
ကင်ရှာဆာ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သော ရောဂါဖြစ်ပွားမှု အခြေအနေ အစီရင်ခံစာအရ အဆိုပါနိုင်ငံသည် ယခုအကြိမ် အီဘိုလာရောဂါ ဖြစ်ပွားမှုတွင် စုစုပေါင်း အတည်ပြုလူနာဦးရေ ၈,၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လက်ရှိ ရောဂါဖြစ်ပွားပျံ့နှံ့မှုသည် အတန်အသင့်မြင့်မားသည့် အဆင့်၌ ရှိနေဆဲဖြစ်ကြောင်း၊ ထို့ပြင် သက်ရောက်မှုရှိသည့် အတိုင်းအတာမှာ ဆက်တိုက် တိုးချဲ့လာလျက်ရှိကြောင်း မကြာသေးမီရက်ပိုင်းက ပြောကြားခဲ့သည်။
အစီရင်ခံစာအရ စက်တင်ဘာ ၂၆ ရက်အထိ ကွန်ဂိုနိုင်ငံ (DRC) တွင် စုစုပေါင်း အစီရင်ခံတင်ပြသည့် အီဘိုလာရောဂါ အတည်ပြုလူနာဦးရေသည် ၈,၀၆၇ ဦးရှိပြီး ၎င်းအနက် သေဆုံးလူနာ ၃,၉၀၁ ဦးနှင့် ရောဂါပျောက်ကင်းသွားသူ ၂,၀၇၀ ဦးရှိရာ ရောဂါကြောင့် သေဆုံးမှုနှုန်းသည် ၄၈.၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုသည် နိုင်ငံတစ်ဝန်း ပြည်နယ် ၇ ခု၏ ကျန်းမာရေးဇုန် ၆၃ ခုကို သက်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
WHO က ကွန်ဂိုနိုင်ငံ (DRC) ၏ လက်ရှိ နေ့စဉ်အသစ်တိုး လူနာဦးရေမှာ အတန်အသင့် မြင့်မားသည့်အဆင့်၌ ရှိနေဆဲဖြစ်ကြောင်း၊ သို့သော် မတူညီသောပြည်နယ်နှင့် ကျန်းမာရေးဇုန်များအကြား ရောဂါဖြစ်ပွားမှု အနေအထားကွာဟမှုမှာ သိသာထင်ရှားကြောင်း စက်တင်ဘာ ၂၅ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ပြောကြားခဲ့သည်။
WHO က လက်ရှိရောဂါဖြစ်ပွားမှုကြောင့် သေဆုံးမှုနှုန်းသည် မြင့်မားသည့်အနေအထား၌ ရှိနေဆဲဖြစ်ကြောင်း၊ လူမှုအသိုက်အဝန်းအတွင်း သေဆုံးလူနာ အတန်အသင့်များပြားပြီး လူနာအားတွေ့ရှိခြင်း၊ လူနာက အချိန်မီ ဆေးကုသမှု ခံယူခြင်း စသည့်ကဏ္ဍများ၌ အတန်အသင့် ကြီးမားသော စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ယခုအကြိမ် ရောဂါဖြစ်ပွားမှုသည် ကြီးမားသော ပမာဏအသွင်၊ စဉ်ဆက်မပြတ် တိုးချဲ့မှု အနေအထား ဖြစ်နေကြောင်း၊ သေဆုံးမှုနှုန်းမှာ အတန်အသင့် မြင့်မားနေဆဲဖြစ်ရာ နယ်စပ်ဖြတ်ကျော် ကူးစက်ပျံ့နှံ့မှု အန္တရာယ်မှာ မြင့်တက်လာကြောင်း ၎င်းအဖွဲ့အစည်းကဆိုသည်။
ကွန်ဂိုနိုင်ငံ (DRC) မေ ၁၅ ရက်တွင် အီဘိုလာရောဂါ ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ကွန်ဂိုနိုင်ငံ (DRC) ၏ ယခုအကြိမ် အီဘိုလာရောဂါ ဖြစ်ပွားမှုသည် “မှတ်တမ်းရှိပြီးနောက် ဒုတိယအကြီးဆုံး အီဘိုလာရောဂါ ဖြစ်ပွားမှု” ဖြစ်သည်ဟု ဩဂုတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

---------------------
(Chinese Version)
刚果(金)本轮埃博拉疫情确诊病例超8000例
新华社金沙萨9月28日电(记者史彧)刚果(金)卫生部28日发布的疫情报告显示,该国本轮埃博拉疫情累计确诊病例已超过8000例。世界卫生组织日前表示,当前疫情传播仍处于较高水平,且波及范围继续扩大。
报告显示,截至9月26日,刚果(金)累计报告埃博拉确诊病例8067例,其中死亡3901例,治愈2070例,病死率为48.4%。疫情已波及全国7个省的63个卫生区。
世卫组织25日发布报告说,刚果(金)当前每日新增病例数仍处于较高水平,但不同省份和卫生区疫情形势差异明显。
世卫组织指出,当前疫情病死率仍处于高位,社区死亡病例较多,在病例发现和患者及时救治方面仍面临较大挑战。该组织表示,本轮疫情已呈现大规模、持续扩散态势,死亡率仍较高,跨境传播的风险有所上升。
刚果(金)5月15日宣布暴发埃博拉疫情。世卫组织总干事谭德塞8月12日说,刚果(金)本轮疫情“已是有记录以来第二大埃博拉疫情”。(完)
图说1:8月16日,医护人员在位于刚果(金)东部北基伍省贝尼的一所埃博拉治疗中心工作。新华社发








