တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမန်ရင်ပြင်တွင် နိုင်ငံတော်အလံတင်ခြင်း အခမ်းအနား ကြည့်ရှုနေကြသော အလံတင်အဖွဲ့ ကိုယ်စားလှယ်များအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမန်ရင်ပြင်တွင် နိုင်ငံတော်အလံတင်ခြင်း အခမ်းအနား ကြည့်ရှုနေကြသော အလံတင်အဖွဲ့ ကိုယ်စားလှယ်များအား ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသရှိ တက္ကသိုလ်၊ အထက်တန်းနှင့် အလယ်တန်း၊ မူလတန်းကျောင်းများမှ အလံတင်အဖွဲ့ ကိုယ်စားလှယ် ၁,၀၀၀ ခန့်သည် တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမန်ရင်ပြင်တွင် နိုင်ငံတော်အလံတင်ခြင်း အခမ်းအနားကို စက်တင်ဘာ ၂၀ ရက်က လာရောက်ကြည့်ရှုခဲ့သည်။

ဟောင်ကောင်၊ မကာအို ကျောင်းသားလူငယ်များ၏ မျိုးချစ်စိတ်ဓာတ်ပညာရေးကို နက်ရှိုင်းစွာ မြှင့်တင်ရန်အတွက် စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ၊ CPC ဗဟိုကော်မတီ ဟောင်ကောင်-မကာအိုရေးရာရုံး၊ နိုင်ငံတော်ကောင်စီ ဟောင်ကောင်-မကာအိုရေးရာရုံးနှင့် ပေကျင်းမြို့ ပြည်သူ့အစိုးရတို့က ဟောင်ကောင်၊ မကာအိုဒေသရှိ တက္ကသိုလ်၊ အထက်တန်းနှင့် အလယ်တန်း၊ မူလတန်းကျောင်းမှ အလံတင်အဖွဲ့ ကိုယ်စားလှယ်များကို ပေကျင်းမြို့သို့ လာရောက်၍ “နိုင်ငံတော်အလံ အလေးပြုခြင်း” ခေါင်းစဉ်ဖြင့် လှုပ်ရှားမှုများ ပြုလုပ်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(Chinese Version)

千名港澳青少年升旗队代表天安门广场观看升国旗仪式

新华社照片,北京,2026年9月21日

9月20日,来自香港、澳门的约1000名大中小学升旗队代表在北京天安门广场观看升国旗仪式。 为推动港澳青少年爱国主义教育深入开展,9月18日至22日,香港特区政府、澳门特区政府,中央港澳办、国务院港澳办,北京市人民政府组织港澳大中小学升旗队代表访京,开展“向国旗敬礼”主题活动。

图说1:9月20日,升旗队代表在天安门观看升旗仪式。 新华社记者 张笑宇 摄

图说2:9月20日,升旗队代表在天安门观看升旗仪式后在天安门前合影。新华社记者 张笑宇 摄