
ဖူအယ် (ယူနန်)၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)
ဆောင်းဦးရာသီတွင် ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ရှိ ကျင်မိုင့်တောင်၏ ရှေးဟောင်းလက်ဖက်တောသည် စိမ်းလန်းစိုပြည်လျက်ရှိပြီး လက်ဖက်ယဉ်ကျေးမှုကို လေ့လာရန်နှင့် အမှတ်တရဓာတ်ပုံရိုက်ကူးရန် နေရာအနှံ့မှ ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိသည်။ ဒေသန္တရအစိုးရနှင့် ရွာသားများသည် “တောင်တန်းနှင့်သစ်တော အတူယှဉ်တွဲတည်ရှိ၍ သစ်တောများမှ လက်ဖက်ရှင်သန်ပေါက်ဖွားကာ လက်ဖက်ခင်းများက ရွာကိုဝန်းရံထားသည်” ဟူသော ရှုခင်းပုံစံကို အတူတကွ ကာကွယ်စောင့်ရှောက်ကာ “လက်ဖက်ဖြင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်း၊ ခရီးသွားလုပ်ငန်းဖြင့် လက်ဖက်လုပ်ငန်းကို အားပေးခြင်း၊ လက်ဖက်နှင့် ခရီးသွားလုပ်ငန်း အပြန်အလှန်ပေါင်းစည်းခြင်း” ဟူသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို စူးစမ်းရှာဖွေလျက်ရှိပြီး ရွာသားများ၏ လူနေမှုဘဝကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်တွင် “ဖူအယ်မြို့ ကျင်မိုင့်တောင် ရှေးဟောင်းလက်ဖက်တော ယဉ်ကျေးမှုရှုခင်း” ကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ပြီး ကမ္ဘာ့ပထမဆုံး လက်ဖက်အကြောင်းအရာဖြင့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်လာခဲ့သည်။ (Xinhua)
..............................
(Chinese Version)
云南景迈山:游客寻茶香 古寨续新篇
新华社照片,普洱(云南),2026年9月17日
金秋时节,世界遗产地云南普洱景迈山古茶林叠翠,各地游客纷至沓来寻茶打卡。当地政府与村民共同保护“山共林、林生茶、茶绕村”的景观格局,探索“以茶促旅、以旅带茶、茶旅互融”的发展路径,让村民生活持续改善。
2023年9月17日,“普洱景迈山古茶林文化景观”列入《世界遗产名录》,成为全球首个茶主题世界文化遗产。
图说1:这是9月16日拍摄的景迈山翁基古寨(无人机照片)。新华社记者 陈欣波 摄
图说2:9月16日,布朗族茶人叁文在景迈山翁基古寨给茶叶杀青。新华社记者 陈欣波 摄








