
ကျီကွေး (ဟူပေ)၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူပေပြည်နယ် ကျီကွေးခရိုင်သည် ယန်ဇီမြစ်လယ်ပိုင်း၌တည်ရှိပြီး နေရောင်ခြည် လုံလောက်စွာရရှိကာ မိုးရေချိန်ပေါများလှသည်။ ဤနေရာတွင် စိုက်ပျိုးသော ကျီကွေး ကဗ္ဗလာသီးသည် လတ်ဆတ်မွှေးကြိုင်ပြီး အရည်ရွှမ်းကာ ချိုချိုချဉ်ချဉ် ထူးခြားသည့် အရသာရှိပြီး တစ်နှစ်ပတ်လုံး လတ်ဆတ်သော ကဗ္ဗလာသီးများကို ဈေးကွက်တင်နိုင်သည်။ တောင်ထူထပ် ရှုပ်ထွေးသည့် မြေမျက်နှာသွင်ပြင်အတွက် စိုက်ပျိုးရေးနေရာများတွင် သံလမ်းသွားယာဉ်တွဲများနှင့် ဒရုန်းများ အသုံးပြုလျက်ရှိရာ လူအင်အားဖြင့် လုပ်ကိုင်ရသည့် ဝန်ထုပ်ဝန်ပိုးကို သိသိသာသာ လျှော့ချပေးသည်။ ဒေသခံများသည် လယ်ယာမြေ သတင်းအချက်အလက်၊ IoT ချိတ်ဆက်ဒေတာ စသည့် အပိုင်းများကိုလည်း တည်ဆောက်ကာ စိုက်ပျိုးရေး ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဝန်ဆောင်မှုပေးပြီး စမတ်စိုက်ပျိုးရေးကို ဖန်တီးလျက်ရှိသည်။
လက်ရှိတွင် ကျီကွေး ကဗ္ဗလာသီး စိုက်ပျိုးဧရိယာသည် တရုတ်မူ ၄၀၀,၀၀၀ ရှိပြီး ၂၀၂၅ ခုနှစ်တွင် အထွက်နှုန်း တန်ချိန် ၁ သန်းကျော်ရှိကာ ဘက်စုံထုတ်လုပ်မှုတန်ဖိုး ယွမ်သန်း ၂၅ ဘီလီယံကျော်ရှိခဲ့သည်။ (Xinhua)
.................................
(Chinese Version)
活力中国调研行丨智慧农业助力秭归脐橙品牌做强
新华社照片,秭归(湖北),2026年9月18日
湖北秭归县地处长江中游,光照充足、降水丰沛,这里种植的秭归脐橙具有鲜香多汁、酸甜爽口的特点,一年四季都有鲜橙上市。针对山地复杂地形,种植地投入使用滑轨车、无人机,大幅减轻人工劳作负担。当地还搭建耕地信息、物联数据等模块,服务农业决策,打造智慧农业。 目前,秭归脐橙种植面积40万亩,2025年产量超过100万吨,综合产值超250亿元。
图说1:9月18日,在秭归县烟灯堡智慧农业示范园,无人机管护橙园。 新华社记者 鲁金博 摄
图说2:9月18日在秭归县烟灯堡智慧农业示范园拍摄的通过滑轨运输的橙子。新华社记者 鲁金博 摄








