
ခတ္တမန္ဒူ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ အစိုးရအနေဖြင့် တရုတ်နိုင်ငံ ဥမင်လိုဏ်ခေါင်းကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင်များ လုပ်ငန်းဆောင်ရွက်မှုကို များစွာအသိအမှတ်ပြုကြောင်း နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဝန်ကြီး Mahabir Pun က စက်တင်ဘာ ၁၈ ရက်တွင် နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူ၌ ပြောကြားခဲ့သည်။
Mahabir Pun က ထိုနေ့တွင် နီပေါနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းမောက်မင်နှင့် တရုတ်နိုင်ငံ ဥမင်လိုဏ်ခေါင်းကယ်ဆယ်ရေး ကျွမ်းကျင်ပညာရှင်များအား တွေ့ဆုံရာ၌ တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက နီပေါနိုင်ငံ၏ ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်အား ကိုင်တွယ်စီမံရန်အတွက် အင်တိုက်အားတိုက် ပံ့ပိုးပေးမှုနှင့် ကိုယ်ကျိုးမဲ့ ကူညီပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ နီပေါနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေး၊ ဘေးအန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုပြီး နီပေါ-တရုတ် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို အဆက်မပြတ် တိုးမြှင့်လိုကြောင်း ပြောကြားခဲ့သည်။
ကျန်းမောက်မင်က တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံနှင့်အတူ အပြန်အလှန်ဖေးမကူညီ၍ အခက်အခဲကို အတူကျော်ဖြတ်ကာ နီပေါနိုင်ငံက ဆိုးရွားသော ရွှံ့နွံပြိုကျမှုဘေးအန္တရာယ်နှင့် ဘေးအန္တရာယ်အလွန် ပြန်လည်တည်ဆောက်ရေးအတွက် ဆက်လက်ကူညီပေးလိုကြောင်း ပြောကြားခဲ့သည်။
Mahabir Pun နှင့် ကျန်းမောက်မင် တို့သည် တရုတ်နိုင်ငံမှ နီပေါနိုင်ငံအား ကူညီပေးသော ဥမင်လိုဏ်ခေါင်းကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အသိအမှတ်လက်မှတ်ကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
နီပေါနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ နီပေါနိုင်ငံ၏ ဥမင်လိုဏ်ခေါင်းကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်မှုကို ပံ့ပိုးကူညီပေးရန်အတွက် တရုတ်နိုင်ငံ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ဩဂုတ် ၂၉ ရက်နှင့် ၃၀ ရက်တွင် နီပေါနိုင်ငံသို့ လိုဏ်ခေါင်း ကျွမ်းကျင်ပညာရှင် ၉ ဦးအား အရေးပေါ်စေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------
(Chinese Version)
尼泊尔政府高度肯定中国隧道救援专家工作
新华社加德满都9月18日电(记者张平)尼泊尔科学、技术和创新部部长马哈比尔·普恩18日在首都加德满都表示,尼泊尔政府高度肯定中国隧道救援专家的工作。
普恩当天会见中国驻尼泊尔大使张茂明和中国隧道救援专家时表示,感谢中国政府和人民为尼泊尔应对严重泥石流灾害提供鼎力支持和无私帮助,尼方愿同中方加强在防灾减灾和灾后重建领域的合作,不断增进尼中两国人民福祉。
张茂明表示,中方将同尼方守望相助、共克时艰,继续为尼方处置严重泥石流灾害和灾后重建提供帮助。
普恩还与张茂明签署了中国援尼隧道救援物资交接证书。
应尼泊尔政府请求,中国应急管理部于8月29日和30日紧急调派9名隧道专家赴尼泊尔,支持尼方开展隧道救援工作。(完)
图说:8月31日,在尼泊尔努瓦果德县的尼方前线救援指挥中心,中国隧道救援专家与尼方救援人员完成一次搜寻任务后返回(视频截图)。新华社记者 赵曼君 摄








