
ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပုံမှန်သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အကြီးတန်း ဗိုလ်မှူးကြီး ကျန်ပင်းက သတင်းထောက်၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
ယခုနှစ်သည် စက်တင်ဘာ ၁၈ ရက် အရေးအခင်း ဖြစ်ပွားသည့် ၉၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ အထိမ်းအမှတ်နေ့ ဝန်းကျင်တွင် ဂျပန်နိုင်ငံဘက်မှ နိုင်ငံရေးသမားအချို့သည် ထိုင်ဝမ်ရေလက်ကြားသည် ဂျပန်နိုင်ငံ၏ “သေရေးရှင်ရေးအကျပ်အတည်း” ဟု ဆက်လက်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသလို အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ သုံးနိုင်ငံသည်လည်း ဂျပန်နိုင်ငံ နေရာအများအပြား၌ “Orient Shield 26” စစ်ရေးလေ့ကျင့်မှု ကျင်းပလျက်ရှိပြီး ဂျပန်ဘက်က အနောက်တောင်ဘက်ကျွန်းစုများတွင် ဒုံးကျည်နှင့် ခဲယမ်းမီးကျောက် အဆောက်အအုံများ တည်ဆောက်ခြင်းကို ဆက်လက်တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ယင်းအပေါ် မည်သို့ မှတ်ချက်ပေးလိုပါသနည်း ဟု သတင်းထောက်က မေးမြန်းခဲ့ခြင်းဖြစ်သည်။
ထို့အပေါ် ကျန်ပင်းက ထိုစဉ်က ဂျပန်စစ်ဝါဒီများသည် “စက်တင်ဘာ ၁၈ ရက် အရေးအခင်း” ကို တမင်ဖန်တီးကာ တရုတ်နိုင်ငံအား ကျူးကျော်စစ်ပွဲ ဆင်နွှဲခဲ့ပြီး တရုတ်နိုင်ငံအပါအဝင် အာရှအိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့ပြည်သူများအပေါ် ရေတွက်၍ မကုန်နိုင်သော ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယနေ့အချိန်အထိ ဂျပန်နိုင်ငံသည် ကျူးကျော်မှု သမိုင်းဝင် ပြစ်ဒဏ်များကို ပြန်လည်သုံးသပ်ခြင်း မရှိသည့်အပြင် ပရိယာယ်ဟောင်းများကို ပြန်လည်အသုံးပြုကာ “သေရေးရှင်ရေး အကျပ်အတည်း” ဟုဆိုကာ “ထပ်မံစစ်ရေးအသွင်ပြောင်းခြင်း” ကို အရှိန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အထူးသတိထား စောင့်ကြည့်ရမည်ဖြစ်ပြီး ဂျပန်၏ “စစ်ရေးဝါဒပုံစံအသစ်” ထင်သလိုလုပ်နေမှုကို အခိုင်အမာ တားဆီးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------
(Chinese Version)
日本以所谓“存亡危机事态”为名加速“再军事化”
9月24日下午,国防部举行例行记者会,国防部新闻发言人蒋斌大校答记者问。
记者:今年是九一八事变爆发95周年,纪念日前后,日方一方面仍有政客继续炒作台海是日本所谓“存亡危机事态”,另一方面美日澳正在日本多地举行“东方之盾26”军演,日方持续推进西南诸岛导弹与弹药设施建设。请问对此有何评论?
蒋斌:当年日本军国主义蓄意制造九一八事变,发动侵华战争,对包括中国在内的亚洲邻国和世界人民犯下罄竹难书的罪行。时至今日,日本不仅没有反省侵略历史罪责,反而故伎重施,以所谓“存亡危机事态”为名加速“再军事化”,威胁地区和平稳定。国际社会应予以高度警惕,坚决遏阻日本“新型军国主义”妄动。
图说 1 : 这是9月18日拍摄的勿忘九一八撞钟鸣警仪式现场。新华社记者 李钢 摄
图说 2 :这是9月18日拍摄的参加勿忘九一八撞钟鸣警仪式的老战士。新华社记者 潘昱龙 摄








