တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပသော ၁၃၉ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) အတွင်း ပြသသူတစ်ဦးနှင့် စကားပြောဆိုနေသည့် ဝယ်သူတစ်ဦးကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပသော ၁၃၉ ကြိမ်မြောက် တရုတ် သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) အတွင်း ပြသသူတစ်ဦးနှင့် စကားပြောဆိုနေသည့် ဝယ်သူတစ်ဦးကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ကွမ်တုန်းကုန်စည်ပြပွဲဟု လူသိများသော ၁၄၀ ကြိမ်မြောက် တရုတ်နိုင်ငံ သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ အဆင့် သုံးဆင့်ဖြင့် ကျင်းပမည်ဖြစ်ကာ ကုမ္ပဏီ ၃၂,၀၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။

လွန်ခဲ့သော ဆယ်စုနှစ် ခုနစ်ခုအတွင်း ကွမ်ကျိုးကုန်စည်ပြပွဲသည် တရုတ်နိုင်ငံ၏ အကြီးဆုံးနှင့် အချိန်အကြာဆုံး ကျင်းပသည့် နိုင်ငံတကာ ကုန်စည်ပြပွဲတစ်ခုအဖြစ် တိုးတက်ပြောင်းလဲလာခဲ့ကာ ထုတ်ကုန်အမျိုးအစား အကျယ်ပြန့်ဆုံး၊ လာရောက်ဝယ်ယူသူ အများပြားဆုံးနှင့် အရောင်းအဝယ်ပမာဏလည်း အမြင့်မားဆုံး ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးလက်ထောက် ကျန်းလိက သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် ပထမရှစ်လအတွင်း ကုန်စည်ကုန်သွယ်မှုမှာ ယမန်နှစ်ကာလတူထက် ၁၇.၆ ရာခိုင်နှုန်း၊ ယွမ် ၃၄.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၁၅ ထရီလီယံခန့်) ရှိခဲ့ပြီး ပို့ကုန်အနေဖြင့် ၁၄.၆ ရာခိုင်နှုန်းရှိခဲ့ပြီး သွင်းကုန်အနေဖြင့်မူ ၂၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260919/d14355d6548a44d790d8705f6eb31009/c.html

……………………

(English Version)

140th Canton Fair in south China to draw over 32,000 exhibitors

BEIJING, Sept. 18 (Xinhua) -- The 140th edition of the China Import and Export Fair, also known as the Canton Fair, will be held in three phases from Oct. 15 to Nov. 4 in Guangzhou, south China's Guangdong Province, with more than 32,000 companies set to participate, the Ministry of Commerce said on Friday.

Over the past seven decades, the Canton Fair has grown into China's largest and longest-running international trade fair, with the widest range of products, the largest number of buyers and the highest transaction volume, Zhang Li, assistant minister of commerce, said at a press conference.

China's trade in goods rose 17.6 percent year on year to 34.8 trillion yuan (about 5.15 trillion U.S. dollars) in the first eight months of 2026, with exports up 14.6 percent and imports increasing by 22 percent.

https://english.news.cn/20260919/d14355d6548a44d790d8705f6eb31009/c.html

Photo caption: A purchaser (R) communicates with an exhibitor during the 139th edition of the China Import and Export Fair (Canton Fair) in Guangzhou, south China's Guangdong Province, April 23, 2026. (Xinhua/Deng Hua)