တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမန်ရင်ပြင်ပေါ်ရှိ “အမိမြေအား ဂုဏ်ပြုခြင်း” ဧရာမပန်းခြင်းတောင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမန်ရင်ပြင်ပေါ်ရှိ “အမိမြေအား ဂုဏ်ပြုခြင်း” ဧရာမပန်းခြင်းတောင်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ ဥယျာဉ်စိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဗျူရိုက တရုတ်အမျိုးသားနေ့  ၇၇ နှစ်မြောက် ထျန်းအန်းမန်ရင်ပြင်နှင့် ချန်အန်းလမ်း တစ်လျှောက် ပန်းအလှဆင်မှု အစီအစဉ်ကို စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထျန်းအန်မင်ရင်ပြင် အလယ်ဗဟိုတွင် “အမိမြေအား ဂုဏ်ပြုခြင်း” ဧရာမပန်းခြင်းတောင်းကို ပြင်ဆင်ထားပြီး နှစ်ဖက်ရှိ အပင်များစိုက်ပျိုးရာနေရာတွင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံခြင်း ဟူသော အနက်အဓိပ္ပာယ်ရှိ ပန်းအလှဆင် ခင်းကျင်းထားသောပုံစံကို ဆက်လက်အသုံးပြုထားသည်။

“အမိမြေအား ဂုဏ်ပြုခြင်း” ဧရာမပန်းခြင်းတောင်း၏ ပန်းစင်အောက်ခြေမှာ ပီအိုနီပန်းပုံစံဖြစ်ပြီး စည်ပင်ဝပြောခြင်း ဟူသော အဓိပ္ပာယ်ဆောင်သည်။ ပန်းခြင်းတောင်းအတွင်း၌ သာယာလှပသော အနက်အဓိပ္ပာယ်ကို ကိုယ်စားပြုသည့် ပန်း ၁၅ မျိုးနှင့် သစ်သီး ၅ မျိုးကို ရွေးချယ်ထားပြီး ပန်းများ အရောင်အသွေးစုံလင်စွာ ဝေဆာဖူးပွင့်ခြင်း၊ အသီးအနှံများ အထွက်ကောင်းခြင်းကို သင်္ကေတပြုထားသည်။

ရုပ်လုံးကြွ ပန်းစင်အလှဆင်မှု ၁၀ ခုကို ချန်အန်းလမ်းတစ်လျှောက်ရှိ ကျန့်ကောမန်မှ ဖုရှင်းမန် အကြားတွင် ဆင်ယင်ပြသထားမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း ပြည်သူများ လက်တွဲကြိုးပမ်းဆောင်ရွက်မှု၊ နိုင်ငံတော် စည်ပင်ဝပြော အင်အားတောင့်တင်းမှု၊ ပြည်သူများ ပျော်ရွှင်ချမ်းမြေ့မှုတို့၏ ခမ်းနားလှပသော မြင်ကွင်းကို ဖော်ပြသထားသည်။

ရုပ်လုံးကြွ ပန်းစင်များအပြင် ချန်အန်းလမ်း တစ်လျှောက်တွင် ပန်းအိုးပေါင်း ၄၅၀,၀၀၀ ခန့်ကို အသုံးပြု၍ ဧရိယာ စတုရန်းမီတာ ၇,၀၀၀ ခန့်ရှိသော မြေပြင်ပန်းစိုက်ခင်းများကိုလည်း အလှဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

.............................

(Chinese Version)

国庆花坛上新 长安街一路繁花

新华社照片,北京,2026年9月26日

9月26日,北京市园林绿化局公布国庆77周年天安门广场及长安街沿线花卉布置方案。 天安门广场中心布置“祝福祖国”巨型花篮,两侧绿地延续吉祥如意花带布置方式。“祝福祖国”巨型花篮的花坛底部为牡丹图案,寓意繁荣昌盛。花篮内选取了代表美好寓意的十五种花卉和五种水果,象征花团锦簇、硕果累累。
10组立体花坛将亮相长安街沿线建国门到复兴门之间,展现全国人民携手奋进、国家繁荣富强、人民幸福安康的壮阔图景。此外,除立体花坛外,长安街沿线还将使用约45万盆花卉布置约7000平米地栽花卉。

图说1:天安门广场上的“祝福祖国”巨型花篮(9月25日摄)。新华社记者 鞠焕宗 摄

图说2:游客在天安门广场上的“祝福祖国”巨型花篮前留影(9月25日摄)。新华社记者 鞠焕宗 摄