တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့ ဟုန်ကျယ်ခရိုင် ရှီးစွန့်ဟယ်မြို့နယ်ရှိ ရေချိုကဏန်း မွေးမြူထုတ်လုပ်ရေးဥယျာဉ်၌ ကဏန်းမွေးမြူသူတစ်ဦးက တရုတ်ရေချိုကဏန်းများကို ကန်ဖော်နေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟွိုင်အန်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ယခုအခါ တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ဟွိုင်အန်းမြို့ ဟုန်ကျယ်ခရိုင်၌ မွေးမြူရေး တရုတ်ရေချိုကဏန်းများ ကန်ဖော်သည့် ရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ကဏန်းမွေးမြူသူများသည် တရုတ် ရိုးရာ ဆောင်းဦးလလယ်ပွဲတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့အတွင်း စျေးကွက်သို့ တင်ပို့ရောင်းချရန်အတွက် တရုတ်ရေချိုကဏန်းများကို အလျင်အမြန် ကန်ဖော်လျက်ရှိကြသည်။

မကြာသေးမီနှစ်များအတွင်း ဒေသတွင်း သဘာဝပတ်ဝန်းကျင် ကောင်းမွန်သော ရေပြင်အရင်းအမြစ်များကို အားပြု၍ ဟုန်ကျယ်ရေကန် တရုတ် ရေချိုကဏန်း မွေးမြူရေးလုပ်ငန်းအား တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ဒေသထွက် အမှတ်တံဆိပ် စိုက်ပျိုးရေးထုတ်ကုန် လုပ်ငန်းများကို ပိုမိုတောင့်တင်းခိုင်မာအောင် ဆောင်ရွက်ကာ ဒေသခံပြည်သူများ ဝင်ငွေ တိုးပွားကြွယ်ဝေရေးကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)

---------------------------

(Chinese Version)

江苏淮安:捕捞大闸蟹 供应市场

  眼下,江苏省淮安市洪泽区养殖的大闸蟹迎来捕捞季,蟹农们抓紧捕捞大闸蟹,供应中秋、国庆市场。近年来,当地依托优良的生态水域资源,大力发展洪泽湖大闸蟹产业,做强地理标志农产品产业,助力群众增收致富。

图说 1 :9月18日,在淮安市洪泽区西顺河镇大闸蟹产业园,蟹农在捕捞大闸蟹。 新华社发(殷潮摄)

图说 2 :9月18日,在淮安市洪泽区一家水产商铺,店员在销售大闸蟹。 新华社发(殷潮摄)