ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ဂရင်းလန်းကျွန်း မြို့တော် နုခ် (Nuuk) ၏ ရှုခင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ဂရင်းလန်းကျွန်း မြို့တော် နုခ် (Nuuk) ၏ ရှုခင်းအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ဒိန်းမတ်နိုင်ငံနှင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဂရင်းလန်းကျွန်းတို့နှင့် သဘောတူညီချက်တစ်ခု ရရှိခဲ့ပြီး အဆိုပါ သဘောတူညီချက်က “ဂရင်းလန်းကျွန်း၏ လုံခြုံရေးနှင့် အခြားလိုအပ်ချက်များအပေါ် အမေရိကန်အား ထာဝရ ထိန်းချုပ်ခွင့် ပေးအပ်ထားကြောင်း” အမေရိကန်သမ္မတ ထရမ့်က စက်တင်ဘာ ၁၈ ရက်တွင် လူမှုကွန်ရက်ပေါ်၌ ရေးသားဖော်ပြခဲ့သည်။

အမေရိကန် ကိုယ်စားလှယ်များသည် ၎င်းတို့အနေဖြင့် ဂရင်းလန်းကျွန်းနှင့် အမေရိကန်၏ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် ဂရင်းလန်းကျွန်း၌ လိုအပ်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်ရေး သေချာစေရန်အတွက် ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းတို့မှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ထို့ပြင် နောင်တွင် အမေရိကန်ဘက်မှ စာဖြင့် ရေးသားထားသော အတည်ပြုချက် မရှိဘဲ အမေရိကန်၏ ပြိုင်ဘက်များသည် ဂရင်းလန်းကျွန်း၌ စခန်းများ တည်ဆောက်ခြင်း၊ စစ်အင်အား ဖြန့်ကြက်ခြင်း သို့မဟုတ် ထိခိုက်လွယ်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ အမေရိကန်ဘက်ကမူ ဂရင်းလန်းကျွန်း၏ သင့်တော်သည့် ဧရိယာများ၌ စစ်ရေးဖြန့်ကြက်မှုများကို ချက်ချင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ဒိန်းမတ်၊ ဂရင်းလန်းကျွန်းနှင့် အမေရိကန်တို့သည် “အာတိတ်နှင့် မြောက်အတ္တလန္တိတ် ဒေသ၏ လုံခြုံရေးကို မြှင့်တင်ရန်အတွက်” အဆိုပါ သဘောတူညီချက်ကို လာမည့်သီတင်းပတ်အတွင်း လက်မှတ်ရေးထိုးရန် မျှော်လင့်ရကြောင်း ဒိန်းမတ် ဝန်ကြီးချုပ်ရုံးက ယင်းနေ့တွင်ပင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် ဒိန်းမတ် ဘုရင့်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုကိုလည်းကောင်း၊ ဂရင်းလန်းကျွန်း ပြည်သူများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ကိုလည်းကောင်း အသိအမှတ်ပြုထားကြောင်း ဒိန်းမတ် ဝန်ကြီးချုပ် ဖရဲဒရစ်ဆန်က ပြောကြားခဲ့သည်။ (Xinhua)

-------------------------

(Chinese Version)

特朗普称与丹麦和格陵兰岛达成涉及安全事务的协议

  新华社华盛顿9月18日电 美国总统特朗普18日在社交媒体发布消息称,美国已与丹麦及其自治领地格陵兰岛达成一项协议,“赋予美国对格陵兰岛安全及其他需求的永久控制权”。

  特朗普说,美国代表与丹麦和格陵兰岛方面进行了磋商,确保美国能在格陵兰岛采取必要行动,以保障格陵兰岛和美国的安全。

  他还说,今后如无美方书面批准,美国的对手将不能在格陵兰岛建立基地、部署军事力量或进行敏感投资。而美方将立即着手在格陵兰岛合适区域展开军事部署。

  丹麦首相府同日发布消息说,格陵兰岛、丹麦和美国预计将于下周签署这份协议,“以加强北极及北大西洋地区的安全”。丹麦首相弗雷泽里克森表示,这份协议承认丹麦王国的主权和领土完整,以及格陵兰岛人民的自决权。

图说  :这是丹麦自治领地格陵兰岛首府努克的景色(2024年10月19日摄)。新华社发(罗一洲摄)