တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ လက်ရှိအစိုးရက ကျူးကျော်မှုသမိုင်းကို ငြင်းပယ်ပြီး စစ်ရာဇဝတ်မှုကို တန်ဆာဆင်သည်သာမက စစ်ရေးအင်အားတည်ဆောက်ခြင်း၊ စစ်ရေးအင်အားတိုးချဲ့ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်၍ “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” အား အရှိန်မြှင့် တွန်းအားပေးဖော်ဆောင်လျက်ရှိကြောင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အား စွန့်ပစ်ရန်၊ “ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ” အား ပြင်ဆင်ရန် ကြိုးပမ်းကာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်အား ပြောင်ပြောင်တင်းတင်း စိန်ခေါ်သဖြင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအား ခြိမ်းခြောက်နေသည့် သိသာထင်ရှားသော အကြောင်းရင်းဖြစ်လာပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဒေသစံတော်ချိန် စက်တင်ဘာ ၂၂ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆွေးနွေးမှုတွင် ဂျပန်က ငြိမ်းချမ်းသောနိုင်ငံအနေဖြင့် “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” မူဝါဒကိုသာ အခိုင်အမာ လက်ကိုင်ထားကာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ငြိမ်းချမ်းရေးနှင့် စည်ပင်ဝပြောမှုအတွက် အကျိုးထမ်းဆောင်နေသည့်အပြင် “နျူကလီးယားလက်နက် ကင်းစင်သောကမ္ဘာကြီး” ကို တွန်းအားပေးဖော်ဆောင်သွားမည်ဖြစ်ရာ “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ပါ “ရန်သူနိုင်ငံအကြောင်းအရာ” အား ပယ်ဖျက်ပေးရန် တိုက်တွန်းသည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဂျပန်က ဘယ်လိုပြောတယ်ဆိုတာထက် ဂျပန်က ဘယ်လိုလုပ်သလဲ ဆိုတာကို ပိုပြီးဂရုပြုပါတယ်” ဟု ကောကျားခွန်းက ဆိုခဲ့သည်။

စစ်ပွဲအလွန်တွင် ဂျပန်နိုင်ငံ၏ “ငြိမ်းချမ်းရေးနိုင်ငံ” အယူအဆမှာ သမိုင်းအား လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်မှု၊ စစ်ဝါဒနှင့် အပြည့်အဝဖြတ်တောက်ခြင်း အခြေခံပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ သို့သော် လက်တွေ့တွင် ဂျပန်နိုင်ငံ လက်ရှိအစိုးရက ကျူးကျော်မှုသမိုင်းကို ငြင်းပယ်ပြီး စစ်ရာဇဝတ်မှုကို တန်ဆာဆင်သည်သာမက စစ်ရေးအင်အား တည်ဆောက်ခြင်း၊ စစ်ရေးအင်အားတိုးချဲ့ခြင်းတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်၍ “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” အား အရှိန်မြှင့် တွန်းအားပေးဖော်ဆောင်လျက်ရှိကြောင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အား စွန့်ပစ်ရန်၊ “ငြိမ်းချမ်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေ” အား ပြင်ဆင်ရန် ကြိုးပမ်းကာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်အား ပြောင်ပြောင်တင်းတင်း စိန်ခေါ်သဖြင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအား ခြိမ်းခြောက်နေသည့် သိသာထင်ရှားသော အကြောင်းအချက်ဖြစ်လာပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုနှစ်သည် ကုလသမဂ္ဂ တည်ထောင်သည့် ၈၁ နှစ်ပြည့်ဖြစ်သလို တိုကျိုခုံရုံးတင်စီရင်ခြင်း နှစ် ၈၀ ပြည့်လည်းဖြစ်ကြောင်း၊ ထိုစဉ်က ဂျပန်နိုင်ငံသည် စစ်ဝါဒီပြစ်မှုများကို ဝန်ခံခြင်း၊ “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ပါ အကြောင်းအရာအားလုံးကို လက်ခံခြင်း အခြေအနေဖြင့် ကုလသမဂ္ဂ၌ ပါဝင်ခွင့်ခဲ့ခြင်း ဖြစ်ကြောင်း ကောကျားခွန်းက ဆိုခဲ့သည်။

“ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” ပါ “ရန်သူနိုင်ငံအကြောင်းအရာ” သည် အရေးကြီးစနစ်ဆိုင်ရာ စီစဉ်မှုဖြစ်ပြီး ဖက်ဆစ်ဝါဒ၊ စစ်ဝါဒီများက နိုင်ငံတကာငြိမ်းချမ်းမှုနှင့် လုံခြုံမှုအပေါ် ခြိမ်းခြောက်မှု ထပ်မံဖြစ်စေခြင်းကို ကာကွယ်ရန်၊ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်အား ကာကွယ်စောင့်ရှောက်ရန်အတွက် အရေးကြီး စနစ်ပိုင်းဆိုင်ရာ အာမခံပေးမှု ပံ့ပိုးပေးရန် ရည်ရွယ်ကာ ယနေ့တိုင် အရေးကြီးသော လက်တွေ့အနက်အဓိပ္ပာယ် ရှိနေဆဲဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

“ဂျပန်နိုင်ငံက သမိုင်းမှ သင်ခန်းစာယူကာ လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ပြီး အာရှအိမ်နီးချင်းနိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို လက်တွေ့လှုပ်ရှားမှုနဲ့ ရယူဖို့ ကျွန်တော်တို့ တိုက်တွန်းလိုက်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

外交部:日本现政权已成为威胁地区和平稳定突出因素

新华社北京9月23日电(记者万倩仪、马卓言)外交部发言人郭嘉昆23日表示,日本现政权不仅否认侵略历史、美化战争罪行,还持续强军扩武,加速“再军事化”,图谋抛弃“无核三原则”,修改“和平宪法”,公然挑战战后国际秩序,已经成为威胁地区和平稳定的突出因素。  

当日例行记者会上,有记者问:当地时间9月22日,日本首相高市早苗在联合国大会发言称,日本作为和平国家坚持专守防卫政策,为国际社会的和平与繁荣贡献力量,将推进“无核武器世界”,呼吁删除《联合国宪章》中“敌国条款”。请问中方对此有何评论?  

“相比日方怎么说,国际社会更关注日方怎么做。”郭嘉昆说。他表示,战后日本“和平国家”理念是建立在深刻反省历史、彻底同军国主义切割的基础之上。但事实上,日本现政权不仅否认侵略历史、美化战争罪行,还持续强军扩武,加速“再军事化”,图谋抛弃“无核三原则”,修改“和平宪法”,公然挑战战后国际秩序,已经成为威胁地区和平稳定的突出因素。  

郭嘉昆表示,今年是联合国成立81周年,也是东京审判开庭80周年。当年,日本以承认军国主义罪行、接受《联合国宪章》全部内容为前提加入联合国。《联合国宪章》中的“敌国条款”是重要制度安排,旨在防止法西斯主义、军国主义再度对国际和平与安全构成威胁,为捍卫战后国际秩序提供了重要制度保障,时至今日仍然具有重要现实意义。“我们敦促日方以史为鉴、深刻反省,以实际行动取信于亚洲邻国和国际社会。”(完)