
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ပါကစ္စတန်ဘက်က စက်တင်ဘာ ၁၆ ရက်တွင် ပါကစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယအဆင့်မြင့်ကော်မရှင်နာ ယာယီတာဝန်ခံကို ဆင့်ခေါ်ခဲ့ပြီး စက်တင်ဘာ ၁၅ ရက်က အိန္ဒိယရေတပ်၏ စစ်သင်္ဘောတစ်စင်းသည် ပါကစ္စတန် သီးသန့်စီးပွားရေးဇုန်အတွင်း၌ “အလွန်အမင်း ရန်လိုပြီး လက်ခံနိုင်ဖွယ်မရှိသော အပြုအမူ” ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက်၍ အိန္ဒိယဘက်သို့ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းညနေပိုင်းတွင် ကြေညာချက်တစ်စောင် ထုတ်ပြန်၍ ပြောကြားခဲ့သည်။
ကြေညာချက်တွင် ပါကစ္စတန်ရေတပ်သည် ၂ နှစ် တစ်ကြိမ် ပြုလုပ်လေ့ရှိသော ပုံမှန်လေ့ကျင့်မှု ဆောင်ရွက်နေစဉ်အတွင်း အိန္ဒိယစစ်သင်္ဘောသည် ပါကစ္စတန်စစ်သင်္ဘောအနီးသို့ အလွန်နီးကပ်စွာ ချဉ်းကပ်ကာ ရန်လိုသည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာ စစ်သင်္ဘောနှစ်စင်း ထိမိခဲ့သည်ဟု ဖော်ပြထားသည်။ ဤအပြုအမူသည် နှစ်ဖက်လက်မှတ်ရေးထိုးထားသော သက်ဆိုင်ရာ သဘောတူညီချက်များ၏ ပြဋ္ဌာန်းချက်များကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး ဒေသတွင်း တင်းမာမှုများကို ပိုမိုဆိုးရွားစေနိုင်သည်ဟု ဆိုသည်။
ပါကစ္စတန်ဘက်က အိန္ဒိယအနေဖြင့် နိုင်ငံတကာဥပဒေနှင့် နှစ်ဖက်သဘောတူညီချက်များ၊ အထူးသဖြင့် ပင်လယ်ပြင်ပဋိပက္ခဖြစ်ပွားမှုကို တားဆီးရန် ရည်ရွယ်သည့် သဘောတူညီချက်များကို တင်းတင်းကျပ်ကျပ် လိုက်နာရန် ကြေညာချက်တွင် တိုက်တွန်းခဲ့သည်။ အိန္ဒိယနိုင်ငံဆိုင်ရာ ပါကစ္စတန် အဆင့်မြင့်ကော်မရှင်နာ ယာယီတာဝန်ခံသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနထံ အလားတူ ကန့်ကွက်ချက်ကို ပြောကြားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
..............................
(Chinese Version)
巴基斯坦就印巴军舰碰撞事件召见印临时代办
新华社伊斯兰堡9月17日电(记者杨恺)巴基斯坦外交部16日晚发表声明说,巴方当天召见印度驻巴基斯坦高级专员公署临时代办,就15日印度海军一艘舰艇在巴专属经济区内采取的“极具挑衅性且不可接受的行为”向印方提出强烈抗议。
声明说,在巴基斯坦海军进行两年一度的例行演习期间,印度军舰在极近距离内对巴军舰采取挑衅性动作,导致两舰发生接触。这一行为严重违反双方签署的有关协议条款,并可能加剧地区紧张局势。
声明表示,巴方敦促印方严格遵守国际法和双边协议,尤其是旨在防止海上冲突的相关协议。巴基斯坦驻印度高级专员公署临时代办将向印度外交部提出相同抗议。(完)
图说:这是2026年5月22日在巴基斯坦首都伊斯兰堡拍摄的巴基斯坦总统府。新华社发(艾哈迈德·卡迈勒摄)








