
ဟားအယ်ပင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် တရုတ်နိုင်ငံက ရုရှားနိုင်ငံသား သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့် မူဝါဒ စမ်းသပ်အကောင်အထည်ဖော်ချိန်မှစ၍ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်သွားလာမှု ပမာဏသည် တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းနှင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးတို့မှာ ပိုမိုသွက်လက်လာခဲ့သည်။
တရုတ်နိုင်ငံ ဟေးလုံကျန်း နယ်စပ်စစ်ဆေးရေးဌာနချုပ်၏ စာရင်းဇယားများအရ မူဝါဒ အကောင်အထည်ဖော်သည့် တစ်နှစ်အတွင်း ပြည်နယ်တစ်ဝန်းရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ဝင်ပြည်ထွက်သူ အကြိမ်ရေ စုစုပေါင်း ၃.၃၈၈ သန်းကို စစ်ဆေးဆောင်ရွက်ပေးခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၉.၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ၎င်းတို့အနက် ရုရှားနိုင်ငံသား ပြည်ဝင်ခရီးသည် အကြိမ်ရေ ၆၁၇,၀၀၀ ခန့်ရှိပြီး ယခင်နှစ်ကာလတူထက် ၇၆.၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………
(Chinese Version)
对俄免签一周年 黑龙江口岸出入境旅客大幅增长
新华社照片,哈尔滨,2026年9月15日
自2025年9月15日中国对俄罗斯持普通护照人员试行免签政策以来,两国人员往来规模稳步增长,跨境旅游、人文交流更加活跃。据黑龙江边检总站统计,政策实施一年来,全省口岸累计查验出入境人员338.8万人次,同比增长29.3%;其中俄籍入境旅客约61.7万人次,同比增长76.9%。
图说1:9月14日,在黑龙江省黑河水运旅检口岸,外籍旅客入境走向联检大厅。 新华社发(赵东来摄)
图说2:9月15日,俄罗斯游客在黑龙江牡丹江火车站准备乘坐动车去绥芬河。新华社发(高福贵摄)








