
မော်စကို၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ရုရှားဘက်က ဂျပန်နိုင်ငံတွင် ဖြန့်ကြက်ထားသော အမေရိကန် “Typhon” တာလတ်ပစ် ဒုံးကျည်စနစ်ကို ရုပ်သိမ်းရန် ဂျပန်ဘက်အား တောင်းဆိုကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က စက်တင်ဘာ ၁၈ ရက်တွင် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်၌ မှတ်ချက်ပြုပြောကြားခဲ့သည်။
Zakharova က ရုရှားဘက်သည် စက်တင်ဘာ ၃ ရက်တွင် ဂျပန်နိုင်ငံ၌ “Typhon” တာလတ်ပစ် ဒုံးကျည်စနစ် ဖြန့်ကြက်ထားခြင်းနှင့် ပတ်သက်၍ ဂျပန်ဘက်ထံ ကန့်ကွက်စာတစ်စောင် ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂျပန်ဘက်က မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ၊ ဖြန့်ကြက်ချထားမည့် ကာလ သို့မဟုတ် ပုံစံ မည်သို့ပင်ဖြစ်စေ၊ မိမိနိုင်ငံ နယ်မြေ ရှေ့တန်းတွင် ဤဒုံးကျည်စနစ်ကို ဖြန့်ကြက်ထားခြင်း ပြု၍မရကြောင်း၊ ထို့အပြင် ဂျပန်အစိုးရအနေဖြင့် ဒုတိယကမ္ဘာစစ် ရလဒ်များကို အပြည့်အဝ အသိအမှတ်ပြုရမည်ဖြစ်ပြီး Southern Kuril ကျွန်းစု (ဂျပန်အခေါ် Northern Territories) နှင့် ပတ်သက်သည့် နယ်မြေပိုင်ဆိုင်မှု ကိစ္စရပ် အပါအဝင် ၎င်း၏ ထပ်မံစစ်ရေးအသွင်ပြောင်းခြင်း မူဝါဒကိုလည်း စွန့်လွှတ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မှတ်ချက်တွင် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Andrey Rudenko က စက်တင်ဘာ ၁၆ ရက်တွင် မော်စကိုမြို့၌ ရုရှားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Akira Muto နှင့် တွေ့ဆုံစဉ် ဂျပန်အနေဖြင့် ရုရှားက ယင်းမတိုင်မီ ပေးပို့ခဲ့သော ဤကန့်ကွက်စာကို အလေးအနက်ထားရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားသည်။ Zakharova က ရုရှားသည် ဂျပန်ထံ အကြိမ်ကြိမ် အကြောင်းကြားကန့်ကွက်ခဲ့ပြီး ဂျပန်နိုင်ငံတွင် “Typhon” တာလတ်ပစ် ဒုံးကျည်စနစ် ရှိနေခြင်းသည် ရုရှား၏ အမျိုးသားလုံခြုံရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအပေါ် “ခြိမ်းခြောက်မှုဖြစ်စေသည်” ဟု ထောက်ပြခဲ့သော်လည်း ဂျပန်အစိုးရသည် ဆက်လက်ဖြန့်ကြက်ရန် လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
Zakharova က စက်တင်ဘာ ၁ ရက်တွင် စစ်ရေးလေ့ကျင့်မှုကို အကြောင်းပြ၍ လက်နက်ဖြန့်ကြက်မှု ပြုလုပ်ခြင်း အပါအဝင် ဂျပန်နယ်မြေ၌ ဤကဲ့သို့သော လက်နက်များ ဖြန့်ကြက်ထားခြင်း သည် ရုရှား လုံခြုံရေးအပေါ် ခြိမ်းခြောက်မှု ဖြစ်စေမည်ဖြစ်ပြီး ရုရှားအနေဖြင့် “လုံးဝ လက်မခံနိုင်ဖွယ်” ဖြစ်ကာ ရုရှားအနေဖြင့် မိမိနိုင်ငံ ကာကွယ်ရေး လုံခြုံရေးကို သေချာစေရန် တန်ပြန်အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
..........................
(Chinese Version)
俄罗斯敦促日方撤出“堤丰”导弹系统
新华社莫斯科9月18日电(记者赵冰)俄罗斯外交部发言人扎哈罗娃18日在俄外交部官网发表评论说,俄方要求日方撤出在日本部署的美国“堤丰”中程导弹系统。
扎哈罗娃表示,俄方已于3日就在日本部署“堤丰”中导系统向日本发出抗议照会。无论日方以何种借口,无论部署期限与方式如何,均不得在本国领土前沿部署该导弹系统。此外,日本政府还必须全面承认二战结果,包括涉南千岛群岛(日本称北方四岛)的领土归属问题,并放弃其再军事化政策。
评论还提到,俄外交部副部长鲁坚科16日在莫斯科会见日本驻俄大使武藤显时,呼吁日本认真对待俄方此前递交的这份照会。扎哈罗娃说,尽管俄方已多次向日方提出交涉,指出“堤丰”中导系统出现在日本对俄国家安全、地区和平与稳定“构成威胁”,但日本政府仍坚持部署。
扎哈罗娃1日曾表示,在日本领土上部署此类武器,包括以军事演习为借口进行部署,都会对俄罗斯的安全构成威胁,对俄罗斯来说“绝对不可接受”,俄方将采取反制行动以确保自身国防安全。(完)
图说:这张视频截图显示,2025年12月25日,俄罗斯外交部发言人扎哈罗娃在莫斯科举行的外交部例行记者会上讲话。新华社发








