
ဆိုးလ်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားသည် အီရန်စစ်ပွဲတွင် ပါဝင်မည် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် တပ်ဖွဲ့များ စေလွှတ်မည်မဟုတ်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က စက်တင်ဘာ ၁၈ ရက်တွင် ဟော်မုဇ်ရေလက်ကြားသို့ စစ်အင်အား ဖြန့်ကြက်ရေးကိစ္စရပ်နှင့်ပတ်သက်၍ ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
လီဂျေမြောင်သည် ထိုနေ့တွင် သမ္မတရုံး အိမ်ပြာတော်၌ သတင်းစာရှင်းလင်းပွဲ ကျင်းပရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ လီဂျေမြောင်က တောင်ကိုရီးယားအနေဖြင့် မည်သည့်ပုံစံဖြင့်မဆို တပ်ဖွဲ့များ စေလွှတ်ခြင်း သို့မဟုတ် စစ်ရေးပစ္စည်းကိရိယာများ ပို့ဆောင်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း၊ ဤသည်မှာ တောင်ကိုရီးယား၏ အမြဲတစေ လိုက်နာသော အခြေခံမူဖြစ်ပြီး နောင်တွင်လည်း ဤအခြေခံမူကို ပြောင်းလဲမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် လီဂျေမြောင်က အခြားနိုင်ငံများကဲ့သို့ပင် တောင်ကိုရီးယားသည် မိမိနိုင်ငံ၏ ကုန်သွယ်ရေးသင်္ဘောများ၊ ရေနံစိမ်းတင်ပို့ရေး လမ်းကြောင်းများနှင့် နိုင်ငံသားများ၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် အနည်းဆုံးလိုအပ်သော လှုပ်ရှားမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိရန်လိုသည်ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် Cheonghae တပ်ဖွဲ့သည် ထိုဒေသ၌ တပ်စွဲထားပြီးဖြစ်ပြီး စစ်တပ်သည် ပင်လယ်ဓားပြ စသည့် သင်္ဘောသယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံသားများ၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်ကိုရီးယားသည် ဤဒေသ၌ တပ်ဖြန့်ကြက်မှုကို အသင့်အတင့် အားကောင်းစေရန် အမှန်တကယ် လေ့လာသုံးသပ်၍ ထည့်သွင်းစဉ်းစားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တောင်ကိုရီးယား မီဒီယာအများအပြားက စက်တင်ဘာ ၄ ရက်တွင် တောင်ကိုရီးယားစစ်တပ်သည် ဟော်မုဇ်ရေလက်ကြားသို့ တပ်ဖွဲ့များ စေလွှတ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သတင်းဖော်ပြခဲ့သည်။ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဂါအီက အခြားနိုင်ငံများအနေဖြင့် ဟော်မုဇ်ရေလက်ကြားတွင် စစ်ရေးအရ စွက်ဖက်ခြင်းမပြုရန်နှင့် အမေရိကန်၏ ကျူးကျော်မှုလုပ်ရပ်များတွင် “ကြံရာပါ” မဖြစ်စေရန် စက်တင်ဘာ ၇ ရက်တွင် ဆိုရှယ်မီဒီယာ၌ ပို့စ်ရေးသား၍ သတိပေးခဲ့သည်။ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho Hyeon က စက်တင်ဘာ ၁၁ ရက်တွင် အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီနှင့် တယ်လီဖုန်းပြောဆိုစဉ် တောင်ကိုရီးယားသည် ဟော်မုဇ်ရေလက်ကြားသို့ စစ်အင်အား ဖြန့်ကြက်မည်၊ မဖြန့်ကြက်မည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
李在明说韩国不会向霍尔木兹海峡部署军事力量
新华社首尔9月18日电(记者陈怡 孙一然)韩国总统李在明18日就向霍尔木兹海峡部署军事力量的问题表态说,韩国不会派兵参与或介入伊朗战事。
李在明当天在总统府青瓦台召开记者会时作出上述表态。李在明说,韩国不会以任何形式派兵或者投送军事资产,这是韩国一直坚守的原则,今后也不会改变这一原则。
李在明同时表示,需明确的是,同其他国家一样,韩国也会为保护本国商船、原油运输通道和国民的安全采取最低限度的行动。目前,清海部队已经派驻当地,军方正在应对包括海盗等在内对船舶运输以及国民安全构成的威胁。韩国确实在研究和考虑适度加强这方面的部署。
韩国多家媒体4日报道,韩国军方正在推进向霍尔木兹海峡派兵。伊朗外交部发言人巴加埃7日在社交媒体发文,警告其他国家不要军事介入霍尔木兹海峡,成为美国侵略行径的“帮凶”。韩国外交部长官赵显11日同伊朗外交部长阿拉格齐通电话时说,韩国尚未决定是否向霍尔木兹海峡部署军事力量。(完)
图说:8月15日,在韩国首尔世宗文化会馆,韩国总统李在明发表致辞。新华社/纽西斯通讯社








