
မော်စကို၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)
အသစ်တစ်ကြိမ် ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို များမကြာမီ ကျင်းပတော့မည်ဖြစ်ကြောင်း၊ လက်ရှိတွင် ယခင်အကြိမ် ဆွေးနွေးပွဲကျင်းပရာနေရာ ယူအေအီးနိုင်ငံ မြို့တော်အဘူဒါဘီ၌ ကျင်းပရန် စဉ်းစားလျက်ရှိပြီး အသေးစိတ်ရက်အား အတည်မပြုရသေးကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ဒီမီထရီ ပက်စ်ကော့ဗ်က နိုဝင်ဘာ ၂၃ ရက်တွင် ရုရှားသတင်းဌာန RIA Novosti ကို ပြောကြားခဲ့သည်။
“ဆွေးနွေးပွဲက သိပ်မကြာခင် ကျင်းပတော့မှာပါ၊ ဒါပေမဲ့ ရက်စွဲကို အတည်မပြုရသေးပါဘူး” ဟု ဒီမီထရီ ပက်စ်ကော့ဗ်က ဆိုခဲ့သည်။ ရုရှားဘက်အနေဖြင့် လက်ရှိစဉ်းစားထားသော ကျင်းပရာနေရာမှာ အဘူဒါဘီဖြစ်ပြီး အခြားအစီအစဉ်လည်း ရှိနိုင်ခြေရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ရက်ကြာ ကျင်းပခဲ့သော ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် အဘူဒါဘီမြို့၌ ကျင်းပပြီးစီးခဲ့သည်။ ဘက်အသီးသီးက စစ်သုံ့ပန်း အရေအတွက် အများအပြား လဲလှယ်မှုအတွက် သဘောတူညီမှု ရရှိခဲ့သော်လည်း ပဋိပက္ခ အဆုံးသတ်ရေး၊ နယ်မြေပိုင်နက် အငြင်းပွားမှု၊ ယူကရိန်း လုံခြုံရေးဆိုင်ရာ အာမခံချက်နှင့် ဥရောပ အနာဂတ်လုံခြုံရေး ဖွဲ့စည်းပုံ စသည့် အဓိကအရေးကိစ္စများတွင်မှု “ကြီးမားသည့် သဘောထားကွဲလွဲမှုများ” ရှိနေဆဲဖြစ်သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
俄方考虑在阿布扎比举行新一轮俄美乌三方会谈
新华社莫斯科11月23日电 俄罗斯总统新闻秘书佩斯科夫23日对俄新社说,新一轮俄美乌三方会谈将很快举行,目前考虑仍在上一轮会谈的举办地阿联酋首都阿布扎比举行,具体日期尚未确定。
佩斯科夫说:“会谈很快会举行,但日期还没定下来。”他表示,俄方目前考虑的举办地仍是阿布扎比,但也可能有其他方案。
为期两天的俄美乌三方会谈11日在阿布扎比结束,各方就大规模交换被俘人员达成协议,但在结束冲突、领土争议、乌克兰安全保障及欧洲未来安全架构等关键问题上仍存“重大分歧”。(完)
图说:这是11月10日在阿联酋首都阿布扎比拍摄的俄美乌三方会谈现场。新华社/阿联酋通讯社








