
ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၁၆ ရက်တွင် ကျီလျင်တက္ကသိုလ် တည်ထောင်ခြင်း နှစ် ၈၀ ပြည့်အတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား၊ ဝန်ထမ်း တစ်ရပ်လုံးနှင့် များပြားလှသော ကျောင်းသားဟောင်းများအား ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က စမှတ်အသစ်၌ ကျီလျင်တက္ကသိုလ်အနေဖြင့် ခေတ်သစ် တရုတ်ဝိသေသ လက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားရှိကာ အနီရောင်ဗီဇအား လက်ဆင့်ကမ်း၍ အထွေထွေအားသာချက်ကို အသုံးပြုရန်၊ နိုင်ငံတော် မဟာဗျူဟာ လိုအပ်ချက်ကို အာရုံစိုက်ပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အခင်းအကျင်းအား အဆက်မပြတ် တိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ကာ သင်ကြားရေး သုတေသန အဆင့်အတန်းကို မြှင့်တင်ရန်၊ အရည်အသွေးမြင့်မားသော လူရည်ချွန်များစွာကို ကြိုးပမ်းပျိုးထောင်ပေး၍ ခေတ်သစ် အရှေ့မြောက်ပိုင်း ဘက်စုံတိုးတက်မှုကို တွန်းအားပေးခြင်း၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုကို တွန်းအားပေးခြင်းအတွက် ပိုမိုကြီးမားသော အကျိုးထမ်းဆောင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကျီလျင်တက္ကသိုလ်ကို ၁၉၄၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်း ၈၀ အတွင်း အဆိုပါတက္ကသိုလ်သည် အစဉ်အလာကောင်းကို မြှင့်တင်ပြီး ပြုပြင်ပြောင်းလဲ ဆန်းသစ်တီထွင်မှုကို ခိုင်မာစွာ လက်ကိုင်ထားကာ နိုင်ငံတော် လုပ်ငန်းနယ်ပယ်အသီးသီးအတွက် လူရည်ချွန်များစွာ ပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
习近平致信祝贺吉林大学建校80周年
新华社北京9月16日电 中共中央总书记、国家主席、中央军委主席习近平16日致信祝贺吉林大学建校80周年,向全体师生员工和广大校友致以祝贺。
习近平在贺信中强调,新起点上,希望吉林大学以新时代中国特色社会主义思想为指导,传承红色基因,发挥综合优势,聚焦国家战略需求,不断优化学科专业布局,提升教学科研水平,努力培养更多高素质人才,为推动新时代东北全面振兴、推进中国式现代化作出更大贡献。(贺信全文另发)
吉林大学始建于1946年。80年来,学校弘扬优良传统,坚持改革创新,为国家各行各业培养输送了大批人才。(完)








