အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီက ၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ တက်ရောက်နေစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီက ၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ တက်ရောက်နေစဉ် (ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အီရန်နှင့် အမေရိကန်တို့သည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၂ ရက်တွင် အမေရိကန် နယူးယောက်မြို့၌ ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲ ကျင်းပသည့်ကာလအတွင်း ကြားဝင်စေ့စပ်သည့် ကာတာနိုင်ငံမှ တစ်ဆင့်ခံဆွေးနွေးမှု လုပ်ဆောင်ခဲ့ရာ အမေရိကန်ထံသို့ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် တောင်းဆိုချက်ကို အဆိုပြုပြောကြားခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အီရန်ဘက်က အဆိုပြုသော ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် တောင်းဆိုချက်များတွင် အမေရိကန်က အီရန်နှင့် ၎င်းဒေသတွင် မဟာမိတ်များအပေါ် စစ်ရေးလှုပ်ရှားမှု ရာသက်ပန်ရပ်တန့်ရန်၊ အီရန်အပေါ် ပင်လယ်ပြင်ပိတ်ဆို့မှုနှင့် အရေးယူပိတ်ဆို့မှုအားလုံးကို ပယ်ဖျက်ရန်၊ အီရန်၏ ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှုအရင်းအနှီးများအား ပြန်လည်ပေးအပ်ပြီး နစ်နာဆုံးရှုံးများအား လျော်ကြေးပေးရန် စသည်တို့ ပါဝင်ကြောင်း ဘဂါအီက ထိုနေ့တွင် နယူးယောက်မြို့၌ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သတင်းအေဂျင်စီ (IRNA) ၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

ထို့ပြင် အီရန်မီဒီယာများ၏ သတင်းအရ ယခုအကြိမ်ဆွေးနွေးမှုသည် “အမေရိကန်၏ တောင်းဆိုချက်အရ” လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အီရန်အနေဖြင့် အမေရိကန် သမ္မတ၏ အထူးသံတမန် Steve Witkoff ၏ တွေ့ဆုံရန် တောင်းဆိုချက်အား သဘောတူခြင်းမှာ “ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရန် အီရန်၏ တောင်းဆိုချက်” အား ပြောကြားရန် လိုအပ်ချက်ကြောင့်ဖြစ်ကြောင်း သိရသည်။

Steve Witkoff က စက်တင်ဘာ ၂၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ကြားဝင်စေ့စပ်သည့်ဘက်နှင့် အီရန်ကိုယ်စားလှယ်အဖွဲ့သည် “အချိန်ကြာရှည်သော တွေ့ဆုံဆွေးနွေးမှု” လုပ်ဆောင်ခဲ့ကြောင်း၊ ယခုအကြိမ် ဆွေးနွေးမှုသည် “အပြုသဘောဆောင်” ပြီး “အားတက်ဖွယ်တိုးတက်မှုများ သယ်ဆောင်လာရန်” မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန် အစိုးရအရာရှိများက စက်တင်ဘာ ၂၂ ရက်တွင် နယူးယောက်မြို့၌ ၃ နာရီကြာ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့ပြီး များမကြာမီတွင် နောက်တစ်ကြိမ် ထပ်မံဆွေးနွေးရန် စီစဉ်ထားကြောင်း အမေရိကန် သမ္မတ ထရမ့်က ထိုနေ့တွင် အတည်ပြုခဲ့သည်။ Steve Witkoff နှင့် ထရမ့်၏ သမက်ဖြစ်သူ Kushner တို့ ယခုအကြိမ်ဆွေးနွေးမှုတွင် ပါဝင်ခဲ့ကြကြောင်း သိရသည်။

၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ထရမ့်က ဖွင့်ပွဲအခမ်းအနားနေ့တွင် အမှာစကားပြောကြားရာ၌ အီရန်အား လျင်မြန်စွာ “ဖျက်ဆီး” နိုင်ကြောင်း၊ သို့သော် နှစ်ဖက်က နိုဝင်ဘာလ အမေရိကန်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် ပဋိပက္ခ အဆုံးသတ်ရန် သဘောတူညီချက် ရရှိသည့်ဖြစ်နိုင်ခြေကို ဖယ်ထား၍မရကြောင်း ဆိုခဲ့သည်။ (Xinhua)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားနေသည့် အမေရိကန် သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားနေသည့် အမေရိကန် သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

美伊联大期间举行间接会谈 伊朗再提重开海峡条件

新华社德黑兰9月23日电 伊朗外交部发言人巴加埃23日表示,当地时间22日在美国纽约举行的第81届联合国大会一般性辩论期间,伊朗与美方通过调解方卡塔尔举行会谈,向美方传达关于重开霍尔木兹海峡的条件。  

巴加埃当天在纽约接受伊朗伊斯兰共和国通讯社采访时说,伊方提出的重开霍尔木兹海峡的条件包括美国应永久停止对伊朗及其地区盟友的军事行动,解除对伊海上封锁和全部制裁,归还伊朗被冻结资产并赔偿损失等。  

另据伊朗媒体消息,此次会谈是“应美方要求”。伊方同意美总统特使威特科夫的会晤请求,是出于传达“伊朗关于重开霍尔木兹海峡条件”的需要。  

威特科夫22日晚在社交媒体发文说,通过调解方与伊朗代表团进行了“长时间会谈”,希望此轮讨论“富有建设性”并“带来积极进展”。  

美国总统特朗普22日证实,美国和伊朗官员当天在纽约进行了3小时会谈,并计划很快再谈一次。据悉,威特科夫和特朗普的女婿库什纳参加了此次会谈。  

第81届联合国大会一般性辩论22日在纽约联合国总部开幕。特朗普在开幕当天讲话中称可迅速“摧毁”伊朗,但不排除双方在11月美国国会中期选举后达成结束冲突协议的可能性。(完)

图说1:9月22日,在位于纽约的联合国总部,美国总统特朗普在第81届联合国大会一般性辩论上发言。新华社记者 吴晓凌 摄

图说2:8月3日,在伊朗首都德黑兰,伊朗外交部发言人巴加埃出席例行新闻发布会。新华社记者 沙达提 摄