
အော့တဝါ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ယခုနှစ် ဇူလိုင်လအတွင်း ကနေဒါ ရင်းနှီးမြှုပ်နှံသူများသည် ပြည်ပစတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာ လျှော့ချခဲ့ပြီး ယင်းအနက် အမေရိကန် စတော့ရှယ်ယာ ပိုင်ဆိုင်မှုများကို လျှော့ချခြင်းမှာ အဓိကဖြစ်ကာ တစ်လတာအတွင်း အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်း ကနေဒါနိုင်ငံ စာရင်းအင်းဗျူရိုက စက်တင်ဘာ ၁၇ ရက်တွင် အချက်အလက်များ ထုတ်ပြန်ခဲ့သည်။
ကနေဒါ ရင်းနှီးမြှုပ်နှံသူများသည် ဇူလိုင်လတွင် အမေရိကန် နည်းပညာ ကုမ္ပဏီကြီးများ၏ စတော့ရှယ်ယာများကို အဓိကထား၍ ကနေဒါဒေါ်လာ ၃၁ ဘီလီယံတန်ဖိုးရှိ အမေရိကန်စတော့များကို အသားတင် ရောင်းထုတ်ခဲ့ကြရာ သမိုင်းတစ်လျှောက် စံချိန်တင် တစ်လအတွင်း အကြီးမားဆုံး အသားတင် ရောင်းထုတ်မှု ဖြစ်ခဲ့ကြောင်း အချက်အလက်များ၌ ဖော်ပြထားသည်။ ယင်းလအတွင်း၌ပင် ကနေဒါနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများသည် ကနေဒါဒေါ်လာ ၅.၁ ဘီလီယံ တန်ဖိုးရှိ အမေရိကန် အစိုးရ ငွေတိုက်စာချုပ်များကို အသားတင် ရောင်းချခဲ့သဖြင့် အမေရိကန် အစိုးရ ငွေတိုက်စာချုပ် ပိုင်ဆိုင်ထားရှိမှုကို ၆ လဆက်တိုက် လျှော့ချခဲ့ခြင်းဖြစ်ရာ ယခုနှစ် ဇန်နဝါရီလမှစ၍ စုစုပေါင်း လျှော့ချမှုပမာဏမှာ ကနေဒါဒေါ်လာ ၃၇.၃ ဘီလီယံအထိ ရောက်ရှိခဲ့သည်။
ကနေဒါ ဖက်ဒရယ်အစိုးရ ငွေတိုက်စာချုပ်များတွင် မြှုပ်နှံမှုကို ပိုမိုတိုးမြှင့်ခဲ့ခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ဇူလိုင်လအတွင်း ကနေဒါ ငွေချေးစာချုပ် ကနေဒါဒေါ်လာ ၂၀.၇ ဘီလီယံဖိုး အသားတင် ဝယ်ယူခဲ့ကြရာ၊ ယခုနှစ် ဇန်နဝါရီလမှစ၍ ကနေဒါ ငွေချေးစာချုပ် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကနေဒါဒေါ်လာ ၁၇၈.၉ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း ကနေဒါ စာရင်းအင်းဗျူရိုက ထုတ်ပြန်ခဲ့သည်။ (Xinhua)
------------------------
(Chinese Version)
加拿大7月抛售美股创纪录
新华社渥太华9月17日电(记者林威)加拿大统计局17日发布数据显示,今年7月加拿大投资者大幅削减海外证券投资,其中最主要是减少对美国股票的持仓,创单月最高纪录。
数据显示,加拿大投资者7月净卖出价值310亿加元的美国股票,这是有史以来最大的单月净卖出,标的集中在美国大型科技公司股票。同月,加拿大居民投资者净卖出价值51亿加元的美国政府债券,为连续第六个月减持美国政府债券,使今年1月以来的累计减持总额达到373亿加元。
加拿大统计局说,受加码投资加拿大联邦政府债券带动,外国投资者7月净买入价值207亿加元的加拿大证券,使今年1月以来累计对加拿大证券的投资额达到1789亿加元。
图说 :8月19日在美国纽约拍摄的手机画面显示的是美国联邦政府债务总额突破40万亿美元。新华社记者张凤国摄








