အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ပြီးနောက် အဆိုပါဒေသ၌ ရှာဖွေနေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ပြီးနောက် အဆိုပါဒေသ၌ ရှာဖွေနေသူများကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်/ကဘူးလ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့သည် စက်တင်ဘာ ၂၁ ရက်တွင် ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်စပ်မျဉ်းတစ်လျှောက် အကြမ်းဖက်အဖွဲ့ဝင်များ ခိုအောင်းရာနေရာများသို့ လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ပြီး အကြမ်းဖက်အဖွဲ့ဝင် ၂၈ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ပြန်ကြားရေးနှင့် သတင်းထုတ်လွှင့်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

ပါကစ္စတန် လေတပ်သည် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်နှင့် Paktika ပြည်နယ်အား လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုဖြစ်ခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က အတည်ပြုခဲ့သည်။

ပါကစ္စတန်ဘက်၏ ကြေညာချက်တွင် ယခုအကြိမ်တိုက်ခိုက်မှုက ယုံကြည်ရသော သတင်းအရ လုပ်ဆောင်ခြင်းဖြစ်ပြီး စုစုပေါင်း ပစ်မှတ် ၃ ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ၎င်းအနက် အသေခံဗုံးခွဲ တိုက်ခိုက်သူများအား လေ့ကျင့်ရေးစင်တာတစ်ခု ပါဝင်ကြောင်း၊ ပစ်မှတ်နေရာတွင် သိုလှောင်ထားသော လက်နက်ခဲယမ်း အမြောက်အမြားလည်း ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

လတ်တလောကာလအတွင်း ပါကစ္စတန်နိုင်ငံ ပြည်တွင်း၌ အကြမ်းဖက်တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့သည် စက်တင်ဘာ ၂၀ ရက်တွင် အဆိုပါနိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်၌ မြေပြင်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်အဖွဲ့ဝင် ၉ ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းလည်း ကြေညာချက်အရ သိရသည်။

Zabihullah Mujahid က ပါကစ္စတန်ဘက်က Kunar ပြည်နယ်အပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ရာ သေဆုံးဒဏ်ရာရသူများမှာ အရပ်သားပြည်သူများဖြစ်ကြောင်း၊ ထို့ပြင် Paktika ပြည်နယ်၌ နေအိမ်တစ်လုံးနှင့် စတိုးဆိုင်တစ်ဆိုင် လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လက်ရှိတွင် လူထိခိုက်သေဆုံးမှု အစီရင်ခံတင်ပြခြင်း မရှိသေးကြောင်း စက်တင်ဘာ ၂၁ ရက်၌ လူမှုမီဒီယာ၌ ပို့စ်တင် ပြောကြားခဲ့သည်။ (Xinhua)

အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ပြီးနောက်ဒေသကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ Kunar ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ပြီးနောက်ဒေသကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

巴基斯坦打击边境地带恐怖分子 阿富汗称有平民伤亡

新华社伊斯兰堡/喀布尔9月21日电(记者杨恺 李昂)巴基斯坦新闻与广播部21日发表声明说,巴安全部队当天对巴基斯坦与阿富汗边境沿线的恐怖分子藏身处发起空袭,打死28名恐怖分子。阿富汗政府发言人穆贾希德证实,巴基斯坦空军21日凌晨空袭了阿富汗的库纳尔省和帕克蒂卡省,造成阿富汗平民伤亡。  

巴方声明表示,此次打击根据可靠情报展开,共摧毁3个目标,其中包括一个自杀式炸弹袭击者训练中心。目标地点储存的大量武器弹药也被摧毁。  

声明还说,在近期巴境内发生一系列恐怖袭击事件后,巴安全部队20日在该国西北部开伯尔-普什图省展开了一次地面行动,打死9名恐怖分子。  

穆贾希德21日在社交媒体发文称,巴方对库纳尔省的空袭造成3人死亡、4人受伤,伤亡人员均为平民。此外,帕克蒂卡省一栋房屋和一个商店遭轰炸,目前还未有人员伤亡的报告。(完)

图说1:9月21日,在阿富汗库纳尔省,人们在遭空袭后的区域内搜寻。新华社发(卡扎菲·马勒摄)

图说2:这是9月21日在阿富汗库纳尔省拍摄的遭空袭后的区域。新华社发(卡扎菲·马勒摄)