
ပေကျင်း၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အင်ဒိုနီးရှား အမျိုးသားစီးပွားရေးကောင်စီ ဥက္ကဋ္ဌ Luhut Binsar Pandjaitan တို့သည် စက်တင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက သမ္မတ ပရာဘိုဝို ဆူဘီယန်တိုထံ သမ္မတ ရှီကျင့်ဖိန်၏ ရင်းရင်းနှီးနှီး နှုတ်ခွန်းဆက်မှုကို တစ်ဆင့်ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုတွင် တရုတ်-အင်ဒိုနီးရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးမှာ စဉ်ဆက်မပြတ် နက်ရှိုင်းစွာ တိုးတက်လာလျက်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနှင့်အတူ ကမ္ဘာ့တောင်ဘက်ခြမ်း ပူးတွဲ၍ မိမိကိုယ်တိုင် အင်အားတောင့်တင်းမှုကို လက်တွဲတွန်းအားပေး ဖော်ဆောင်လိုကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချိတ်ဆက်မှုကို မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်မှု အသွင်ကူးပြောင်း အဆင့်မြှင့်တင်မှုအား တွန်းအားပေးရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားက ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှု စွမ်းရည်မြှင့်တင်ကာ ခေတ်မီအသွင်ပြောင်းမှု လုပ်ငန်းစဉ်အား အရှိန်မြှင့်ခြင်းအတွက် ကူညီပေးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Luhut Binsar Pandjaitan က သမ္မတ ရှီကျင့်ဖိန်အပေါ် သမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ စိတ်ရင်းစေတနာမှန်ဖြင့် နှုတ်ခွန်းဆက်သမှုကို တစ်ဆင့်ပြောကြားခဲ့ပြီး အင်ဒိုနီးရှားအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို များစွာအလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကြိုးပမ်း၍ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုများပြားသော လက်တွေ့ပူးပေါင်းဆောင်ရွက်မှုရလဒ်များအဖြစ် လက်တွေ့ကျကျ ပြောင်းလဲသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
王毅会见印度尼西亚国家经济委员会主席卢胡特
新华社北京9月17日电 中共中央政治局委员、外交部长王毅17日在北京会见印度尼西亚国家经济委员会主席卢胡特。
王毅转达习近平主席对普拉博沃总统的亲切问候,表示在两国元首战略引领下,中印尼全面战略伙伴关系持续深入发展。中国愿同印尼携手推进全球南方联合自强。两国要加强发展战略对接,推动合作转型升级。中国愿帮助印尼提高自主发展能力,加快现代化进程。
卢胡特转达普拉博沃总统对习近平主席的诚挚问候,表示印尼高度重视对华关系,愿同中方一道努力,将两国全面战略伙伴关系切实转化为更多务实合作成果。(完)
图说:9月17日,中共中央政治局委员、外交部长王毅在北京会见印度尼西亚国家经济委员会主席卢胡特。 新华社记者 李涛 摄








