
ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ယခုနှစ်သည် စက်တင်ဘာ ၁၈ အရေးအခင်း ဖြစ်ပွားသည့် ၉၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက စက်တင်ဘာ ၁၈ ရက် အရေးအခင်းသည် ဂျပန်အစိုးရ၏ ကာလရှည်ကြာစွာ ဖုံးကွယ်ထားသော စစ်မက်လှည့်ကွက်တစ်ခုဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ စိုးရိမ်ဖွယ်ရာကောင်းသည်မှာ ဂျပန်က သမိုင်းပြဿနာများအပေါ် "ငြင်းပယ်ရေးဝါဒ" ဖြင့် ရှုမြင်သည့် သဘောထားမှာ အဆက်မပြတ် ပို၍ များပြားကာ ပြန့်ပွားလာနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအား ကျူးကျော်စစ်သမိုင်းကို တည့်မတ်စွာ ရှုမြင်၍ နက်နက်ရှိုင်းရှိုင်း သုံးသပ်ရန်၊ လက်တွေ့ကျသော လုပ်ဆောင်ချက်များဖြင့် အာရှအိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရယူရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ယခုနှစ်သည် စက်တင်ဘာ ၁၈ ရက် အရေးအခင်း ဖြစ်ပွားသည့် ၉၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ မကြာသေးမီက ဂျပန်မီဒီယာများနှင့် ပညာရှင်အများအပြားက ဆာနာအဲ တာကာအိချိအစိုးရ၏ လုံခြုံရေးမူဝါဒသည် "စစ်မတိုင်မီ အခြေအနေသို့ နောက်ပြန်သွားခြင်း" ၏ အန္တရာယ်အလားအလာကို ထင်ရှားစွာပြသလျက်ရှိကာ ဂျပန်လူ့အဖွဲ့အစည်းသည် "စစ်ပွဲကို ပေါ့ပေါ့တန်တန် သဘောထားသော အငွေ့အသက်များ" ဖြင့် လွှမ်းခြုံလျက်ရှိပြီး ခေတ်သစ်ဂျပန်နိုင်ငံသည် ၁၉၃၀ ပြည့်လွန်နှစ်များနှင့် ဆင်တူသော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေရာ အချိန်မီ ပြုပြင်ရန် လိုအပ်သည်ဟု သတိပေးခဲ့ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ကောကျားခွန်းက လွန်ခဲ့သည့် ၉၅ နှစ်က ယနေ့အချိန်တွင် ဂျပန်စစ်ဝါဒီများက တရုတ်နိုင်ငံကို ကျူးကျော်စစ် ပြောင်ပြောင်တင်းတင်း စတင်လုပ်ဆောင်ခဲ့ရာ တရုတ်ပြည်သူများက အုံကြွကာ ခုခံတော်လှန်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ အရှေ့ဘက်စစ်မျက်နှာကို စတင်ဖွင့်လှစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၈ ရက် အရေးအခင်းသည် ဂျပန်အစိုးရ၏ ကာလရှည်ကြာစွာ ဖုံးကွယ်ထားသော စစ်မက်လှည့်ကွက်တစ်ခုဖြစ်ပြီး ဂျပန်ပြည်သူအများစုမှာ တိုကျိုခုံရုံးတင်စီရင်သည့်အချိန်မှသာ အမှန်တရားကို သိရှိခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယခုနှစ်သည် တိုကျိုခုံရုံးတင်စီရင်ခြင်း စတင်သည့် နှစ် ၈၀ ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း၊ စိုးရိမ်ဖွယ်ရာကောင်းသည်မှာ ဂျပန်နိုင်ငံက သမိုင်းပြဿနာများအပေါ် "ငြင်းပယ်ရေးဝါဒ" ဖြင့် ရှုမြင်သည့် သဘောထားမှာ အဆက်မပြတ် တိုးချဲ့ပြန့်ပွားလာနေရာ အန္တရာယ်မှာ အထူးတလည် ဆိုဖွယ်ရာမရှိအောင်ပင် ထင်ရှားလှကြောင်း ၎င်းက ပြောကြားခဲ့သည်။
"ယနေ့အထိ ဂျပန်သင်ရိုးညွှန်းတမ်းတွေမှာ ကျူးကျော်မှုသဘောကို လျှော့ပေါ့စွာ ဖော်ပြနေဆဲဖြစ်တယ်။ ဂျပန်လက်ယာစွန်းအင်အားစုက ဉာဏ်ရည်တုနည်းပညာကိုတောင် အသုံးပြုပြီး စစ်မတိုင်မီခေတ် မှတ်တမ်းတွေနဲ့ တိုကျိုရုံးတင်စီရင်မှုမှတ်တမ်းတွေကို စနစ်တကျ စစ်ထုတ်ဖယ်ရှားကာ စစ်ရာဇဝတ်မှုတွေကို စင်ကြယ်အောင်၊ မှားယွင်းတဲ့ သမိုင်းအမြင်ကို ခိုင်မာအောင် ကြိုးပမ်းနေတယ်" ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
"ငြင်းပယ်ရေးဝါဒ" သည် သမိုင်းအသိအမြင်ကို ဆိုးရွားစွာ နောက်ပြန်ဆုတ်စေရုံသာမက စနစ်တကျစီစဉ်ထားသော၊ နိုင်ငံရေးရည်ရွယ်ချက်ရှိသော ခေတ်ရေစီးကြောင်းနှင့် ဆန့်ကျင်မှုတစ်ခုလည်း ဖြစ်ကြောင်း၊ ၎င်းသည်လက်တွေ့မှာ ဂျပန်ပြည်သူများကို ပိုမိုဖုံးကွယ်ရန်၊ ဂျပန်နိုင်ငံအတွက် စစ်ပွဲအလွန်စနစ်၏ စည်းနှောင်မှုများမှ လွတ်မြောက်စေပြီး "ထပ်မံစစ်ရေးအသွင်ပြောင်းမှု" ကို မြှင့်တင်ရေးအတွက် အတားအဆီးများအား ရှင်းလင်းရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
"ကျူးကျော်စစ်ရာဇဝတ်မှုတွေကို ငြင်းပယ်ခြင်းက သမိုင်းကောက်ချက်ကို စိန်ခေါ်ခြင်းနဲ့ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို ဖျက်ဆီးခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဂျပန်နိုင်ငံအား ကျူးကျော်စစ်သမိုင်းကို တည့်မတ်စွာ ရှုမြင်ပြီး နက်နက်ရှိုင်းရှိုင်း သုံးသပ်ဖို့၊ လက်တွေ့ကျသော လုပ်ဆောင်မှုတွေနဲ့ အာရှအိမ်နီးချင်းနိုင်ငံ၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ရယူဖို့ တိုက်တွန်းလိုက်ပါတယ်။ တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအသီးသီးက အထူးနိုးကြားစွာ သတိထားစောင့်ကြည့်ရမည်ဖြစ်ပြီး ဂျပန်စစ်ဝါဒမီးစ ပြန်လည်လောင်မြိုက်လာခြင်းကို လုံးဝခွင့်မပြုဖို့၊ သမိုင်းဝင်ဝမ်းနည်းကြေကွဲဖွယ်ကိစ္စရပ်တွေ ထပ်မံမဖြစ်ပွားစေဖို့၊ ဒုတိယကမ္ဘာစစ်အောင်ပွဲရဲ့ ရလဒ်တွေကို အတူတကွ ကာကွယ်ဖို့၊ ငြိမ်းချမ်းရေးအခြေခံမျဉ်းကို အတူတကွ ကာကွယ်စောင့်ရှောက်ဖို့ တိုက်တွန်းပါတယ်" ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
-----------------------------
(Chinese Version)
外交部:九一八事变是被日本政府长期隐瞒的战争阴谋
新华社北京9月18日电(记者吴梦桐、董雪)今年是九一八事变爆发95周年。外交部发言人郭嘉昆18日表示,九一八事变是一场被日本政府长期隐瞒的战争阴谋。令人担忧的是,日本对待历史问题的“否认主义”倾向不断滋长蔓延。中方敦促日方正视并深刻反省侵略历史,以实际行动取信于亚洲邻国和国际社会。
当日例行记者会上,有记者问:今年是九一八事变爆发95周年。近期不少日本媒体和学者警告,高市早苗政府的安全政策明显呈现“回归战前”的危险倾向,日本社会正在被“轻视战争的氛围”笼罩,现代日本走在与20世纪30年代相似的道路上,必须及时纠正。中方对此有何评论?
郭嘉昆表示,95年前的今天,日本军国主义悍然发动侵华战争,中国人民奋起反抗,由此揭开了世界反法西斯战争东方战场的序幕。九一八事变是一场被日本政府长期隐瞒的战争阴谋,绝大多数日本民众直到东京审判才得知真相。今年是东京审判开庭80周年。令人担忧的是,日本对待历史问题的“否认主义”倾向不断滋长蔓延,危险性不言而喻。
“时至今日,日本教科书仍在淡化侵略定性,日本右翼势力甚至利用人工智能技术,系统过滤战前档案和东京审判记录,企图洗白战争罪责,固化错误史观。”郭嘉昆说,“否认主义”不仅是历史认知的严重倒退,更是有组织、有政治动机的逆流,其实质是企图进一步蒙蔽日本民众,为日本摆脱战后体制约束、推进“再军事化”扫除障碍。
郭嘉昆说:“否认侵略罪行就是挑战历史定论、破坏战后国际秩序。我们敦促日方正视并深刻反省侵略历史,以实际行动取信于亚洲邻国和国际社会。包括中国在内的地区各国必须保持高度警惕,绝不允许日本军国主义死灰复燃,绝不能让历史悲剧再度上演,共同捍卫二战胜利成果,共同守护和平底线。”(完)








