
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
နိုင်ငံအသီးသီးအနေဖြင့် လက်တွေ့ကျလုပ်ဆောင်နိုင်သော စွမ်းအင်အသွင်ကူးပြောင်းမှု လမ်းပြမြေပုံကို ရေးဆွဲရန်၊ အချိန်ဇယားကို ရှင်းလင်းပြတ်သားစွာ သတ်မှတ်ရန် တိုက်တွန်းခဲ့ပြီး တစ်ချိန်တည်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရာတွင် ကူညီပံ့ပိုးပေးနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအား ရန်ပုံငွေထောက်ပံ့မှုများ တိုးမြှင့်ထည့်ဝင်ကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က စက်တင်ဘာ ၂၃ ရက်တွင် ကုလသမဂ္ဂရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး၌ တိုက်တွန်းခဲ့သည်။
“ကမ္ဘာကြီးက ရာသီဥတုတရားမျှတမှုရရှိဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုနေပါတယ်၊ (ရာသီဥတုပြောင်းလဲသည့် သက်ရောက်မှုများ) လျှော့ချရေး၊ လိုက်လျောညီထွေဖြစ်ရေးနဲ့ ရန်ပုံငွေထည့်ဝင်မှုတွေမှာ လှုပ်ရှားမှုတွေနဲ့ ကျွန်တော်တို့ ဒီတောင်းဆိုမှုကို မဖြစ်မနေ တုံ့ပြန်ရမယ်” ဟု ဂူတာရက်စ်က မိန့်ခွန်းတွင် ပြောကြားသည်။
ဂူတာရက်စ်က နိုင်ငံအသီးသီးအနေဖြင့် ရာသီဥတုဆိုင်ရာလှုပ်ရှားမှုအတွက် ရန်ပုံငွေထည့်မှု တိုးမြှင့်ရန် တိုက်တွန်းခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများ ဦးဆောင်မှုအောက်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နှစ်စဉ် ရာသီဥတုဘဏ္ဍာရေးရန်ပုံငွေ အနည်းဆုံး ကန်ဒေါ်လာ ၃၀၀ ဘီလီယံ စုဆောင်းပေးရန်၊ ၂၀၃၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုဘဏ္ဍာရေးပမာဏကို နှစ်စဉ် ကန်ဒေါ်လာ ၁.၃ ထရီလီယံ အထိ မြှင့်တင်နိုင်အောင် ကြိုးပမ်းရန် တိုက်တွန်းခဲ့သည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ လျှပ်စစ်ကွန်ရက်နှင့် စွမ်းအင်သိုလှောင်အဆောက်အအုံများ တိုးမြှင့်မှုမှတစ်ဆင့် ဉာဏ်ရည်တုနည်းပညာ အပါအဝင် လျင်မြန်စွာမြင့်တက်လာသော လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းရမည်ဟုလည်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
စွမ်းအင်အသွင်ကူးပြောင်းမှုသည် တရားမျှတမှု၊ သမာသမတ်ကျမှု ရှိရန်၊ အလုပ်အကိုင်များ ဖန်တီးရန်၊ လူမှုဖူလုံရေးအားကောင်းစေရန် သေချာစေရမည့်တစ်ချိန်တည်းတွင်ပင် ဖွံ့ဖြိုးဆဲနိုင်ငံများ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ဆုံးဖြတ်ရာတွင် ပါဝင်နိုင်ပြီး ၎င်း၏အကျိုးခံစားခွင့်များကို မျှဝေခံစားနိုင်စေရမည်ဟုလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
古特雷斯呼吁各国制定能源转型路线图
新华社联合国9月23日电(记者施春)联合国秘书长古特雷斯23日在联合国气候峰会上呼吁各国制定切实可行的能源转型路线图,明确时间表,同时敦促国际社会加大资金投入以协助发展中国家应对气候变化。
古特雷斯在致辞中说:“世界正强烈呼吁实现气候正义,在减缓、适应(气候变化影响)以及资金投入方面,我们必须以行动响应这一呼声。”
古特雷斯呼吁各国加大对气候行动的资金投入,在发达国家带头下为发展中国家每年筹集至少3000亿美元气候融资资金,争取到2035年将全球气候融资规模提升至每年1.3万亿美元。
古特雷斯还表示,必须通过增加可再生能源、电网和储能设施,来满足包括人工智能在内的快速增长的电力需求。
他同时强调,必须确保能源转型公平公正,创造就业、加强社会保障,同时让发展中国家能够参与决定转型进程,并分享其红利。(完)
图说:9月23日,联合国秘书长古特雷斯在纽约联合国总部举行的联合国气候峰会上致辞。新华社记者 吴晓凌 摄








