
မော်စကို၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်က ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုကို ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှု ဥပဒေအသစ်ကို အတည်ပြုလိုက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာရေးနှင့် ရုရှား-ယူကရိန်း ပဋိပက္ခ ဖြေရှင်းရေးတို့အတွက် အထောက်အကူမပြုကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းရေးမှူး ဒီမီထရီ ပက်စ်ကော့ဗ်က စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။
ပက်စ်ကော့ဗ်က ထိုနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ လက်ရှိတွင် အမေရိကန်ဘက်က ရုရှားကုမ္ပဏီလုပ်ငန်းများ၊ ပုဂ္ဂိုလ်များ စသည်တို့အပေါ် ချမှတ်ထားသည့် အမျိုးမျိုးသော ပိတ်ဆို့အရေးယူမှု အရေအတွက်မှာ သုံးသောင်းကျော် ရှိပြီးဖြစ်ကာ ရုရှားဘက်က ယင်းပိတ်ဆို့အရေးယူမှုများကို အတိုင်းအတာတစ်ခုအထိ လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ထားပြီး ပိတ်ဆို့အရေးယူမှုများ၏ ဆိုးကျိုးသက်ရောက်မှုများကို အမြင့်ဆုံး လျှော့ချရန် အစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
မီဒီယာများ၏ ဖော်ပြချက်အရ စက်တင်ဘာ ၁၈ ရက်တွင် အမေရိကန်သမ္မတ ထရမ့်က “၂၀၂၆ ခုနှစ် ရုရှားနှင့် အီရန်အား ပိတ်ဆို့အရေးယူခြင်းဆိုင်ရာ လင်ဆေး အို ဂရေဟမ် အက်ဥပဒေ” ကို လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေသည် ကွယ်လွန်သွားသော ဖက်ဒရယ် အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်၏ အစွဲပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး ရုရှားဖက်ဒရယ်အစိုးရ၏ အဆင့်မြင့်အရာရှိများ၊ သက်ဆိုင်ရာဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ရုရှားအစိုးရ ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်ထားသော အခြားအဖွဲ့အစည်းများ စသည်တို့ကို ပစ်မှတ်ထားသည်။ ယင်းဥပဒေက အမေရိကန်ဖက်ဒရယ်အစိုးရအား ရုရှားမှ တင်သွင်းသော ကုန်ပစ္စည်းများအပေါ် တန်ဖိုးအလိုက် စည်းကြပ်ခွန် အမြင့်ဆုံး ၅၀၀ ရာခိုင်နှုန်း ကောက်ခံရန် အခွင့်အာဏာ ပေးအပ်ထားကြောင်း သိရသည်။ (Xinhua)
......................................
(Chinese Version)
俄总统新闻秘书:美对俄新制裁不利于俄美关系修复
新华社莫斯科9月21日电(记者王作葵)俄罗斯总统新闻秘书佩斯科夫21日表示,美国通过针对俄罗斯石油天然气出口的新制裁法律不利于修复两国关系和解决俄乌冲突。
佩斯科夫在当天举行的新闻发布会上说,目前美国针对俄罗斯企业、个人等的各种制裁已超过3万项,俄罗斯已在相当程度上适应了这些制裁,并采取措施最大限度降低制裁的负面影响。
据媒体报道,9月18日,美国总统特朗普将《2026年格雷厄姆制裁俄罗斯和伊朗法案》签署成法。该法以已故联邦参议员林赛·格雷厄姆命名,针对对象包括:俄联邦政府高级官员、相关金融机构、俄政府拥有或控制的其他实体等。该法授权美联邦政府对从俄进口的商品最高征收500%从价关税。(完)
图说:这是5月16日在俄罗斯首都莫斯科拍摄的克里姆林宫(左)和圣瓦西里教堂。新华社记者 冯开华 摄








