
ဝါရှင်တန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုသည် စက်တင်ဘာ ၁၅ ရက် မူဝါဒအသစ်တရပ် ထုတ်ပြန်ကြေညာပြီး “လူမျိုးရေးခွဲခြားသည်” ဟု စွဲဆိုခံရသော တောင်အာဖရိက အစိုးရအရာရှိများအား ဗီဇာခွင့်ပြုမှုကို ကန့်သတ်ခဲ့သည်။
မာကို ရူဘီယိုက တောင်အာဖရိကအစိုးရအနေဖြင့် Afrikaners လူမျိုးများနှင့် အခြားလူနည်းစု မျိုးနွယ်အုပ်စုအပေါ် ဦးတည်သည့် “လူမျိုးရေးရည်ရွယ်ချက်ဖြင့် ပြစ်မှုကျူးလွန်မှုများနှင့် အစိုးရက ထောက်ခံအားပေးသည့် ခွဲခြားဆက်ဆံမှု” ကို အပြည့်အဝ ဖြေရှင်းနိုင်ခြင်း မရှိကြောင်း၊ ထို့ကြောင့် အမေရိကန်သည် တောင်အာဖရိကသက်ဆိုင်ရာ မူဝါဒတွင် ပါဝင်သော နိုင်ငံခြားသားများအပေါ် ဗီဇာကန့်သတ်ချက် လုပ်ဆောင်နေကြောင်း၊ အဆိုပါမူဝါဒများတွင် “လူမျိုးရေးကို အခြေခံသော ခွဲခြားဆက်ဆံမှုအသွင် ဥပဒေပြုမှု ၊ လျော်ကြေးမရှိဘဲ မြေယာသိမ်းဆည်းရန် ခြိမ်းခြောက်မှုနှင့် ဆောင်ပုဒ်နှင့် စာတန်းများဖြင့် လူမျိုးရေးအကြမ်းဖက်မှုအား လှုံ့ဆော်မှု” တို့နှင့် ပတ်သက်နေကြောင်း ကြေညာချက်တစ်ခုတွင် ဆိုထားသည်။
Afrikaners လူမျိုးသည် တောင်အာဖရိက၏ လူနည်းစု လူဖြူလူမျိုးဖြစ်ပြီး အဓိကအားဖြင့် ဥရောပတိုက်မှ ရွှေ့ပြောင်းနေထိုင်သူများ၏ မျိုးဆက်များဖြစ်သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်အစိုးရက တောင်အာဖရိကရှိ လူဖြူလူမျိုးများသည် “လူမျိုးရေးခွဲခြားမှု” ခံရသည် ဟူသော အကြောင်းပြချက်ဖြင့် တောင်အာဖရိကအပေါ် ဖိနှိပ်မှုများစွာ လုပ်ဆောင်ခဲ့ပြီး တောင်အာဖရိက လူဖြူ “ဒုက္ခသည်” များအား လက်ခံသည့် အစီအစဉ်ကို တွန်းအားပေး ဖော်ဆောင်ခဲ့သည်။ တောင်အာဖရိကအစိုးရက သက်ဆိုင်ရာစွဲဆိုမှုများကို ငြင်းပယ်ခဲ့ပြီး ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။
အမေရိကန် CNN သတင်းဌာန၏ သတင်းဖော်ပြချက်အရ ယခုနှစ် ဇွန်လလကုန်အထိ အမေရိကန်သည် Afrikaners လူမျိုးပေါင်း ၇,၇၀၀ ကျော်အား လက်ခံထားပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
美国以涉嫌对白人“种族歧视”为由限制南非官员签证
新华社华盛顿9月15日电(记者熊茂伶 杨伶)美国国务卿鲁比奥15日宣布一项新政策,限制向被指控“种族歧视”的南非官员发放签证。
鲁比奥在一份声明中称,南非政府未能充分解决针对阿非利卡人和其他少数族裔群体的“出于种族动机的犯罪和政府支持的歧视”。因此,美国正在对参与南非相关政策的外国公民实施签证限制,这些政策涉及“基于种族的歧视性立法、无偿征收土地的威胁,以及通过口号和标语煽动种族暴力”。
阿非利卡人是南非少数白人族裔,主要是欧洲移民的后代。2025年2月,美国政府以南非白人族群遭受“种族歧视”为由对南非实施多重打压,并推动面向南非白人“难民”的接收计划。南非政府对相关指控予以否认并表示强烈反对。
据美国有线电视新闻网报道,截至今年6月底,美国已接收超过7700名阿非利卡人。(完)
图说:5月5日,美国国务卿鲁比奥在华盛顿白宫出席记者会。新华社发(李源清摄)








