
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အမေရိကန် ဘီလျံနာများက သူ့ထက်ငါအပြိုင် ငွေကြေးထည့်ဝင်ပြီး ရွေးကောက်ယှဉ်ပြိုင်မှုအတွက် အားဖြည့်ပေးနေကြောင်း၊ လက်ရှိတွင် “ငွေကြေးထည့်ဝင်မှုစာရင်း” ၌ ထိပ်တန်း လူပုဂ္ဂိုလ် ၂၀ တွင်ပါဝင်သည့် ငွေကြေးပံ့ပိုးသူ အများစုသည် ရီပက်ဘလစ်ကန်ပါတီကို ထောက်ခံအားပေးပြီး တစ်ဦးသာလျှင် ဒီမိုကရက်တစ်ပါတီကို ထောက်ခံအားပေးကြောင်း ဗြိတိန် The Financial Times ၏ စက်တင်ဘာ ၁၆ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ယခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတိုက်ပွဲတွင် ငွေကြေးနိုင်ငံရေးများနှင့် ပြည့်နှက်နေဆဲဖြစ်ကြောင်း၊ သို့သော် ပြင်ပလောက မျှော်မှန်းချက်နှင့် အနည်းငယ်မတူညီသည်မှာ ရီပက်ဘလစ်ကန်ပါတီ၏ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှုတွင် ထောက်ခံမှုနှုန်းသည် ဒီမိုကရက်တစ်ပါတီကို မမီသော်လည်း အမေရိကန် စူပါဘီလျံနာအများစု၏ ထောက်ခံအားပေးမှုကို ရရှိထားကြောင်း သတင်းတွင် ထောက်ပြထားသည်။
ငွေကြေးထည့်ဝင်မှုအများဆုံး ထိပ်တန်းလူပုဂ္ဂိုလ် ၂၀ တွင် ပါဝင်သည့် ငွေကြေးပံ့ပိုးသူများ၏ ငွေကြေးထည့်ဝင်မှုပမာဏသည် ကန်ဒေါ်လာ ၁.၀၅၈ ဘီလီယံကျော်ရှိပြီး ယခုအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ကာလအတွင်း လှူဒါန်းမှု စုစုပေါင်းပမာဏမှာ ကန်ဒေါ်လာ ၂.၈ ဘီလီယံဖြစ်ကြောင်း သိရသည်။
၎င်းအနက် ရင်းနှီးထည့်ဝင်သူ ဂျော့ချ် ဆိုးရော့စ်သည် လှူဒါန်းငွေ ကန်ဒေါ်လာ ၁၀၂ သန်းဖြင့် ပထမနေရာ၌ ရပ်တည်နေသလို လက်ရှိတွင် ဒီမိုကရက်တစ်ပါတီအား ထောက်ခံအားပေးသည့် တစ်ဦးတည်းသော ဘီလျံနာလည်း ဖြစ်ပေသည်။
Andreessen Horowitz ကုမ္ပဏီအား တာဝန်ယူဦးဆောင်သော စီလီကွန်တောင်ကြား စွန့်ဦးတီထွင် ရင်းနှီးမြှုပ်နှံသူ Marc Andreessen နှင့် Ben Horowitz ၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအရောင်းအဝယ် ထိပ်တန်းကုမ္ပဏီ Susquehanna International Group (SIG) ၏ ပူးတွဲတည်ထောင်သူ Jeff Yass နှင့် ကမ္ဘာ့ထိပ်တန်း ဘီလျံနာ အီလွန်မက်စ် တို့ကမူ ကန်ဒေါ်လာ ၉၆.၂ သန်း၊ ကန်ဒေါ်လာ ၉၁.၃ သန်းနှင့် ကန်ဒေါ်လာ ၉၀.၅ သန်း လှူဒါန်းငွေ အသီးသီးတို့ဖြင့် ဂျော့ချ် ဆိုးရော့စ်၏ နောက်မှ ထပ်ကြပ်မကွာ လိုက်နေသည်။
ငွေကြေးပံ့ပိုးသူများသည် တိုက်ရိုက်လှူဒါန်းငွေပေးခြင်း၊ စူပါနိုင်ငံရေးလှုပ်ရှားမှု ကော်မတီ (PAC) မှတစ်ဆင့် ပေးခြင်း စသည့် နည်းလမ်းများဖြင့် ရွေးကောက်ယှဉ်ပြိုင်မှုကို ပံ့ပိုးပေးကြသည်။ ရီပတ်ဘလစ်ကန်ပါတီအဖွဲ့၏ “Make America Great Again (MAGA)” ကော်မတီက ယှဉ်ပြိုင်မှုအရင်းအနှီးငွေ ကန်ဒေါ်လာ သန်း ၄၀၀ ခန့်ကို ပိုင်ဆိုင်ထားပြီး ကန်ဒေါ်လာ ၁၀.၈ သန်း အသုံးပြုထားပြီးဖြစ်သည်ဟု ဆိုခဲ့သည်။
စက်တင်ဘာ ၁ ရက်တွင် အသစ်ဖွဲ့စည်းခဲ့သည့် “No Going Back” နိုင်ငံရေးလှုပ်ရှားမှု ကော်မတီက ယှဉ်ပြိုင်မှု အခမ်းအနားပေါင်း ၂၀ ကျော်၏ ကြော်ငြာမှုအတွက် ကန်ဒေါ်လာ ၈၉ သန်းကျော် အသုံးပြုထားပြီးဖြစ်သည်။ အဆိုပါကော်မတီနှင့် “Make America Great Again (MAGA)” ကော်မတီက ယှဉ်ပြိုင်မှုအရင်းအနှီးကို အတူတကွ အသုံးပြုကြောင်း သိရသည်။
အမေရိကန်တွင် သမားရိုးကျ နိုင်ငံရေးလှုပ်ရှားမှုကော်မတီ၏ အဓိကတာဝန်မှာ ရွေးကောက်ယှဉ်ပြိုင်မှု အရင်းအနှီးငွေကို စုစည်း၍ ခွဲဝေပေးခြင်းဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ် တစ်ဦးချင်းစီအပေါ် အများဆုံး လှူဒါန်းငွေပမာဏကို တင်းကျပ်စွာ ကန့်သတ်ထားသည်။ ၎င်းနှင့်ဆန့်ကျင်ဘက်အနေဖြင့် စူပါနိုင်ငံရေးလှုပ်ရှားမှု ကော်မတီ (PAC) ကမူ လွတ်လပ်သော နိုင်ငံရေးအသုံးစရိတ်အတွက် အရင်းအနှီးငွေ ပမာဏ အကန့်အသတ်မဲ့ စုစည်းနိုင်သည်။
ကိုလံဘီယာတက္ကသိုလ် ဥပဒေအထူးပြုဘာသာရပ် ပါမောက္ခ Richard Briffault က ငွေကြေးပံ့ပိုးသူများသည် ငွေကြေးအမြောက်အမြားထည့်ဝင်မှုသည် ထရမ့်အစိုးရက ဉာဏ်ရည်တု (AI) နှင့် ဒစ်ဂျစ်တယ်ငွေကြေး စသည်တို့အတွက် အရေးကြီးဆုံးဖြတ်ချက် ချမှတ်ရမည့် အခိုက်အတန့်နှင့် တိုက်ဆိုင်လျက်ရှိကြောင်း ထောက်ပြခဲ့သည်။
ခရစ်တိုငွေကြေးလုပ်ငန်းမှ ငွေကြေးပံ့ပိုးသူများသည် ကြားဖြတ်ရွေးကောက်ပွဲအတွက် ငွေကြေးထည့်ဝင်မှု များပြားလှသည်။ သက်ဆိုင်ရာ စူပါနိုင်ငံရေးလှုပ်ရှားမှု ကော်မတီ (PAC) သည် လှူဒါန်းငွေ ကန်ဒေါ်လာ ၉၉ သန်းကျော် စုဆောင်းထားပြီးဖြစ်ရာ ၎င်းအနက် တစ်ဝက်နီးပါးသည် “ဘစ်ကွိုင်စခန်း” ကုမ္ပဏီ စသည့် လုပ်ငန်းကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများမှ ရရှိခြင်းဖြစ်သည်။ သတိပြုထိုက်သည်မှာ အဆိုပါကော်မတီသည် တစ်ချိန်တည်းတွင် ရီပက်ဘလစ်ကန်၊ ဒီမိုကရက်တစ် ပါတီနှစ်ရပ်မှ ကိုယ်စားလှယ်လောင်းများကို လောင်းကြေးထပ်ထားသည်။
ကြားဖြတ်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နောက်ထပ်သိသာထင်ရှားသော အခြေအနေတစ်ရပ်မှာ ငွေကြေးပံ့ပိုးသူ အများအပြားက ပါတီနှစ်ရပ်၏ ပါတီအတွင်းပိုင်း ကနဦးရွေးချယ်သည့်ကာလကပင် အရင်းအနှီး ကူညီပေးခဲ့ခြင်းပင်ဖြစ်သည်။
အမေရိကန်ရွေးကောက်ပွဲ၌ ဘီလျံနာများ လှူဒါန်းငွေပေးမှု အခြေအနေအား ကာလကြာရှည်စွာ ခြေရာခံခဲ့သော စတန်းဖော့ဒ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပညာရှင် Adam Bonica က ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် ပါတီနှစ်ရပ်၏ တရားဝင် ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်ချိန်ရောက်မှ ငွေကြေးထည့်ဝင်ခြင်းထက် ပိုမိုထိရောက်မှုရှိသည်ဟု ငွေကြေးပံ့ပိုးသူများက ယူဆကြကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။
ရွေးကောက်ပွဲ အသုံးစရိတ်အား ခြေရာခံသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း Insights at OpenSecrets သုတေသန အကြီးအကဲ Brendan Glavin က “ကျွန်တော်တို့မှာ အထူးချမ်းသာသော ဘီလျံနာတွေကို မျက်နှာမူပြီး အားကိုးတဲ့ စနစ်တစ်ခု ရှိပါတယ်” ၊ ဘီလျံနာများသည် “၎င်းစနစ်အတွင်းသို့ ကန်ဒေါ်လာသန်းရာနဲ့ချီထည့်ဝင်ပြီး ကြီးမားတဲ့ သက်ရောက်မှုတွေ အမှန်တကယ်ဖြစ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
金钱政治具象化 美国富豪竞相为中期选举砸钱
新华社北京9月17日电 据英国《金融时报》16日报道,随着美国国会中期选举临近,美国富翁正竞相砸钱资助竞选。目前,在“砸钱榜单”排名前20的金主中,多数支持共和党,仅1人支持民主党。
报道指出,今年中期选举选战仍充斥金钱政治,但与外界预期稍有不同的是,共和党尽管民调支持率不及民主党,却获得多数美国超级富豪的支持。
排名前20的金主总计砸钱超过10.58亿美元,而本选举周期的捐款总额为28亿美元。其中,投资人乔治·索罗斯以1.02亿美元的捐款排名第一,也是目前唯一仅支持民主党的富豪;执掌安德烈森-霍罗威茨公司的硅谷风险投资人马克·安德烈森和本·霍罗威茨、全球金融交易巨头海纳国际集团联合创始人杰夫·亚斯和世界首富埃隆·马斯克分别以9620万美元、9130万美元和9050万美元的捐款紧随其后。
据报道,金主经由直接捐款、通过超级政治行动委员会等渠道资助竞选。共和党阵营“让美国再次伟大”委员会自称掌握约4亿美元竞选资金,已花掉1080万美元。9月1日新成立的“不能回头”政治行动委员会已为20余场竞选活动花费逾8900万美元投放广告。该委员会与“让美国再次伟大”委员会共同使用竞选资金。
在美国,传统的政治行动委员会核心职能是筹集并分配竞选资金,对单一候选人的捐款有严格上限。与之相对,超级政治行动委员会可无限额筹集资金用于独立政治支出。
哥伦比亚大学法学教授理查德·布里福指出,金主们纷纷豪掷千金,适逢特朗普政府需就人工智能和数字货币等作出关键决策之际。加密货币行业的金主为中期选举砸钱颇多,相关超级政治行动委员会已募集超过9900万美元捐款,其中近半数来自“比特币基地”公司等企业和投资人。值得注意的是,该委员会同时押注共和、民主两党候选人。
有关中期选举的另一突出现象是,多名金主在两党党内初选阶段便出手资助。长期跟踪美国竞选富豪捐款情况的斯坦福大学政治学者亚当·博尼卡指出,金主们认为这样做比在两党正式候选人对决时再出手更有效。
追踪竞选支出的非营利组织“公开秘密”的研究主管布伦丹·格拉文说:“我们有一个面向并依赖超级富有大金主的系统。”富豪们“向其中投入数亿美元,确实产生了巨大影响”。(海洋)
图说:这是8月28日在美国首都华盛顿拍摄的国会大厦。新华社记者李睿摄








