ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသည့် နိုင်ငံတကာကားပြပွဲတွင် BYD ပြခန်းအား ကြည့်ရှုနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပသည့် နိုင်ငံတကာကားပြပွဲတွင် BYD ပြခန်းအား ကြည့်ရှုနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ သိသိသာသာမြင့်တက်လာပြီး လျှပ်စစ်ကားများ အလျင်အမြန် တွင်ကျယ်လာသော နောက်ခံအခြေအနေတွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ကမ္ဘာတစ်ဝန်း ဈေးကွက် ၃၉ ခု၌ တရုတ်အမှတ်တံဆိပ် ကားအသစ် ဈေးကွက်ဝေစုသည် ဂျပန်ကားကုမ္ပဏီများထက် ကျော်လွန်သွားခဲ့သည်ဟု Nikkei Asia က နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဆောင်းပါးရေးသား ဖော်ပြခဲ့သည်။

အမေရိကန် သုတေသနအဖွဲ့အစည်းဖြစ်သည့် Global Automotive Consulting က ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကားသစ်ရောင်းချရမှု အချက်အလက်များကို ဆန်းစစ်လေ့လာချက်အရ နိုင်ငံနှင့် ဒေသပေါင်း ၃၉ ခုတွင် တရုတ်ကားအမှတ်တံဆိပ်များ၏ ဈေးကွက်ဝေစုသည် ဂျပန်အမှတ်တံဆိပ်များထက် ကျော်လွန်နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ယင်းတို့အနက် ဈေးကွက် ၁၄ ခုမှာ ယခုနှစ်မှသာ စတင်ကျော်တက်နိုင်ခဲ့ခြင်းဖြစ်ပြီး ၈ ခုမှာ ဥရောပ၌ တည်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဥရောပ၏ အကြီးဆုံးကားဈေးကွက် ဂျာမနီနိုင်ငံတွင် တရုတ်အမှတ်တံဆိပ်များ၏ စုစုပေါင်း ဈေးကွက်ဝေစုသည် ယမန်နှစ် အလားတူကာလထက် ၂ ရာခိုင်နှုန်းပွိုင့် မြင့်တက်လာခဲ့ကြောင်း၊ အီတလီနိုင်ငံတွင် တရုတ်ကားအမှတ်တံဆိပ်များ၏ ဈေးကွက်ဝေစုမှာ ၆ ရာခိုင်နှုန်းပွိုင့် မြင့်တက်ခဲ့ပြီး ဘရာဇီးနိုင်ငံတွင်မူ တရုတ်ကားအမှတ်တံဆိပ်၏ ဈေးကွက်ဝေစုသည် ၁၀ ရာခိုင်နှုန်းပွိုင့်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်ကားအမှတ်တံဆိပ်များ၏ ရောင်းအားမြင့်တက်လာခြင်းသည် လျှပ်စစ်ကား ဝယ်လိုအားမြင့်တက်လာခြင်း၊ လောင်စာဆီသုံးကား ဝယ်လိုအားကျဆင်းလာခြင်းတို့နှင့် ဆက်စပ်နေကြောင်း၊  ဂျပန်ကားကုမ္ပဏီများ ကာလရှည်ကြာ အသာစီးရထားသည့် အရှေ့တောင်အာရှဈေးကွက်တွင်လည်း ၎င်းတို့နှစ်ဖက်အကြား ကွာဟချက်မှာ ပိုမိုကျဉ်းမြောင်းလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

日媒:中国新车份额在全球39个市场超越日本

新华社东京11月23日电(记者李诗萌 蓝建中)《日本经济新闻》23日刊文说,在全球原油价格大幅上涨、电动汽车快速普及背景下,今年1月至9月,中国品牌新车在全球39个市场的份额超越日本车企。  

报道说,美国研究机构全球汽车咨询公司对1月至9月的新车销售数据进行分析后发现,中国汽车品牌在39个国家和地区的市场份额超过日本品牌。14个市场是于今年实现超越,8个位于欧洲。在欧洲最大汽车市场德国,中国品牌合计市场份额较上年同期提高了2个百分点。在意大利,中国汽车品牌市场份额上升了6个百分点。在巴西,中国汽车品牌市场份额提高了10个百分点。  

报道说,中国汽车品牌销量增长,与电动汽车需求上升、燃油车需求下降有关。在日本车企长期占据优势的东南亚市场,双方差距进一步缩小。(完)

图说:10月13日,在法国巴黎国际车展上,人们参观比亚迪展台。新华社记者 邬惠我 摄