
မနီလာ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ကိုတာဘာတိုပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် စက်တင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့သော ကျောင်းတွင်းသေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံး၍ အခြားသူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုတာဘာတိုပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး Reynaldo Tamayo ၏ ပြောကြားချက်ကို ကိုးကား၍ ဖိလစ်ပိုင်မီဒီယာများက ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
ထိုနေ့အစောပိုင်းတွင် ဖိလစ်ပိုင် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်၍ အဆိုပါ သေနတ်ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး၍ ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုခဲ့ပြီး နောက်ပိုင်းတွင် အဆိုပါကြေညာချက်အား ပြန်လည်ရုပ်သိမ်းခဲ့သည်။
သေနတ်ပစ်ခတ်မှုသည် အဆိုပါပြည်နယ် ဘန်ဂါမြို့ရှိ ဘန်ဂါအစိုးရအထက်တန်းကျောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုနေ့ မွန်းလွဲ ၁ နာရီ ၁၈ မိနစ်ခန့်တွင် အဆိုပါအထက်တန်းကျောင်း၌ သေနတ်ပစ်ခတ်သံ ပေါ်ထွက်ခဲ့ကြောင်း၊ အမှုတွင်ပါဝင်သည်ဟု သံသယရှိသူသည် အသက် ၁၆ နှစ်ဖြစ်ပြီး မိမိဘာသာ သေနတ်ပစ်၍ အဆုံးစီရင်သွားပြီဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းမှုအရ သိရသည်။
ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့၍ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ကြောင်း၊ အချို့အဝက်စစ်တမ်းကောက်ယူမှုအရ သေဆုံးဒဏ်ရာရရှိသူ အများစုမှာ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြောင်း ဖိလစ်ပိုင်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။
သံသယရှိသူသည် ၎င်းအိမ်ရှိ မီးခံသေတ္တာအတွင်းမှ သေနတ်ကို ယူသွားခဲ့ကြောင်း၊ ၎င်းက အမှုမကျူးလွန်မီ ၎င်း၏သူငယ်ချင်းများအား “နေ့လယ်စာပြီးရင် ငါ့ရဲ့အစီအစဉ်ကို သွားလုပ်တော့မယ်” ဟု ဆိုခဲ့ကြောင်း၊ လက်ရှိတွင် ၎င်းအမှုကျူးလွန်ရသည့် ရည်ရွယ်ချက်ကို မသိရသေးကြောင်း ဒေသတွင်းအစိုးရအရာရှိက ပြောကြားခဲ့သည်။
ဖိလစ်ပိုင် လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက လူမှုရေးဝန်ထမ်းများသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်၍ စိတ်ပိုင်းဆိုင်ရာ ကူညီပေးမှုများ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ဘန်ဂါမြို့ရှိ ကျောင်းအားလုံးတွင် စာသင်ကြားမှုများ ရပ်နားထားခဲ့ကြောင်း ဖိလစ်ပိုင်မီဒီယာများက သတင်းဖော်ပြကြသည်။
ယင်းသည် ဖိလစ်ပိုင်နိုင်ငံက လတ်တလောကာလအတွင်း ထပ်မံဖြစ်ပွားသည့် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူသေဆုံးသည့်ဖြစ်စဉ်လည်း ဖြစ်သည်။ ယခုနှစ် ဇွန်လနှင့် ဩဂုတ်လတွင် Tacloban မြို့နှင့် Zamboanga မြို့တို့တွင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ လူအများအပြား ထိခိုက်သေဆုံးခဲ့ပြီး လူမှုအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် ဂရုပြုခြင်းခံခဲ့ရသည်။ (Xinhua)

---------------------
(Chinese Version)
菲律宾官员证实校园枪击事件已致3死6伤
新华社马尼拉9月18日电(记者赵晨捷 李萌)菲律宾媒体18日援引菲南哥打巴托省省长塔马约的话报道,该省一所高中当天发生的校园枪击事件已造成至少3人死亡、另有6人受伤。
稍早前,菲律宾社会福利和发展部发表声明称这一枪击事件造成6人死亡、17人受伤,随后又撤回了声明。
枪击事件发生在该省邦阿河镇的邦阿河国立高中。据菲警方初步调查,当天13时18分许,这所高中传出枪击声。涉案嫌疑人16岁,已开枪自尽。 据菲媒体报道,伤者已送往医院,警方已封锁现场并展开调查。据不完全统计,死伤者大多为学生。
当地官员表示,嫌疑人疑似从家里的保险箱里拿走了枪支,作案前曾向其朋友表示“午饭后,我就要执行我的计划了”。目前尚不清楚其具体作案动机。
菲社会福利和发展部表示,社会工作者已进入现场提供心理救援。菲媒体报道说,邦阿河镇所有学校均已停课。
这是菲律宾近期发生的又一起校园枪击致死事件。今年6月和8月,塔克洛班市与三宝颜市先后发生校园枪击事件,造成多人伤亡,引起社会广泛关注。(完)
Photo Caption : Volunteers from the Philippine Red Cross are pictured at the site of a school shooting at a high school in the municipality of Banga, South Cotabato Province, the Philippines, Sept. 18, 2026. (Philippine Red Cross/Handout via Xinhua)








