တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် လျင်ရီမြို့ရှိ ဘဏ်တစ်ခုတွင် ဝန်ထမ်းတစ်ဦးက တရုတ်ယွမ်ငွေ ရေတွက်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် လျင်ရီမြို့ရှိ ဘဏ်တစ်ခုတွင် ဝန်ထမ်းတစ်ဦးက တရုတ်ယွမ်ငွေ ရေတွက်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်-လာအို နယ်စပ်ဖြတ်ကျော် ဒစ်ဂျစ်တယ်ငွေပေးချေမှု အပြန်အလှန်ချိတ်ဆက်ခြင်းကို တရားဝင် စတင်ခဲ့ကြောင်း သတင်းထောက်က တရုတ်ပြည်သူ့ဘဏ်ထံမှ စက်တင်ဘာ ၁၈ ရက်တွင် သိရှိရသည်။ ယင်းမှာ တရုတ်နှင့် လာအို နှစ်နိုင်ငံ ဗဟိုဘဏ်များကြား  ၂၀၂၆ ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့သော “ဘဏ္ဍာရေး ဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ် ငွေပေးချေမှုနှင့် တရားဝင် ဒစ်ဂျစ်တယ်ငွေကြေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” မူဘောင်အောက်တွင် ရရှိသော အဆင့်လိုက် ရလဒ်တစ်ခု ဖြစ်သည်။

ဘားကုတ်ဖြင့် ငွေပေးချေမှု အပြန်အလှန်ချိတ်ဆက်ရေးတွင် ဒစ်ဂျစ်တယ်ယွမ်ငွေ နိုင်ငံတကာလည်ပတ်ရေးစင်တာက တည်ဆောက်လည်ပတ်သော ဒစ်ဂျစ်တယ် ငွေကြေးအသုံးပြု နယ်စပ်ဖြတ်ကျော် ငွေပေးချေခြင်း ဝန်ဆောင်မှုပလက်ဖောင်း (CBETS) နှင့် လာအိုနိုင်ငံ အမျိုးသားငွေပေးချေမှုကွန်ရက် (LAPNet) တို့သည် နယ်စပ်ဖြတ်ကျော်စနစ် ချိတ်ဆက်မှု ပြီးစီးခဲ့ပြီး ဒစ်ဂျစ်တယ်ယွမ်ငွေနှင့် လာအိုဒေသခံ ဘားကုတ်ငွေပေးချေမှုတို့ကို နယ်စပ်ဖြတ်ကျော် အပြန်အလှန်ချိတ်ဆက်မှုကို ဖော်ဆောင်ခဲ့သည်။

၂၀၂၅ ခုနှစ် နှစ်ကုန်တွင် တရုတ်နိုင်ငံသားများသည် ဒစ်ဂျစ်တယ်ယွမ်ငွေပိုက်ဆံအိတ်ကို ကိုင်ဆောင်၍ လာအိုနိုင်ငံ ဒေသခံကူးသန်းရောင်းဝယ်ရေးဘဏ်ဖြင့် ငွေလက်ခံသော စီးပွားရေးလုပ်ဆောင်သူများထံသို့ ဘားကုဒ်စကင်ဖတ်၍ ငွေပေးချေနိုင်ပြီဖြစ်သည်။ လက်ရှိတွင် တရုတ်-လာအို နှစ်ဖက်စလုံးသည် နှစ်နိုင်ငံပြည်သူများ၏ သွားလာမှုနှင့် ယဉ်ကျေးမှုခရီးသွားကဏ္ဍ သုံးစွဲမှုများကို ပိုမိုအဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ချက်စွမ်းရည် အဆင့်မြှင့်တင်ခြင်းနှင့် အခြေအနေအသစ်များ ချဲ့ထွင်ခြင်းတို့ကို ပူးတွဲမြှင့်တင်လျက်ရှိသည်။ 

ကုန်သွယ်စီးပွားငွေစာရင်းရှင်းတမ်း အပြန်အလှန်ချိတ်ဆက်ရေးကဏ္ဍတွင် လာအိုဒေသခံဘဏ်အချို့သည် CBETS သို့ ချိတ်ဆက်ပြီး CBETS အမျိုးအစားသစ် ကုန်သွယ်မှုငွေရှင်းတမ်းနှင့် ရင်းနှီးမြှုပ်နှံရေး-ဘဏ္ဍာရေး ဝန်ဆောင်မှု ဖြစ်သည့် CBETS LIFT ကို ဖွင့်လှစ်ခဲ့သည်။

CBETS LIFT သည် ကုန်သွယ်ရေး၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု-ဘဏ္ဍာရေး စသည့် ကွင်းဆက်အသီးသီးကို ချိတ်ဆက်နိုင်ပြီး ပြန့်ကျဲနေသော ကုန်သွယ်မှုသတင်းအချက်အလက်များ၊ ငွေကြေးစီးဆင်းမှုလမ်းကြောင်းများနှင့် စီးပွားရေးစာရွက်စာတမ်းများကို ပေါင်းစည်းချိတ်ဆက်ကာ ကုန်သွယ်စီးပွားကဏ္ဍအတွက် ထိရောက်မှု၊ လုံခြုံမှု၊ အားလုံးပါဝင်မှုနှင့် ကွင်းဆက်ပြည့်စုံမှုရှိသော ဒစ်ဂျစ်တယ်ယွမ်ငွေဖြင့် ကုန်သွယ်မှု ငွေစာရင်းရှင်းတမ်းနှင့် ရင်းနှီးမြှုပ်နှံမှု-ဘဏ္ဍာရေး ဝန်ဆောင်မှုလမ်းကြောင်းကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ (Xinhua)

လာအိုနိုင်ငံ Pakse မြို့၏ မြို့ပြမြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)
လာအိုနိုင်ငံ Pakse မြို့၏ မြို့ပြမြင်ကွင်းအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

-----------------------------

(Chinese Version)

中老跨境数字支付互联互通正式启动

新华社北京9月18日电(记者任军、吴雨)记者9月18日从中国人民银行获悉,中老跨境数字支付互联互通正式启动。这是中国和老挝两国央行于2026年6月签署的《关于加强金融创新、数字支付和法定数字货币合作的谅解备忘录》框架下达成的阶段性成果。   

记者了解到,在条码支付互通方面,数字人民币国际运营中心建设运营的数币达跨境结算综合服务平台(CBETS)与老挝国家支付网络(LAPNet)完成跨境系统连接,实现数字人民币与老挝当地条码支付跨境互联互通。   

2025年底,中国居民已可持数字人民币钱包在老挝本地商业银行收单商户扫码支付。目前,中老双方正共同推进功能升级和场景拓展,以进一步便利两国人员往来和文旅消费。   

在经贸结算互通方面,部分老挝当地银行已接入CBETS,并开通CBETS新型贸易结算和投融资服务——数币达·励付(CBETS LIFT)。   

据介绍,数币达·励付可打通贸易、航运、货运、投融资等各个环节,把分散的贸易信息、资金流向、业务单据等整合打通,为经贸往来提供高效、安全、包容、闭环的数字人民币贸易结算和投融资服务通道。(完)

图说1: A worker counts Chinese currency renminbi (RMB) at a bank in Linyi, east China's Shandong Province, Aug. 11, 2015. (Xinhua/Zhang Chunlei)

图说2:这是7月14日拍摄的老挝巴色市市区景象(无人机照片)。新华社发(凯乔摄)