
လန်ဒန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းက နယူးကာဆယ် ယူနိုက်တက်ကို အိမ်ကွင်းတွင် ၂ ဂိုးစီ သရေကျခဲ့သဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ အမှတ်ဖြတ်ကာ ဦးဆောင်နိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။
ပထမပိုင်းတွင် အာဆင်နယ်က ခြေစွမ်းပိုင်းပိုမိုကောင်းမွန်ခဲ့ပြီး ပွဲချိန် ၃၃ မိနစ်တွင် ကိုင်ဟာဗက်ဇ်၏ ဖန်တီးပေးမှုကို အီဘာရီချီ အက်ဇေးက ပိတ်သွင်းကာ အဖွင့်ဂိုးရယူပေးခဲ့သည်။
ပွဲချိန် ၄၉ မိနစ်တွင် မာတင် အိုဒီဂတ် ဘောလုံးဆုံးရှုံးသွားရာမှတစ်ဆင့် ဟာဗေး ဘန်းစ်က နယူးကာဆယ်အတွက် ချေပဂိုးသွင်းယူခဲ့သလို ပွဲချိန် ၆၂ မိနစ်တွင်လည်း မာလစ် သီယော၏ သွင်းဂိုးဖြင့် နယူးကာဆယ်က ပွဲကိုဦးဆောင်ထားနိုင်ခဲ့သည်။ ယင်းနောက် ပခုံးဒဏ်ရာရရှိသွားပုံပေါ်သည့် ဂိုးသမား ဒေးဗစ် ရာယာ၏ နေရာတွင် ကယ်ပါ အာရီဇာဘာလာဂါ ဝင်ရောက်ကစားခဲ့ပြီး ပွဲချိန် ၇၈ မိနစ်တွင် နိုနီ မာဒူအက်ကေက အာဆင်နယ်အတွက် သရေတစ်မှတ်ရရှိစေမည့် ချေပဂိုးကို သွင်းယူပေးခဲ့သည်။
မန်ချက်စတာစီးတီးအသင်းက အိမ်ကွင်းတွင် ဖူလ်ဟမ်အသင်းနှင့် တစ်ဂိုးစီသရေကျခဲ့ပြီး ပရီးမီးယားလိဂ် သုံးပွဲဆက် ရှုံးပွဲကြုံတွေ့မှုကို အဆုံးသတ်နိုင်ခဲ့သလို ဖူလ်ဟမ်ကလည်း စီးတီးနှင့် ထိပ်တိုက်တွေ့ဆုံရာတွင် ပွဲ ၂၀ ဆက်တိုက် ရှုံးနိမ့်ထားမှုကို အဆုံးသတ်နိုင်ခဲ့သည်။
ပွဲချိန် ၁၆ မိနစ်တွင် မန်စီးတီး တောင်ပံကစားသမားဟောင်း အော်စကာ ဘော့ဘ်၏ ဖန်တီးပေးမှုကို ရိုဒရီဂို မူနစ်ဇ်က အဆုံးသတ်ကာ ဧည့်သည် ဖူလ်ဟမ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် အာလင် ဟာလန်းက စီးတီးအတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီဟု ထင်မှတ်ရသော်လည်း ဂိုးသမား ဘန်းလီနို၏လက်ထဲမှ ဘောလုံးကို ကန်သွင်းခဲ့ခြင်းဖြစ်သည်ဟု ကွင်းလယ်ဒိုင်က ဆုံးဖြတ်ကာ အဆိုပါဂိုးကို ပယ်ဖျက်ခဲ့သည်။
ပွဲချိန် ၅၇ မိနစ်တွင် ဖီးလ် ဖိုဒန် ထောင့်ကန်ဘော ကန်တင်ပေးမှုကို ဖူလ်ဟမ်ခံစစ်က ပီပီပြင်ပြင် ရှင်းထုတ်နိုင်ခြင်းမရှိရာမှ အဲလိယော့ အန်ဒါဆန်က မြေမကျကန်ချက်ဖြင့် လှလှပပပိတ်သွင်းနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် အန်ဇို မာရက်စ်ကာ၏အသင်း ချေပဂိုး ပြန်လည်ရရှိသွားခဲ့သည်။
အခြားပွဲစဉ်များတွင် ဘုန်းမောက်က နော်တင်ဟမ်ဖောရက်စ်ကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ငါးပွဲဆက် နိုင်ပွဲရယူကာ အဆင့်-၄ နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ လိဒ်စ်ယူနိုက်တက်ကလည်း တစ်ဂိုးအရှုံးမှ ပြန်လာနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ၁၉၉၉ ခုနှစ်နောက်ပိုင်း စတမ်းဖို့ဒ်ဘရစ်ချ်၌ ပထမဆုံးအကြိမ် နိုင်ပွဲရရှိခဲ့သည်။
ဆန်းဒါးလန်းက အက်စတွန်ဗီလာ၏ အိမ်ကွင်းတွင် ဂိုးမရှိသရေကစားကာ သရေတစ်မှတ် ရယူနိုင်ခဲ့ပြီး ကိုဗင်ထရီစီးတီးက ခရစ္စတယ်ပဲလေ့စ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ တော့တင်ဟမ်က အစ်ဆွစ်ချ်တောင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲစဉ်၌ အသက် ၁၈ နှစ်အရွယ် လူငယ်ကစားသမားလေး လူကာ ဝီလီယမ်စ်-ဘားနက်က ပရီးမီးယားလိဂ်တွင် ပထမဆုံးပွဲထွက်ခွင့်ရခဲ့သည့် ပွဲစဉ်၌ ပွဲချိန် ၁၅ မိနစ်တွင် အဖွင့်ဂိုး သွင်းယူပေးခဲ့သည့်အပြင် ဒုတိယပိုင်းပြန်စပြီး ၆ မိနစ်အကြာတွင်လည်း ဒေါမနစ် ဆိုလန်ကီအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့သည်။ (Xinhua)




..................................
(English Version)
Arsenal, Manchester City both held to draws in Premier League
LONDON, Nov. 21 (Xinhua) -- Premier League leader Arsenal was held to a 2-2 draw away to Newcastle United on Saturday, missing the chance to extend its lead at the top of the table.
Arsenal was the better side in the first half and opened the scoring in the 33rd minute when Kai Havertz set up Eberechi Eze, who swept the ball home.
Harvey Barnes equalized in the 49th minute after Martin Odegaard lost possession, and Malick Thiaw put Newcastle ahead in the 62nd minute. David Raya was replaced by Kepa Arrizabalaga after appearing to injure his shoulder, before Noni Madueke rescued a point for Arsenal in the 78th minute.
Manchester City ended a run of three straight league defeats with a 1-1 home draw against Fulham, who ended a run of 20 consecutive defeats against City.
The visitors took the lead in the 16th minute through Rodrigo Muniz, who was set up by former Manchester City winger Oscar Bobb.
City thought they had equalized through Erling Haaland, but his effort was ruled out after the referee decided he had kicked the ball out of goalkeeper Bernd Leno's hands.
Enzo Maresca's men finally drew level in the 57th minute through Elliot Anderson's superb volley after Fulham failed to clear a Phil Foden corner.
Elsewhere, Bournemouth moved up to fourth with a 2-0 home win over Nottingham Forest, securing a fifth straight league win. Leeds United came back from a goal down to win 4-1 for its first win at Stamford Bridge since 1999.
Sunderland earned a 0-0 draw away to Aston Villa, Coventry City beat Crystal Palace 3-2, and Tottenham beat Ipswich Town 2-0, with 18-year-old Luca Williams-Barnett scoring in the 15th minute of his first Premier League start before setting up Dominic Solanke six minutes after halftime.
Photo caption 1: (L-R) Arsenal's Noni Madueke, Gabriel Magalhaes and Ben White celebrate during the English Premier League football match between Arsenal FC and Everton FC in London, Britain, on Oct. 24, 2026. (Xinhua)
Photo caption 2: Luca Williams-Barnett (1st L) of Tottenham Hotspur celebrates his goal with teammates during the English Premier League match between Tottenham Hotspur and Ipswich Town in London, Britain, on Nov. 21, 2026. (Xinhua)








