
ကျွမ့်ချိန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ဟယ်ကျယ်မြို့ ကျွမ့်ချိန်ခရိုင်သည် ပြည်တွင်း၌ အရေးပါသော ဆံပင်ကုန်ကြမ်းပစ္စည်း စုဆောင်းဖြန့်ချိရာနေရာနှင့် ပို့ကုန် ကုန်ချောထုတ်လုပ်ရေး အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ကျွမ့်ချိန်ခရိုင်သည် “အလှပြင်ကဏ္ဍ စီးပွားရေး” ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို ဆုပ်ကိုင်ကာ ဆံပင်ပစ္စည်းလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် အစီအမံများစွာ ထုတ်ပြန်ခဲ့ပြီး ယခုအခါ ကုန်ကြမ်းဝယ်ယူမှု၊ အမျိုးအစားခွဲခြား အချောကိုင်မှု၊ ကုန်ချောထုတ်လုပ်မှု၊ တင်ပို့ရောင်းချမှု၊ ကုန်စည်ထောက်ပံ့ပို့ဆောင်မှုတို့ ပေါင်းစည်းထားသော ကွင်းဆက်ပြည့် စက်မှုစနစ်ကို တည်ဆောက်နိုင်ခဲ့ပြီး “ကုန်ကြမ်းဝယ်ယူမှု - ကုန်ချောပြုပြင်ထုတ်လုပ်မှု - တင်ပို့ကုန်သွယ်မှု” ပေါင်းစည်းထားသော စက်မှုဂေဟစနစ်ကို ဖွဲ့စည်းထားသည်။
ကျွမ့်ချိန် ဆံပင်ပစ္စည်းများကို မြောက်အမေရိက၊ ဥရောပ၊ အာဖရိကစသည့် နိုင်ငံနှင့် ဒေသအများအပြားသို့ တင်ပို့ရောင်းချနေပြီး ယင်းတို့အနက် ဆံပင်ဆက်ပစ္စည်း အမျိုးအစားသည် ကမ္ဘာ့စျေးကွက်တွင် ၇၀ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံတွင်း စျေးကွက်တွင် ၉၀ ရာခိုင်နှုန်း နေရာယူထားသည်။ ဆံပင်ပစ္စည်းလုပ်ငန်းသည် ဒေသတွင်း စက်မှုလုပ်ငန်း ထွန်းကားစေပြီး ပြည်သူများ ကြွယ်ဝချမ်းသာစေသည့် ထူးခြားသော ဦးဆောင်လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ (Xinhua)
………………
(Chinese Version)
山东鄄城:发制品产业助推县域经济发展
新华社照片,鄄城(山东),2026年9月18日
山东省菏泽市鄄城县是国内重要的发制品原材料集散地与出口产品加工基地。
近年来,鄄城县抢抓“颜值经济”发展机遇,出台多项举措助力发制品产业高质量发展,现已构建起集原料采购、分拣加工、成品制造、出口销售、物流配送于一体的全链条产业体系,形成“原料采购-成品加工-出口贸易”一体化产业生态。
鄄城发制品远销北美、欧洲、非洲等多个国家和地区,其中接发类产品占据全球70%、全国90%的市场份额。发制品产业已成为当地兴产富民的特色主导产业。
图说1:9月17日,在鄄城县新达发制品有限公司,工作人员为发制品做造型。 新华社记者 郭绪雷 摄
图说2:9月17日,在鄄城常顺发工艺品有限公司,工作人员在加工发制品。新华社记者 陈晔华 摄








