
ဘန်ကောက်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်ပြည်သူများအတွက် အခွင့်အလမ်း ဖန်တီးပေးရုံသာမက ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရာတွင်လည်း အရေးကြီးအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင်သည် စက်တင်ဘာ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြောကြားခဲ့သည်။
အနူတင်သည် ထိုနေ့တွင် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဘန်ကောက်မြို့ရှိ မိဖုရား သီရိခေတ် အမျိုးသားကွန်ဗင်းရှင်းစင်တာ (ASNCC) ၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ၇၇ နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲအား တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံအစိုးရကိုယ်စား အမှာစကား ပြောကြားခဲ့သည်။
အနူတင်က ထိုင်း-တရုတ်သည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်များဖြစ်ရာ ကြိုးပမ်းမှုကို အတူတကွမြှင့်တင်ပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးအလွှာ၌ စိန်ခေါ်မှုများကို ကိုင်တွယ်စီမံသင့်ကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် ပိုမိုတည်ငြိမ်သော၊ ပိုမိုစည်ပင်ဝပြောသော၊ ပိုမိုစဉ်ဆက်မပြတ်ဖြစ်သော ထိုင်း-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ရည်မှန်းချက်ဆီသို့ လက်တွဲရှေ့ဆက်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
အနူတင်က အမှာစကားပြောကြားပြီးနောက် ဆင်ဟွာသတင်းထောက် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း အထိမ်းအမှတ် ကျရောက်တော့မည့် အခါသမယတွင် ထိုင်းပြည်သူများက တရုတ်ပြည်သူများထံသို့ လှိုက်လှဲစွာ ဂုဏ်ပြုဆုမွန်ကောင်းတောင်းစကား ဆိုလိုက်ပါကြောင်း၊ “အားလုံး ကျန်းမာချမ်းသာပြီး လူနေမှုဘဝ သာယာချမ်းမြေ့ပါစေ၊ ကျွန်တော်တို့ နှစ်နိုင်ငံ ချစ်ကြည်ရေးက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်ပြီး အဓွန့်ရှည်ကြာ ခိုင်မြဲပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” ဟု ဆိုခဲ့သည်။
ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံး ယာယီတာဝန်ခံ ဝူကျစ်ဝူက အမှာစကားပြောကြားရာ၌ တရုတ်-ထိုင်း မိသားစုပမာ ချစ်ကြည်ရင်းနှီးမှုသည် နှစ်နိုင်ငံပြည်သူများအကြား အတူတကွတန်ဖိုးထားသည့် နက်ရှိုင်းသော သံယောဇဉ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အစဉ်အမြဲ ထိုင်းနိုင်ငံ၏ ယုံကြည်ရသော၊ အားကိုးရသော ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် လုပ်ဆောင်သွားလိုကြောင်း၊ ထိုင်းနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီး သဘောတူညီချက်ကို လက်တွဲ အကောင်အထည်ဖော်ကာ ပူးပေါင်းဖလှယ်မှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေပြီး တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်းအား အတူတကွ တည်ဆောက်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုသာယာလှပသော အနာဂတ်အား ဖန်တီးဖွင့်လှစ်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
泰总理:中国为推动地区和世界经济发展发挥重要作用
新华社曼谷9月18日电(记者耿凌楠 常天童)泰国总理阿努廷17日在曼谷表示,中国的发展不仅为中国人民创造机遇、改善生活,也为推动地区和世界经济发展发挥重要作用。 阿努廷当天出席中国驻泰国大使馆在曼谷诗丽吉王后国家会议中心举行的庆祝中华人民共和国成立77周年招待会,并代表泰国政府致辞。
阿努廷说,泰中是全面战略合作伙伴,应共同加强努力,应对地区和全球层面的挑战。他呼吁双方携手朝着构建更为稳定、更加繁荣、更可持续的泰中命运共同体的目标前行。
阿努廷在致辞后接受新华社记者采访时说,在中华人民共和国国庆来临之际,泰国人民向中国人民致以诚挚、美好的祝福。“祝愿大家身体健康、生活幸福,祝愿我们两国的友谊世代相传、历久弥坚。”
中国驻泰国大使馆临时代办吴志武在致辞中表示,中泰一家亲是两国人民共同珍视的深情厚谊,中方始终愿做泰方可信赖、可依靠的全面战略合作伙伴。愿同泰方携手落实两国领导人的重要共识,持续深化交流合作,共同构建中泰命运共同体,开启两国关系更加美好的未来。(完)
图说:9月17日,泰国总理阿努廷在曼谷诗丽吉王后国家会议中心举行的庆祝中华人民共和国成立77周年招待会上致辞。新华社记者 孙玮彤 摄








