၁၃ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ ပေကျင်း နိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ကျင်းပစဉ်(ဆင်ဟွာ)
၁၃ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ ပေကျင်း နိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ကျင်းပစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ်ကို စက်တင်ဘာ ၁၆ ရက်တွင် ပေကျင်း နိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာ၌ ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းက အဆိုပါဖိုရမ်သို့ တက်ရောက်ကာ အဓိကအမှာစကား ပြောကြားခဲ့သည်။

တုန်ကျွင်းက ယခုနှစ်သည် ပေကျင်းရှန်းဆန်းဖိုရမ် စတင်ကျင်းပသည့် နှစ်၂၀ ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း၊ လက်ရှိ ကမ္ဘာကြီးတွင် ရာစုနှစ်ပြောင်းလဲမှုများ အရှိန်ဟုန်မြင့် ဆင့်ကဲ ဖြစ်ပေါ်လျက်ရှိရာ နိုင်ငံတကာလုံခြုံရေးသည် ထိလွယ်ရှလွယ်သည့် အချိန်ကာလတွင် ရောက်ရှိနေကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အယူအဆနှင့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်တို့သည် သမိုင်းကြောင်းကို ဦးဆောင်ရာတွင် ခေတ်ကာလတန်ဖိုးကို ပိုမိုထင်ရှားစေကြောင်း ပြောကြားခဲ့သည်။

မိမိတို့သည် လုံခြုံရေးအမြင်သစ်ဖြင့် သဘောတူညီမှုများကို စုစည်းခြင်း၊ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးဝါဒဖြင့် တည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ သမိုင်းကို ရှင်းလင်းစွာသိမြင်ခြင်းဖြင့် အန္တရာယ်များကို ကာကွယ်ခြင်း၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာများကို ဖြေရှင်းခြင်း၊ ဘုံဖွံ့ဖြိုးတိုးတက်မှုဖြင့် အခြေခံအုတ်မြစ်များ ခိုင်မာစေခြင်း၊ လက်တွေ့ကျသော ဆောင်ရွက်မှုကို ဦးတည်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းတို့ကို လုပ်ဆောင်ကာ ကမ္ဘာ့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အားလုံးပါဝင်သော လုံခြုံရေးကို အကောင်အထည်ဖော်ရန် တွန်းအားပေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တုန်ကျွင်းက ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုသည် လက်တွေ့ဆောင်ရွက်မှုတွင် အဓိကမူတည်ပြီး အခြေခံအားဖြင့် ဖြစ်ထွန်းမှုရလဒ်များကို ကြည့်ရှုရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်တပ်မတော်သည် နိုင်ငံအသီးသီးရှိ တပ်မတော်များနှင့် ပူးပေါင်းကာ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို အတူတကွ လက်တွေ့ဖော်ဆောင်ရန်၊ လုံခြုံရေးအပြန်အလှန်ယုံကြည်မှုကို ဆက်လက်ခိုင်မာစေရန်၊ ဘုံလုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ ဘုံလုံခြုံရေးထိန်းသိမ်းနိုင်စွမ်းကို မြှင့်တင်ရန်၊ ထွန်းသစ်စနယ်ပယ်များတွင် လုံခြုံရေးစီမံခန့်ခွဲမှုကို အားကောင်းစေရန်၊ အများပြည်သူ လုံခြုံရေးထုတ်ကုန်များ ပံ့ပိုးမှုကို တိုးချဲ့ရန်နှင့် လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပိုမိုကြီးမားသော အကျိုးကို ထမ်းဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်မှာ "တည်ငြိမ်မှုဆိုင်ရာ သဘောတူညီချက်များ စုစည်းခြင်းနှင့် လုံခြုံရေးစီမံခန့်ခွဲမှုကို ပူးပေါင်းမြှင့်တင်ခြင်း" ဖြစ်ပြီး နိုင်ငံနှင့် ဒေသ၊ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်မှ တရားဝင်ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ လေ့လာသူများ အပါအဝင် ဧည့်သည်တော်ပေါင်း ၂,၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ (Xinhua)

၁၃ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ ပေကျင်း နိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ကျင်းပစဉ် (ဆင်ဟွာ)
၁၃ ကြိမ်မြောက် ပေကျင်းရှန်းဆန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ ပေကျင်း နိုင်ငံတကာ ကွန်ဗင်းရှင်းစင်တာ၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၆ ရက်က ကျင်းပစဉ် (ဆင်ဟွာ)

-----------------------------

(Chinese Version)

第十三届北京香山论坛开幕

新华社北京9月16日电(记者梅常伟)第十三届北京香山论坛16日在北京国际会议中心开幕。国防部长董军出席论坛并作主旨发言。   

董军说,今年是北京香山论坛创办20周年。当前,世界百年变局加速演进,国际安全处于脆弱时刻,习近平主席提出的人类命运共同体理念和四大全球倡议,愈发彰显引领历史航向的时代价值。我们应坚持以新安全观凝聚共识,以多边主义维护稳定,以历史清醒防范风险,以对话协商解决问题,以共同发展打牢根基,以行动导向深化合作,推动实现世界持久和平、普遍安全。   

董军表示,全球安全治理关键在于行动、根本要看成效。中国军队愿同各国军队携手努力,共同践行全球安全倡议,持续筑牢安全互信,增强共同安全国际协同,提升共同维护安全能力,强化新兴领域安全治理,加大公共安全产品供给,为构建人类命运共同体作出更大贡献。   

本届论坛主题为“凝聚稳定共识 同促安全治理”,来自100余个国家、地区和国际组织的官方代表、专家学者和观察员等约2000名嘉宾出席。(完)

图说1,2:9月16日,第十三届北京香山论坛在北京国际会议中心开幕。新华社发(韩启扬 摄)