
အက်ကရာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
မော်ရိုကိုနိုင်ငံ တန်ဂျီယာမြို့တွင် မော်ရိုကိုအသင်းနှင့် ဂါနာအမျိုးသားလက်ရွေးစင်အသင်းတို့ အောက်တိုဘာ ၄ ရက်၌ နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ ကစားမည် ဖြစ်ကြောင်း ဂါနာဘောလုံးအဖွဲ့ချုပ် (GFA)က စက်တင်ဘာ ၁၇ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၇ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲနှစ်ပွဲကစားရမည့် စက်တင်ဘာနှင့် အောက်တိုဘာ နိုင်ငံတကာဘောလုံးပွဲကာလအတွင်း သက်ဆိုင်ရာအသင်းလူစာရင်းများကို အကဲဖြတ်နိုင်ရန် ဂါနာနှင့် မော်ရိုကိုနှစ်သင်းစလုံးက အဆိုပါ ခြေစမ်းပွဲကို ကစားခြင်းဖြစ်ကြောင်း GFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂါနာလက်ရွေးစင်အသင်းမှာ စက်တင်ဘာ ၂၄ ရက်တွင် အိုင်ဗရီကို့စ်အသင်းကို အဝေးကွင်း၌ အာဖရိကနိုင်ငံများဖလား ခြေစစ်ပွဲကစားရမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
........................
(English version)
Ghana to play against Morocco in international friendly
ACCRA, Sept. 17 (Xinhua)
Ghana's senior men's national football team, the Black Stars, will face Morocco in an international friendly in Tangier on Oct. 4, the Ghana Football Association (GFA) announced on Thursday.
Both teams will use the match to assess their squads during the September-October international window, which includes two qualifiers for the 2027 Africa Cup of Nations, the GFA said.
Ghana will begin its AFCON qualifying campaign away to Cote d'Ivoire on Sept. 24. ■
Photo captioion: Players of Ghana pose for group photos before the group L match between Ghana and Panama at the 2026 FIFA World Cup at Toronto Stadium in Toronto, Canada, on June 17, 2026. (Photo by Zou Zheng/Xinhua)








