ယီမင်နိုင်ငံ မြို့တော် ဆန်နား၌ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသော ဆန်နား အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Houthi Media Center/Handout via Xinhua)
ယီမင်နိုင်ငံ မြို့တော် ဆန်နား၌ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသော ဆန်နား အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Houthi Media Center/Handout via Xinhua)

ကူဝိတ်စီးတီး၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ မြောက်ပိုင်း Al Jawf ပြည်နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်အား ဆော်ဒီအာရေဗျ တိုက်လေယာဉ်များက စက်တင်ဘာ ၂၀ ရက်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ လူ ၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်မှုအောက်ရှိ Almasirah ရုပ်မြင်သံကြားဌာန၏ ယင်းနေ့ သတင်းဖော်ပြချက်အရ သိရသည်။

ဆော်ဒီ တိုက်လေယာဉ်များသည် Al Jawf ပြည်နယ် Khabb wa ash Sha'af ခရိုင်ရှိ ဆက်သွယ်ရေးတာဝါတိုင်အား အဆိုပါနေ့တွင် လေကြောင်းတိုက်ခိုက်ခဲ့ရာ ဝန်ထမ်း ၄ ဦး သေဆုံးခဲ့ပြီး အခြား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။

ဆော်ဒီဘက်ကမူ အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ လတ်တလော တုံ့ပြန်ပြောကြားခြင်း မရှိသေးပေ။

ဆော်ဒီ တိုက်လေယာဉ်များသည် လွန်ခဲ့သော နာရီ ၂၄ နာရီအတွင်း ယီမင်နိုင်ငံ Al Jawf ပြည်နယ်၊ Ta'izz ပြည်နယ်နှင့် Marib ပြည်နယ်တို့အား လေကြောင်းတိုက်ခိုက်မှု ၂၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က စက်တင်ဘာ ၂၀ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။ ယခုတစ်ကြိမ် အခြေအနေများ တင်းမာလာပြီးနောက်ပိုင်း ဆော်ဒီနိုင်ငံက လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် အကြိမ်ရေမှာ ၇၆၀ ထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

လတ်တလောတွင် ဟူသီလက်နက်ကိုင်အဖွဲ့သည် အစိုးရစစ်တပ်အပေါ် ထိုးစစ်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ယီမင်အစိုးရအား ထောက်ခံသော ဆော်ဒီအာရေဗျနိုင်ငံအပေါ် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ပိတ်ဆို့မှု ပြုလုပ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

ယီမင်နိုင်ငံ မြို့တော် ဆန်နား အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တိုက်ခိုက်ခံရသည့်နေရာတွင် သံထည်အပျက်အစီးများ ပြန့်ကျဲနေပြီး အဝေး၌ ပျက်စီးသွားသော လေယာဉ်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Houthi Media Center/Handout via Xinhua)

------------------------------------------

(Chinese Version)

胡塞武装称沙特空袭也门北部通信塔致4人死亡

  新华社科威特城9月20日电(记者尹炣)萨那消息:据也门胡塞武装控制的马西拉电视台20日报道,沙特阿拉伯战机当日空袭也门北部焦夫省通信塔,造成4人死亡、3人受伤。

  报道说,沙特战机当天空袭了焦夫省哈卜与沙阿夫地区的通信塔,造成4名工作人员死亡,另有3人受伤。

  沙特方面暂未就上述事件作出回应。

  胡塞武装军事发言人叶海亚·萨雷亚当天早些时候称,沙特战机在过去24小时对也门焦夫省、塔伊兹省以及马里卜省发动28次空袭。他说,自本轮局势升级以来,沙特发动的空袭次数已达到760次。

  近期,胡塞武装加大对政府军攻势,并宣布对支持也门政府的沙特实施海上禁运。

图说 1 :7月13日,在也门首都萨那,萨那国际机场遭到空袭。 新华社发(胡塞媒体中心供图)

图说 2 :7月13日,在也门首都萨那国际机场,袭击现场散落着金属碎片,远处可见受损飞机。新华社发(胡塞媒体中心供图)