စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ကျင်းပသည့် ဘာစီလိုနာအသင်းနှင့် ရေးဆင်းဆန်တန်ဒါအသင်းတို့၏ လာလီဂါဘောလုံးပွဲစဉ်အတွင်း ဘာစီလိုနာမှ ပက်ဒရီ(ဘယ်)နှင့် ရေးဆင်းဆန်တန်ဒါမှ ဆာဂျီယိုကာနေးစ်တို့ ယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ ဘာစီလိုနာမြို့၌ ကျင်းပသည့် ဘာစီလိုနာအသင်းနှင့် ရေးဆင်းဆန်တန်ဒါအသင်းတို့၏ လာလီဂါဘောလုံးပွဲစဉ်အတွင်း ဘာစီလိုနာမှ ပက်ဒရီ(ဘယ်)နှင့် ရေးဆင်းဆန်တန်ဒါမှ ဆာဂျီယိုကာနေးစ်တို့ ယှဉ်ပြိုင်ကစားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဘာစီလိုနာအသင်းက ဂိုးသမားဂျိုအန်ဂါစီယာ ဒူးတွင် ဒဏ်ရာအနည်းငယ်ရရှိထားကြောင်း အတည်ပြုပြောကြားခဲ့ပြီးနောက် ၎င်းသည် စက်တင်ဘာ ၂၀ ရက်  ဆီဗီလာအသင်းနှင့်ယှဉ်ပြိုင်ရမည့် လာလီဂါအဝေးကွင်းပွဲစဉ်အား လွဲချော်မည်ဖြစ်သလို နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်မည့်ကာလအတွင်း၌လည်း စပိန်လက်ရွေးစင်အသင်းအတွက် ပါဝင်နိုင်မည်မဟုတ်ကြောင်းသိရသည်။

ဂါစီယာသည် စက်တင်ဘာ ၁၆ ရက်က ရေးဆင်းဆန်တန်ဒါအသင်းကို အိမ်ကွင်းတွင် ၇-၂ ဂိုးနှင့် အနိုင်ရခဲ့သည့်ပွဲစဉ် ပထမပိုင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းအစတွင် Wojciech Szczesny နှင့် လူစားလဲခဲ့ရသည်။

ဆေးစစ်ချက်များအရ ဂိုးသမားဂါစီယာ၏ဒဏ်ရာမှာ မပြင်းထန်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း ဘာစီလိုနာအသင်း၏ဝက်ဘ်ဆိုက်တွင် "ပထမအသင်းကစားသမား ဂျိုအန်ဂါစီယာ ညာဘက်ဒူးဒဏ်ရာ အနည်းငယ်ခံစားနေရပြီး ၎င်းပြန်လည်ပါဝင်နိုင်မည့်အချိန်ကို ဒဏ်ရာပျောက်ကင်းမှုအပေါ်မူတည်၍ ဆုံးဖြတ်သွားမည်" ဟု ဖော်ပြခဲ့သည်။

အဆိုပါဒဏ်ရာသည် ယမန်နှစ်က ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် ဘယ်ဘက်ဒူးမဟုတ်ဘဲ ဂါစီယာ၏ညာဘက်ဒူးတွင် ရရှိခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် စပိန်လက်ရွေးစင်အသင်းနည်းပြ  လူးဝစ်စ်ဒယ်လာဖွန်တေးအနေဖြင့် အင်္ဂလန်၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံတို့နှင့် ယှဉ်ပြိုင်ရမည့် လာမည့်နိုင်ငံတကာပွဲစဉ်များအတွက် Unai Simon နှင့် David Raya တို့နှင့်အတူ မည်သည့်ဂိုးသမား ထပ်မံခေါ်ယူရမည်ကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။ (Xinhua)

…………….

(English Version)

Knee injury sidelines Barcelona goalkeeper Joan Garcia

MADRID, Sept. 18 (Xinhua) -- FC Barcelona goalkeeper Joan Garcia will miss Saturday's La Liga trip to Sevilla and will be unavailable for Spain during the international break after the club confirmed he had suffered a minor knee injury.

Garcia sustained the injury in the first half of Wednesday's 7-2 home win over Racing Santander and was replaced by Wojciech Szczesny at the start of the second half.

Medical tests confirmed that the goalkeeper had not suffered a serious injury. However, Barcelona said on its website that "first-team player Joan Garcia is experiencing mild discomfort in his right knee. His recovery will determine when he returns."

The injury affects Garcia's right knee rather than his left, which required surgery last year.

Meanwhile, Spain coach Luis de la Fuente will have to decide whom to call up alongside Unai Simon and David Raya for the upcoming internationals against England, Croatia and Czechia.

Photo caption: FC Barcelona's Pedri (L) vies with Racing Santander's Sergio Canales during the La Liga football match between FC Barcelona and Racing Santander in Barcelona, Spain, on Sept. 16, 2026. (Photo by Joan Gosa/Xinhua)