
လော့ဇန်း၊ ဆွစ်ဇာလန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
အမျိုးသားအိုလံပစ်ကော်မတီများအဖွဲ့ချုပ် (ANOC) က တရုတ်နိုင်ငံ ဟောင်ကောင်၌ ဒီဇင်ဘာတွင် ကျင်းပမည့် အထွေထွေညီလာခံအတွက် စေတနာ့ဝန်ထမ်း ပါဝင်လိုသူပေါင်း ၁,၆၀၀ ကျော် လျှောက်လွှာ တင်သွင်းထားကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
"ပါဝင်တက်ရောက်မယ့် အမျိုးသားအိုလံပစ်ကော်မတီတွေနဲ့ အခြား အိုလံပစ်လှုပ်ရှားမှုအဖွဲ့ဝင်တွေအတွက် အတွေ့အကြုံကောင်းတွေရရှိစေဖို့ ANOC နဲ့ ဒေသခံ ပွဲစီစဉ်ကျင်းပရေးကော်မတီတို့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး အဓိကလုပ်ငန်းစဉ်အားလုံးလည်း လျာထားချက်အတိုင်း တိုးတက်အောင် ဆောင်ရွက်လျက်ရှိပါတယ် " ဟု အထွေထွေအတွင်းရေးမှူး Gunilla Lindberg ဦးဆောင်သည့် ဟောင်ကောင်သို့ နည်းပညာဆိုင်ရာကွင်းဆင်းစစ်ဆေးမှုအပြီးတွင် ANOC က ပြောကြားခဲ့သည်။
လက်ရှိတွင် ANOC ၌ ကမ္ဘာ့တိုက်ကြီး ၅ တိုက်မှ အဖွဲ့ဝင်ပေါင်း ၂၀၆ ဖွဲ့ရှိပြီး အဖွဲ့ဝင်အမျိုးသား အိုလံပစ်ကော်မတီများ (NOCs) က အထွေထွေညီလာခံတွင် ဥက္ကဋ္ဌကို လေးနှစ်တစ်ကြိမ် ရွေးချယ်တင်မြှောက်ကြခြင်းဖြစ်သည်။ (Xinhua)
…………….
(English Version)
Over 1,600 volunteers apply for ANOC General Assembly
LAUSANNE, Switzerland, Sept. 18 (Xinhua) -- The Association of National Olympic Committees (ANOC) announced Friday that more than 1,600 applications had been received from people wishing to volunteer during the General Assembly in Hong Kong, China, in December.
"All key elements are progressing according to plan, with ANOC and the local organizing committee working closely to ensure a successful experience for the participating National Olympic Committees and other members of the Olympic Movement," ANOC said after a technical site visit to Hong Kong headed by Secretary General Gunilla Lindberg.
The ANOC General Assembly will take place from December 7-11, with a presidential election taking place at this year's meeting. Robin Mitchell of Fiji is the current ANOC president.
ANOC currently has 206 members, covering the five continents, and the member NOCs elect president every four years at the General Assembly.
Photo caption: This photo taken on Oct. 30, 2024 shows the 27th Association of National Olympic Committees (ANOC) General Assembly in Cascais, Portugal. (Xinhua/Meng Dingbo)








