် ပါလ်မီးရက်စ်အသင်းတို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားသည့် Copa Libertadores ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်း ဖလူမင်နိစ်အသင်းမှ သီယာဂိုဆေးလ်ဗားကို တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာအားကစားကွင်းတွင် ဘရာဇီးနိုင်ငံ၏ ဖလူမင်နိစ်အသင်းနှင့် ပါလ်မီးရက်စ်အသင်းတို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားသည့် Copa Libertadores ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်း ဖလူမင်နိစ်အသင်းမှ သီယာဂိုဆေးလ်ဗားကို တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

သီယာဂိုဆေးလ်ဗားအနေဖြင့် အလွန်ကောင်းမွန်စွာ ကစားနိုင်သေးသဖြင့် ကစားသမားဘဝမှအနားယူရန် စောလွန်းနေသေးသည်ဟု ဖလူမင်နိစ်အသင်းမန်နေဂျာ မာကာအိုက ပြောကြားကာ အသက် ၄၂ နှစ်အရွယ် ကစားသမားအား ဘောလုံးဆက်လက်ကစားရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။

ဖလူမင်နိစ်အသင်းနှင့် ဆေးလ်ဗားချုပ်ဆိုထားသည့် စာချုပ်မှာ ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း နောက်ခံကစားသမားအနေဖြင့် နောက်ထပ်တစ်နှစ်ထက်မနည်း ဆက်လက်ကစားနိုင်သေးကြောင်း မာကာအိုက အကြံပြုပြောကြားခဲ့သည်။

"သူ နောက်ထပ် သုံးနှစ်လောက် ဆက်ကစားနိုင်သေးတယ်လို့ ကျွန်တော် သူ့ကို ပြောထားပါတယ်" ဟု မာကာအိုက သတင်းထောက်များကို ပြောကြားခဲ့သည်။ "သူ ပင်ပန်းလာတဲ့အချိန်ကျရင်လည်း ကျွန်တော်တို့ (နည်းပြတွေ) ဘေးနားမှာပဲ ဆက်ရှိနေလို့ရပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

"သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သူ့မိသားစုရဲ့ ဆုံးဖြတ်ချက်ကို မသိရသေးပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို လေးစားပါတယ်။ အခုအချိန်မှာ ကစားသမားဘဝကို ရပ်တန့်လိုက်မယ်ဆိုရင် တော်တော်လေး နှမြောစရာကောင်းပါလိမ့်မယ်။ သူ စာချုပ်သက်တမ်း တိုးဖို့ကို ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟုလည်း မာကာအိုက ပြောကြားခဲ့သည်။

ဆေးလ်ဗားသည် ယခုနှစ်အတွင်း ဖလူမင်နိစ်အသင်းအတွက် ပြိုင်ပွဲစုံတွင် ပွဲစဉ် ၂၈ ပွဲ ပါဝင်ကစားထားသည်။ ၎င်းသည် အေစီမီလန်၊ ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) နှင့် ချဲလ်ဆီး အစရှိသည့် အသင်းများတွင် ကစားခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်တွင် ငယ်စဉ်က ကစားခဲ့သည့်ကလပ် ဖလူမင်နိစ်အသင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မာကာအိုသည် ဘရာဇီးစီးရီးအေလိဂ်တွင် အဆင့် ၄ အတွင်း ဝင်ရောက်နိုင်ရန် ဖလူမင်နိစ်အသင်းက အာရုံစိုက်ကြိုးပမ်းနေချိန်၌ မကြာသေးမီက ပြုလုပ်ခဲ့သည့် လူစာရင်း အပြောင်းအလဲများနှင့် ပတ်သက်၍လည်း ခုခံပြောကြားခဲ့သည်။ လက်ရှိတွင် ရာသီကုန်ဆုံးရန် ပွဲစဉ် သုံးပွဲသာ ကျန်ရှိတော့ပြီး အသင်း ၂၀ ပါဝင်သည့် အမှတ်ပေးဇယားတွင် ဖလူမင်နိစ်အသင်းက အဆင့် ၄ နေရာ၌ ရပ်တည်နေကာ အဆင့် ၅ နေရာမှ အက်သလက်တီကိုပါရာနာအန်စီအသင်းထက် ခြောက်မှတ် အသာရရှိထားသည်။

"ကစားသမားအားလုံးကို ကျွန်တော်တို့ လေးစားပါတယ်၊ ဒါပေမဲ့ အပြောင်းအလဲတချို့ ပြုလုပ်ဖို့ လိုအပ်ခဲ့တာပါ။ ဖလာမင်ဂိုအသင်းနဲ့ ကစားတုန်းက အသင်းလူစာရင်းကို ပြောင်းလဲခဲ့သလို ဆန်းတို့စ်နဲ့ Chapecoense အသင်းတွေနဲ့ ကစားတုန်းကလည်း ပြိုင်ပွဲတစ်ခုကနေ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း အဲဒီအခြေအနေမျိုး ရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့ ဘရာဇီးလိဂ်ပြိုင်ပွဲကိုပဲ အာရုံစိုက်နေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အသင်း၊ ကျွန်တော်တို့ရဲ့ ပုံစံပါ။ ဒါက ကျွန်တော်တို့ရဲ့ အသွင်ပါပဲ" ဟု မာကာအိုက ပြောကြားခဲ့‌ကြောင်း သိရသည်။ (Xinhua)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာအားကစားကွင်းတွင် ဘရာဇီးနိုင်ငံ၏ ဖလူမင်နိစ်အသင်းနှင့် အာဂျင်တီးနားနိုင်ငံ၏ ပလာတန့်စ်အသင်းတို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားသည့် Copa Libertadores ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်း ပလာတန့်စ်အသင်းမှ Gaston Togni (ယာရှေ့) နှင့် ဖလူမင်နိစ်အသင်းမှ သီယာဂိုဆေးလ်ဗားတို့ ဘောလုံးယှဉ်လုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ မာရာကာနာအားကစားကွင်းတွင် ဘရာဇီးနိုင်ငံ၏ ဖလူမင်နိစ်အသင်းနှင့် အာဂျင်တီးနားနိုင်ငံ၏ ပလာတန့်စ်အသင်းတို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားသည့် Copa Libertadores ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်း ပလာတန့်စ်အသင်းမှ Gaston Togni (ယာရှေ့) နှင့် ဖလူမင်နိစ်အသင်းမှ သီယာဂိုဆေးလ်ဗားတို့ ဘောလုံးယှဉ်လုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

Fluminense boss backs Thiago Silva to extend career

RIO DE JANEIRO, Nov. 20 (Xinhua) -- Fluminense manager Marcao has urged Thiago Silva to extend his career, saying the 42-year-old is playing too well to retire.

Silva's contract with Fluminense is due to expire in December, but Marcao suggested the defender could play for at least another year.

"I told him he can go on for three more little years," Marcao told reporters. "Whenever he gets tired, he can just stay right there beside us [with the coaches].

"We still don't know his decision and his family's decision, but we respect it. It would be a pity if he stopped now. Our hope is that he extends his contract."

Silva has made 28 appearances across all competitions for Fluminense this year. He rejoined his boyhood club in 2025 following spells at AC Milan, Paris Saint-Germain and Chelsea, among other clubs.

Marcao also defended recent lineup changes as Fluminense focuses on a top-four finish in Brazil's Serie A. With three games remaining in the season, the Rio de Janeiro side is currently fourth in the 20-team standings, six points ahead of fifth-placed Athletico Paranaense.

"Of course we respect all of our players, but we had to make adjustments," Marcao said. "We changed the team against Flamengo. Against Santos and against Chapecoense there was that post-elimination situation. And now we're focusing only on the Brazilian league. This is the team, our identity. This is our version." ■

Photo caption 1: Thiago Silva of Fluminense reacts during the first leg of the Copa Libertadores semifinal football match between Brazil's Fluminense and Palmeiras at the Maracana stadium in Rio de Janeiro, Brazil, Oct. 14, 2026. (Photo by Daniel Ramalho/Xinhua)

Photo caption 2: Gaston Togni (front R) of Platense and Thiago Silva of Fluminense vie for the ball during the first leg of the Copa Libertadores quarter final football match between Brazil's Fluminense and Argentina's Platense at the Maracana stadium in Rio de Janeiro, Brazil, Sept. 8, 2026. (Xinhua/Jin Haoyuan)