
ဟားအယ်ပင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ရွှေရောင်ဆောင်းဦးကာလဖြစ်သည့် စက်တင်ဘာလတွင် သီးနှံ အဓိကထွက်ရှိရာ တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်၌ ဆောင်းဦး ကောက်သိမ်းပွဲရာသီ စတင်ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ် ဟားအယ်ပင်းမြို့ရှိ နိုင်ငံတော် အအေးပိုင်းသီးနှံနှင့် ပဲပုပ် မျိုးဗီဇအရင်းအမြစ် ကာလလတ်သိုလှောင်ရုံ မှ ဦးဆောင်ဖွဲ့စည်းထားသော မျိုးဗီဇအရင်းအမြစ် စုဆောင်းထိန်းသိမ်းရေး စီမံကိန်းအဖွဲ့သည် တစ်နှစ်တာတွင် ၎င်းတို့၏ အလုပ်အများဆုံး အချိန်ကာလသို့ ရောက်ရှိလာခဲ့သည်။
ဓာတ်ခွဲခန်းမှသည် စမ်းသပ်စိုက်ပျိုးကွင်းအထိ၊ မျိုးစေ့ထုတ်စခန်းမှသည် မြေဩဇာထက်သန်သော စိုက်ပျိုးမြေဧက သောင်းပေါင်းများစွာအထိ ဟေးလုံကျန်းပြည်နယ်မှ ပညာရပ်ဆိုင်ရာ အဓိက ကျွမ်းကျင်သူ ပညာရှင် အများအပြားဖြင့် ဖွဲ့စည်းထားသော သုတေသနအဖွဲ့သည် အနက်ရောင်မြေဆီလွှာ စိုက်ပျိုးရေးမြေပြင် အောက်ခြေအထိ ကွင်းဆင်း၍ မျိုးဗီဇအရင်းအမြစ်များ စုဆောင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် တစ်ချိန်တည်းတွင်ပင် စိုက်ခင်းအတွင်း မျိုးပွားယူထားသော မျိုးဗီဇအရင်းအမြစ်များ၏ အပင်ကြီးထွားမှုနှင့် ရာသီဥတုဒဏ်နှင့်ရောဂါဒဏ် ခံနိုင်ရည်ရှိမှု အခြေအနေများကိုလည်း တစ်ချိန်တည်း လေ့လာဆန်းစစ်ပြီး မျိုးဗီဇအရင်းအမြစ်များ၏ အဓိကကျသော လက္ခဏာရပ် အသီးသီးကိုလည်း စနစ်တကျ မှတ်တမ်းတင်ကာ ရှားပါး၍တန်ဖိုးရှိသည့် တောရိုင်းသီးနှံများနှင့် အရည်အသွေးကောင်းမွန်သော သီးနှံမျိုးစေ့နမူနာများကို လိုက်လံရှာဖွေ စုဆောင်း၍ မျိုးဗီဇအရင်းအမြစ်သိုလှောင်ရုံသို့ ပြန်လည်ပေးပို့ကာ သန့်စင်ရွေးချယ်ခြင်း၊ မျိုးစေ့ အောင်/မအောင် စစ်ဆေးခြင်းနှင့် ဒစ်ဂျစ်တယ် စမတ်နည်းပညာသုံး အချက်အလက် မှတ်တမ်းတင်ဖိုင်များ ထားရှိခြင်းတို့ကို ဆောင်ရွက်လျက် ရှိသည်။ ၂၀၂၄ ခုနှစ်မှစတင်၍ အဆိုပါ သုတေသနအဖွဲ့သည် မျိုးဗီဇအရင်းအမြစ်သိုလှောင်ရုံအတွက် အရည်အသွေးကောင်းမွန်သော စိုက်ပျိုးသီးနှံ မျိုးဗီဇအရင်းအမြစ် စုစုပေါင်း ၅,၄၀၀ ကျော်ကို စုဆောင်းပေးနိုင်ခဲ့ပြီး ဟေးလုံကျန်းပြည်နယ်၏ မျိုးစေ့ထုတ်လုပ်ရေးကဏ္ဍ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော နည်းပညာအထောက်အပံ့များ ပံ့ပိုးပေးလျက်ရှိသည်။
ဟားအယ်ပင်းမြို့၌တည်ရှိသော နိုင်ငံအအေးပိုင်းသီးနှံနှင့် ပဲပုပ် မျိုးဗီဇအရင်းအမြစ် ကာလလတ်သိုလှောင်ရုံ၏ ယခင်အမည်မှာ ဟေးလုံကျန်း ပြည်နယ် စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီဖြစ်ပြီး ၁၉၇၉ ခုနှစ်တွင် တည်ဆောက်ခဲ့သော အအေးပိုင်းသီးနှံ မျိုးဗီဇအရင်းအမြစ်သိုလှောင်ရုံ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ အရင်းအမြစ်သိုလှောင်ရုံသည် မျိုးဗီဇ အရေအတွက် ၃ သိန်းအား သိုလှောင်နိုင်သည့် ပမာဏကို တည်ဆောက်ပြီးဖြစ်ကာ တိကျစွာ စိစစ်ဖော်ထုတ်မှုမှတစ်ဆင့် သိမ်းဆည်းထားသော မျိုးဗီဇအရင်းအမြစ်များကို လက်တွေ့ထုတ်လုပ်မှု စွမ်းအားအဖြစ်သို့ ပြောင်းလဲပေးလျက်ရှိသည်။ (Xinhua)
------------------
(Chinese Version)
采集希望之种 他们是黑土地上的农业“芯片”守护者
金秋九月,产粮大省黑龙江进入秋收季。由国家寒带作物及大豆种质资源中期库(哈尔滨)牵头组建的种质资源收集保存项目团队迎来他们一年中最忙碌的工作节点。
从实验室到试验田,从制种基地到万顷良田,这支由黑龙江省多名学科骨干科技人员组成的科研团队下沉黑土地一线,开展种质资源收集工作,同时对田间扩繁的资源进行植株长势与抗逆性调查,记录种质资源的各项关键性状,采集珍贵的野生与优异的作物种子样本,送回种质资源库进行清选、活力检测与数智化建档。自2024年起,该团队已为种质资源库累计收集各类优异农作物种质资源5400余份,为黑龙江种业高质量发展提供坚实科技支撑。
据悉,国家寒带作物及大豆种质资源中期库(哈尔滨)的前身是黑龙江省农业科学院在1979年建设的寒地作物种质资源库。目前,资源库已构建起30万份实体存储容量,并通过精准鉴定,将保存的种质资源转化为实际生产力。
图说 1 :9月17日,在国家寒带作物及大豆种质资源中期库(哈尔滨),团队负责人李佶恺检查新收集的大豆种质入库情况。新华社记者 张涛 摄
图说 2 : 9月17日,在国家寒带作物及大豆种质资源中期库(哈尔滨),团队成员张海玲检测新收集的大豆种子活力。新华社记者 张涛 摄








